Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ မုန်တိုင်းတိုက်လို့ လူ ၇၀ ကျော် သေဆုံး

ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်မှာ အဓိက ကျွန်းမကြီးဖြစ်တဲ့ လူဇန်ကို မုန်တိုင်းက ကန့်လန့်ဖြတ် ဖြတ်သန်းသွားပြီး တောင်တရုတ် ပင်လယ်ဖက်ကို ဆက်လက် ရွေ့လျားသွားခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ မုန်တိုင်းတိုက်လို့ လူ ၇၀ ကျော် သေဆုံး
ဖိလစ်ပိုင်မှာ မုန်တိုင်းတိုက်လို့ လူ ၇၀ ကျော် သေဆုံး

ဖိလစ်ပိုင် နိုင်ငံမှာ မုန်တိုင်းဝင်ရောက် တိုက်ခတ်မှုနဲ့ နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်တွေကြောင့် လူ ၇၀ ကျော် သေဆုံးသွားကြောင်း သိရှိရပါတယ်။

အပူပိုင်းမုန်တိုင်း နယ်လ်ဂေးကြောင့် ဖိလစ်ပိုင်တောင်ပိုင်း ဒေသတချို့မှာ ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၇၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့တယ်လို့ နိုင်ငံရဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဌာနက ကြေညာပါတယ်။

မာဂွင်ဒါနာအို ဒေသကတော့ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေကို အပြင်းထန်ဆုံး သက်ရောက် ခံစားခဲ့ရပြီး သေဆုံးသူ ၆၇ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ကျန်တဲ့ သေဆုံးမှုတွေကတော့ ဆူလ်တန် ကူဒါရက်၊ ကိုတာဘာတိုနဲ့ ဗစ်ဆာယက်စ် ဒေသတွေမှာ ဖြစ်ပွားခဲ့တာပါ။

ဌာနရဲ့ ထုတ်ပြန်ချက်အရ မုန်တိုင်းကြောင့် ဒဏ်ရာရသူ ၃၃ ဦးထက်မနည်း ရှိခဲ့ပြီး နောက်ထပ် ၁၄ ဦး ပျောက်ဆုံးနေဆဲလို့လည်း သိရပါတယ်။ နယ်လ်ဂေး မုန်တိုင်းဟာ အားအပြင်းဆုံး အချိန်မှာ တစ်နာရီ ၉၅ ကီလိုမီတာနှုန်းထိ ရောက်ရှိခဲ့ပြီး ဖိလစ်ပိုင် အရှေ့ဖက်၊ ကာတန်ဒူယန်နက်စ် ဒေသမှာ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက ကုန်းတွင်း ဝင်ရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်မှာ အဓိက ကျွန်းမကြီးဖြစ်တဲ့ လူဇန်ကို မုန်တိုင်းက ကန့်လန့်ဖြတ် ဖြတ်သန်းသွားပြီး တောင်တရုတ် ပင်လယ်ဖက်ကို ဆက်လက် ရွေ့လျားသွားခဲ့ပါတယ်။

လောလောဆယ်တော့ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံစားရတဲ့ ဧရိယာတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ အဆောတလျင် ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေကြောင်း မာဂွင်ဒါနာအို ဒေသ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ နက်စ်ရူလာ အီမမ်က ပြောပါတယ်။

အောက်တိုဘာ ၂၉ ရက် မွန်းလွဲပိုင်းမှာ မိုးစဲသွားပြီ ဖြစ်တဲ့အတွက် ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေ ပိုပြီး အလုပ်တွင်လာတယ်လို့လည်း သူက ဆိုတယ်။ ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အစွန်အဖျား နေရာတွေကို ရောက်ရှိဖို့ကတော့ ရက်နဲ့ချီ ကြာမြင့်မယ့် အလားအလာတွေ ရှိနေဆဲပါ။

ဖိလစ်ပိုင်ဟာ မုန်တိုင်းတွေနဲ့ မစိမ်းတဲ့ နိုင်ငံတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဖိလစ်ပိုင်မှာ ပျမ်းမျှ တစ်နှစ်ကို တိုင်ဖွန်းတွေ အပါအဝင် မုန်တိုင်း အခု ၂၀ လောက် တိုက်ခတ်လေ့ ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။