Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း နယ်မြေတွေ ရုရှားသိမ်းသွင်းမှု နိုင်ငံတကာ အသိုက်အဝန်း ရှုတ်ချ

အစောပိုင်းမှာ ပူတင်က တကယ်လို့ ရုရှားရဲ့ ပိုင်နက် ဖြစ်သွားတဲ့ နေရာတွေကို တိုက်ခိုက်လာရင် အချုပ်အခြာအာဏာ ထိပါးမှုအဖြစ် ယူဆပြီး နျူကလီးယား လက်နက်တွေနဲ့ပါ တုံ့ပြန်လာနိုင်ကြောင်း ခြိမ်းခြောက်ထားပါတယ်။

ယူကရိန်း နယ်မြေတွေ ရုရှားသိမ်းသွင်းမှု နိုင်ငံတကာ အသိုက်အဝန်း ရှုတ်ချ
ယူကရိန်း နယ်မြေတွေ ရုရှားသိမ်းသွင်းမှု နိုင်ငံတကာ အသိုက်အဝန်း ရှုတ်ချ

ယူကရိန်းမှာ ရုရှားစစ်တပ်နဲ့ မဟာမိတ် ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားရာ နယ်မြေတွေကို ရုရှားပိုင်နက်အဖြစ် သိမ်းသွင်းကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

NATO မဟာမိတ် အဖွဲ့နဲ့ ယူကရိန်း အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်နေပေမယ့် ပူတင်ကတော့ နယ်မြေတွေ တရားမဝင် သိမ်းသွင်းတဲ့ ကိစ္စကို မပျက်မကွက် အကောင်အထည် ဖော်သွားခဲ့ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ် မပြုပေမယ့် အခုဆိုရင် ပူတင်လက်ထက်မှာ ရုရှားပိုင်နက်အဖြစ် သိမ်းသွင်းလိုက်တဲ့ နယ်မြေတွေက ယူကရိန်းတစ်နိုင်ငံလုံးစာ စုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်းလောက် ရှိလာပါပြီ။

ပူတင်က အခုဆိုရင် ရုရှားဟာ နယ်မြေသစ် ၄ ဦး တိုးပွား ပိုင်ဆိုင်လာပြီး ဒီအခြေအနေမျိုး ဖြစ်လာအောင် သက်ဆိုင်ရာ ဒေသအသီးသီးရဲ့ ပြည်သူတွေကသာ ရွေးချယ် ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ ရုရှားရဲ့ အလိုကျ ခန့်အပ်ထားတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိတွေက ဦးစီးကျင်းပတဲ့ လူထုဆန္ဒ ခံယူပွဲ ရလဒ်တွေကို ရည်ညွှန်းတဲ့ စကားလည်း ဖြစ်ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဒီလို နယ်မြေသိမ်းသွင်းမှု ကိစ္စမျိုး အကောင်အထည် ဖော်လိုက်ပြီးတဲ့ အချိန်မှာတော့ ငြိမ်းချမ်းရေး ကိစ္စကို ပူတင်နဲ့ ဆွေးနွေးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ကြောင်း ပြောကြားသွားပါတယ်။ ယူကရိန်းဟာ ရုရှားနဲ့ စေ့စပ်ဆွေးနွေးဖို့ အသင့်ရှိနေကြောင်း၊ ဒါပေမဲ့ ပူတင်မဟုတ်တဲ့ တခြား ရုရှားသမ္မတ တစ်ဦးရဲ့ လက်ထက်ကျမှ ဖြစ်နိုင်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း နယ်မြေတွေကို မလျော်မကန် သိမ်းသွင်းတဲ့ ရုရှားရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန်၊ ဗြိတိန်တို့ အပါအဝင် ကမ္ဘာ့နိုင်ငံ အမြောက်အမြားက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်လာကြပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ လုံးဝ ညီညွတ်မှု မရှိကြောင်း ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း ရုရှားရဲ့ လုပ်ရပ်အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း ကြေညာပါတယ်။

အခုဆိုရင် ယူကရိန်း နယ်မြေတွေကနေ ရုရှားတပ်တွေ ဆုတ်ခွာပေးရေး တောင်းဆိုဖို့ကို ကုလသမဂ္ဂရဲ့ အထွေထွေ ညီလာခံဆီ တင်ပြ ဆွေးနွေးဖို့ပါ စီစဉ်နေကြောင်း သိရပါတယ်။ ပူတင်ဟာ ယူကရိန်း အရှေ့ပိုင်း စစ်မြေပြင်မှာ ရုရှားတပ်တွေ စတင် အထိနာလာတဲ့ အချိန်မှာ ယူကရိန်း နယ်မြေတွေကို ပိုင်နက်အဖြစ် သိမ်းသွင်းဖို့ အသည်းအသန် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ပူတင်က တကယ်လို့ ရုရှားရဲ့ ပိုင်နက် ဖြစ်သွားတဲ့ နေရာတွေကို တိုက်ခိုက်လာရင် အချုပ်အခြာအာဏာ ထိပါးမှုအဖြစ် ယူဆပြီး နျူကလီးယား လက်နက်တွေနဲ့ပါ တုံ့ပြန်လာနိုင်ကြောင်း ခြိမ်းခြောက်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။