Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါတီမှာ ကခုန်နေတဲ့ ဗီဒီယို ပေါက်ကြားခဲ့လို့ ဖင်လန် ဝန်ကြီးချုပ် စိတ်ပျက်၊ မူးယစ်ဆေး မသုံးကြောင်းဖြေရှင်း

ပါတီမှာ မူးယစ်ဆေး သုံးစွဲပြီး အပြတ်ကဲခဲ့တာ ဖြစ်နိုင်ကြောင်း စွပ်စွဲမှုတွေကို ဖြေရှင်းတဲ့ အနေနဲ့ သူကိုယ်တိုင် ဆေးစစ်မှု ခံယူထားတယ်လို့ ဖင်လန် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ပါတီမှာ ကခုန်နေတဲ့ ဗီဒီယို ပေါက်ကြားခဲ့လို့ ဖင်လန် ဝန်ကြီးချုပ် စိတ်ပျက်
ပါတီမှာ ကခုန်နေတဲ့ ဗီဒီယို ပေါက်ကြားခဲ့လို့ ဖင်လန် ဝန်ကြီးချုပ် စိတ်ပျက်

ပါတီမှာ မူးယစ်ဆေး သုံးစွဲပြီး အပြတ်ကဲခဲ့တာ ဖြစ်နိုင်ကြောင်း စွပ်စွဲမှုတွေကို ဖြေရှင်းတဲ့ အနေနဲ့ သူကိုယ်တိုင် ဆေးစစ်မှု ခံယူထားတယ်လို့ ဖင်လန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

အသက် ၃၆ နှစ်သာ ရှိသေးတဲ့ ဆန်နာ မာရင်ဟာ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး ရွေးကောက်ခံ နိုင်ငံခေါင်းဆောင် အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ မကြာသေးခင်က သူဟာ ပါတီပွဲ တစ်ခုမှာ စိတ်လွတ်ကိုယ်လွတ် ကခုန်နေတဲ့ ဗီဒီယိုတစ်ခု ပေါက်ကြားလာတဲ့နောက် ဝန်ကြီးချုပ်ဟာ မူးယစ်ဆေး သုံးထားတာ ဖြစ်နိုင်ကြောင်း အတိုက်အခံ နိုင်ငံရေးသမား တချို့က ဝေဖန်လာခဲ့ပါတယ်။

ဒါပေမဲ့ မာရင်ကတော့ သူဟာ တရားဥပဒေနဲ့ ငြိစွန်းတဲ့ အလုပ် ဘာတစ်ခုမှ မလုပ်ဘူးလို့ ငြင်းချက်ထုတ်ထားပြီး စွပ်စွဲမှုတွေကို ဖြေရှင်းဖို့အတွက် ဆေးစစ်မှုပါ ခံယူထားတယ်လို့ ဆိုပါတယ်။ အဲဒီ ဆေးစစ်ရလဒ်ကို လာမယ့် သီတင်းပတ်မှာ ရရှိနိုင်မယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဗီဒီယိုထဲမှာတော့ မာရင်ဟာ ပြည်တွင်းက Popဂီတ ကြယ်ပွင့် တစ်ဦးနဲ့အတူ ကခုန်နေတာ တွေ့ရပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဝန်ကြီးချုပ်က သူဟာ တခြား သက်တူရွယ်တူတွေလိုပဲ သွားလာ ပျော်ပါးတာမျိုး ရှိပေမယ့် တရားမဝင်တဲ့ ကိစ္စမျိုး ဘာတစ်ခုမှ မကျူးလွန်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ သူ့ဆီမှာ ဥပဒေ ချိုးဖောက်တဲ့ အပြုအမူ ဘာတစ်ခုမှ မရှိဘူးလို့ ဝန်ကြီးချုပ်က ယတိပြတ် ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူက ဆယ်ကျော်သက် အရွယ်မှာတောင် မူးယစ်ဆေးဝါး စမ်းသုံးကြည့်တာမျိုး မရှိခဲ့ဘူးလို့လည်း မာရင်က ပြောကြားသွားပါတယ်။ သူကနေတဲ့ အချိန်မှာ တစ်ယောက်ယောက်က ဗီဒီယို ရိုက်နေမှန်း သိပေမယ့် အခုလို လူသိရှင်ကြား ပြဿနာရှာဖို့အတွက် အသုံးချလာမယ်ဆိုတာ မထင်ခဲ့ကြောင်း မာရင်က ဝန်ခံပါတယ်။

