Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင် ဆန္ဒပြမှုတွေ အရှိန်မကုန်သေးတဲ့ ဆူဒန်

ဆူဒန်ရဲ့ အဓိက ဒီမိုကရေစီ အင်အားစုဖြစ်တဲ့ လွတ်လပ်မှုနဲ့ ပြုပြင်ပြောင်းလဲမှု ကြေညာရေး ခုခံအင်အားစုက နိုင်ငံအနှံ့မှာ စစ်အစိုးရ ဆန့်ကျင်ရေး သပိတ်တွေ ဆင်နွှဲကြဖို့လည်း တောင်းဆိုထားပါတယ်။

အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင် ဆန္ဒပြမှုတွေ အရှိန်မကုန်သေးတဲ့ ဆူဒန်
အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင် ဆန္ဒပြမှုတွေ အရှိန်မကုန်သေးတဲ့ ဆူဒန်

အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်ကြောင်း ပြသဖို့အတွက် ဆူဒန်နိုင်ငံမှာ လူပေါင်း ထောင်နဲ့ချီ လမ်းပေါ် ပြန်ထွက်လာကြပြီး စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ဇူလိုင် ၁ ရက်ကစလို့ ခါတွမ် မြို့တော်မှာရှိတဲ့ အယ်လ်ဂျိုဒါ ဆေးရုံရှေ့မှာ ဆန္ဒပြသူတွေ စုဝေးပြီး ထိုင်သပိတ် ပြုလုပ်နေခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ အဲဒီ ထိုင်သပိတ်ဟာ နောက်ထပ် ၂၄ နာရီ ကြာတဲ့ထိ ဆက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဆန္ဒပြသူတွေက စစ်တပ်ရဲ့ အာဏာသိမ်းယူမှုကို ဆက်လက် ဆန့်ကျင်နေဆဲဖြစ်ကြောင်း ပြသခဲ့ပြီး အရပ်သား အစိုးရဆီ အမြန်ဆုံး အာဏာ ပြန်အပ်နှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အယ်လ်ဂျိုဒါ ဆေးရုံဟာ စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဆန္ဒပြသူ အတော်များများကို လက်ခံ ကုသပေးနေတဲ့ နေရာပါ။ အမေရိကန် အပါအဝင် နိုင်ငံတချို့က ဆူဒန် စစ်တပ်ရဲ့ အရပ်သား ပြည်သူတွေအပေါ် ရက်ရက်စက်စက် ပြုမူနေမှုတွေကို ရှုတ်ချထားကြပါတယ်။

အရှေ့အာဖရိက ဒေသတွင်း နိုင်ငံမှာ အောက်တိုဘာ ၂၅ ရက်က စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ပြည်တွင်းရေး မငြိမ်သက်မှုတွေ တောက်လျှောက် ဖြစ်ပေါ်နေပါတယ်။ စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကြောင့် ငြိမ်သက်သွားတဲ့ ဆန္ဒပြပွဲတွေကလည်း အခွင့်အရေး ရတာနဲ့ လူပြန်စုပြီး လမ်းပေါ် ပြန်ရောက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာရှင် အုပ်စိုးမှု အဆုံးသတ်ပြီး စစ်တပ်နဲ့ အရပ်သား အစိုးရတို့ အာဏာခွဲဝေ အုပ်ချုပ်နေရာကနေ စစ်တပ်က အပြည့်အဝ အာဏာသိမ်းလိုက်တဲ့ ဖြစ်စဉ်နောက်ပိုင်း အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ကလေး ၁၈ ဦး အပါအဝင် ဆန္ဒပြပြည်သူ ၁၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အခု သီတင်းပတ် အစောပိုင်းမှာလည်း စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြပွဲ တစ်ခုကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ် ဖြိုခွင်းတာကြောင့် ကလေး ၁ ဦး အပါအဝင် ၉ ဦး သေဆုံးပြီး လူပေါင်း ၅၀၀ ကျော်လောက် ဒဏ်ရာ ရခဲ့ကြောင်း အာဏာဖီဆန်ရေး လှုပ်ရှားနေတဲ့ CDM ဆရာဝန်တွေ အစည်းအရုံးက ပြောပါတယ်။

ဆူဒန်ရဲ့ အဓိက ဒီမိုကရေစီ အင်အားစုဖြစ်တဲ့ လွတ်လပ်မှုနဲ့ ပြုပြင်ပြောင်းလဲမှု ကြေညာရေး ခုခံအင်အားစုက နိုင်ငံအနှံ့မှာ စစ်အစိုးရ ဆန့်ကျင်ရေး သပိတ်တွေ ဆင်နွှဲကြဖို့လည်း တောင်းဆိုထားပါတယ်။

၂၀၁၉ တုန်းက ဆူဒန်မှာ ကာလရှည် ကြီးစိုးခဲ့တဲ့ အာဏာရှင် အိုမာ အယ်လ်ဘာရှာကို စစ်တပ်က ဖယ်ရှားလိုက်ပါတယ်။ အဲဒီနောက်ပိုင်း ရွေးကောက်ပွဲ မကျင်းပခင် ကြားကာလမှာ စစ်ဘက်-အရပ်ဖက် ပူးပေါင်း အုပ်ချုပ်ခဲ့ရာက နှစ်ဖက် ဆက်ဆံရေး ပြိုကွဲပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က ခန့်အပ်ထားတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနကတော့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ ပစ်ခတ်ကြောင်း စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ကျည်အစစ်တွေ သုံးခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကတော့ ဆက်တိုက် ထွက်ပေါ်နေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။