ပြည်သူတွေ အနေနဲ့ ဝန်ကြီးချုပ် တစ်ယောက်ဟာ အလုပ်တာဝန်နဲ့ ကိုယ်ပိုင် လွတ်လပ်ချိန်ကို ခွဲခြားထားခွင့် ရှိတယ်ဆိုတာ ကောင်းကောင်း နားလည်ပေးမယ်လို့ ယုံကြည်ထားကြောင်းလည်း မာရင်က သတင်းထောက်တွေကို ပြောပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို တစ်ခုမှာတော့ ဖင်လန် ဝန်ကြီးချုပ်ဟာ အိမ်တွင်း ပါတီပွဲ တစ်ခုမှာ တခြားသူတွေနဲ့အတူ သီချင်းဆိုရင်း ကခုန်နေတာ တွေ့နိုင်ပြီး နောက်ဆက်တွဲ ဗီဒီယိုမှာတော့ ဖင်လန် Popဂီတစတား အိုလာဗီ အူဆီဗာတာနဲ့ အတူကနေတာ တွေ့ရပါတယ်။ အူဆီဗာတာက သူ့လည်ပင်းကို နမ်းခဲ့တဲ့ ပုံစံမျိုး ဗီဒီယိုထဲမှာ မြင်ရပေမယ့် ဝန်ကြီးချုပ်က ငြင်းဆန်ပြီး သူ့နားနား ကပ်ပြောတာ၊ ဒါမှမဟုတ် ပါးကို ယဉ်ယဉ်ကျေးကျေး နမ်းခဲ့တာသာ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ဒါဟာ မသင့်လျော်တဲ့ အပြုအမူ မဟုတ်သလို သူ့ခင်ပွန်းကိုလည်း အကြောင်းပြ ဖြေရှင်းနေစရာ မလိုဘူးလို့ မာရင်က ပြောပါတယ်။ ဖင်လန် ဝန်ကြီးချုပ်ဟာ အားလပ်ချိန်တွေမှာ လူငယ်ပီပီ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်သူ တစ်ဦးအဖြစ် နီးစပ်သူတွေက မှတ်ချက် ပေးထားပါတယ်။ မနှစ်တုန်းကတော့ သူဟာ ကိုဗစ်ရောဂါ ဖြစ်ပွားသူ တစ်ယောက်နဲ့ အနီးကပ် ထိတွေ့မိပြီး မရှေးမနှောင်းမှာ နိုက်ကလပ် သွားတက်မိလို့ ပြန်ဖြေရှင်း တောင်းပန်ခဲ့ရဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းက အဝေးပြေး ကားလမ်းမ တစ်ခုမှာ ယာဉ် ၈ စီးဆင့်တိုက်မှု ဖြစ်ပွားစေခဲ့တဲ့ ထရပ်ကား မောင်းနှင်သူဟာ မူးယစ်ဆေးဝါး သုံးစွဲထားခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က အာရက္ခတပ်တော်(AA)ကို မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ စွပ်စွဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

သတင်း

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) (၁၇၁)စစ်ဒေသက ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီ ထံ အပ်နှံခဲ့တယ်လို့ UWSP/UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက လူမှုကွန်ရက်ကနေ တဆင့် ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီနဲ့ဆက်စပ်သူတွေဆီကနေ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့(စက်တင်ဘာ၁၄ရက်) ထုတ်ပြန်ပါတယ်။