Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ အားကစားနဲ့ လူ့အခွင့်အရေး ရှုထောင့်တွေကြားက ဝိရောဓိများ

၂၂ ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို ကာတာနိုင်ငံမှာ နိုဝင်ဘာ ၂၀ ကနေ ဒီဇင်ဘာ ၁၈ ရက်ထိ တစ်လကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ အားကစားနဲ့ လူ့အခွင့်အရေး ရှုထောင့်တွေကြားက ဝိရောဓိများ

ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး၊ ဂုဏ်သိက္ခာအရ အခမ်းနားဆုံး ဘောလုံးပြိုင်ပွဲကြီး စတင်ကျင်းပမယ့်ရက်က နှစ်ပတ်လောက်သာ လိုပါတော့တယ်။ ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ မှတ်တမ်းတွေကို အကြောင်းပြုပြီး ပြိုင်ပွဲကို သပိတ်မှောက်ကြဖို့ တောင်းဆိုမှုတွေနဲ့ ပြိုင်ပွဲ လက်ခံကျင်းပမယ့် အိမ်ရှင်နိုင်ငံတို့ကြားက စကားစစ်ထိုးမှုတွေကတော့ အခုအချိန်ထိ အရှိန်တက်နေဆဲ ဖြစ်ပါတယ်။

ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို လက်ခံကျင်းပခွင့်ရတဲ့ ပထမဆုံး အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အိမ်ရှင်အဖြစ် ကာတာကို ၂၀၁၀ ပြည့်နှစ်မှာ တာဝန်ပေး အပ်နှင်းလိုက်ပြီး အဲဒီ အချိန်ကတည်းက ဆန့်ကျင်မှုတွေနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ကာတာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းတွေ၊ ရွှေ့ပြောင်း အလုပ်သမားအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံမှုတွေ၊ လိင်တူစုံမက်သူတွေအပေါ် ရန်လိုတဲ့ သဘောထားတွေဟာ ကာတာရဲ့ ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ခွင့်အပေါ် ဆန္ဒပြ သပိတ်မှောက်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ LGBTအရေး လှုပ်ရှားသူတွေ အပြင်းအထန် တောင်းဆိုတဲ့ အဓိက အကြောင်းတရားတွေ ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ အားကစားနဲ့ လူ့အခွင့်အရေး ရှုထောင့်တွေကြားက ဝိရောဓိများ
ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ အားကစားနဲ့ လူ့အခွင့်အရေး ရှုထောင့်တွေကြားက ဝိရောဓိများ

ကာတာဟာ ခါဖာလာဆိုတဲ့ စနစ်ကို ကျင့်သုံးခဲ့ဖူးတာနဲ့ ဆက်စပ်ပြီး လူ့အခွင့်အရေး ရှုထောင့်ကနေ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ အဲဒီ စနစ်ရဲ့ စာချုပ် နည်းလမ်းတွေက အလုပ်ရှင်တွေ အနေနဲ့ အလုပ်သမားတွေ၊ ဝန်ထမ်းတွေအဖော် လက်တွေ့ကျကျ ဖိနှိပ်ခွင့်၊ ခေါင်းပုံဖြတ်ခွင့် ရစေခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။ ကာတာ အစိုးရဟာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှာ ခါဖာလာ စနစ်ကို ဖျက်သိမ်းခဲ့ပြီး အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက် အပါအဝင် အပြောင်းအလဲ ကြီးကြီးမားမားတွေကို စတင်ခဲ့ပါတယ်။ အဲဒီ အပြောင်းအလဲတွေက ကာတာမှာ လာရောက် အလုပ်လုပ်နေတဲ့ ပြည်ပ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေခံ အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်မယ်လို့ အစိုးရက ပြောပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ အားကစားနဲ့ လူ့အခွင့်အရေး ရှုထောင့်တွေကြားက ဝိရောဓိများ
ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ အားကစားနဲ့ လူ့အခွင့်အရေး ရှုထောင့်တွေကြားက ဝိရောဓိများကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ အားကစားနဲ့ လူ့အခွင့်အရေး ရှုထောင့်တွေကြားက ဝိရောဓိများ

ဒါပေမဲ့လည်း ဒီအခြေအနေဟာ လုံလောက်မှု မရှိသေးသလို အလုပ်ခွင်ပြင်ပ လူမှုရေး နယ်ပယ်တွေမှာလည်း လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေသေးတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး နီးကပ်လာချိန်မှာ ပြိုင်ပွဲဝင်မယ့် လက်ရွေးစင် ဘောလုံးအသင်း မန်နေဂျာတွေ၊ ကစားသမားတွေကိုတောင် ပြိုင်ပွဲနဲ့ ပတ်သက်လို့ ဆန့်ကျင် သပိတ်မှောက်သင့်ကြောင်း ဖိအားပေးမှုတွေ ရှိလာပါတယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ကပါ မနေသာတော့ဘဲ ကစားသမားတွေ အားလုံး လောလောဆယ်မှာ ဘောလုံးကိုသာ အာရုံစိုက်ကြဖို့ စာရေးသား တိုက်တွန်းရတဲ့ထိ ဖြစ်လာပါတယ်။

ကာတာနိုင်ငံခြားရေး ဝန်ကြီး ရှိတ်ခ် မိုဟာမက် ဘင် အက်ဘ်ဒူလာမန် အယ်လ်သာနီကတော့ ပြင်သစ် သတင်းဌာန လီမန်ဒီနဲ့ အင်တာဗျူးမှာ ကာတာအပေါ် အခုလို စွပ်စွဲတိုက်ခိုက်မှုတွေဟာ သူတော်ကောင်းယောင်ဆောင်တဲ့ အမူအကျင့်မျိုးထက် ဘာမှ မပိုဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။ နောက်ပြီး ကမ္ဘာ့ဖလားကို သပိတ်မှောက်ဖို့ ဆန္ဒပြနေတဲ့ သူတွေဆိုတာ လူနည်းစုလောက်သာ ဖြစ်တယ်လို့လည်း အယ်လ်သာနီက ဆက်ပြောပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ အားကစားနဲ့ လူ့အခွင့်အရေး ရှုထောင့်တွေကြားက ဝိရောဓိများ
ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ အားကစားနဲ့ လူ့အခွင့်အရေး ရှုထောင့်တွေကြားက ဝိရောဓိများ

အခုဆိုရင် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် လျာထားတဲ့ လက်မှတ် စုစုပေါင်းရဲ့ ၉၇ ရာခိုင်နှုန်း ရောင်းထွက်သွားပြီဖြစ်ကြောင်း ကာတာအစိုးရရဲ့ ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ အယ်လ်သာနီက ဆိုပါတယ်။ အယ်လ်သာနီက တကယ်တမ်းမှာ ခါဖာလာစနစ် ကျင့်သုံးခဲ့တဲ့ တခြား ပင်လယ်ကွေ့ နိုင်ငံတွေလည်း ရှိနေပေမယ့် ကမ္ဘာ့ဖလားကို အကြောင်းပြုပြီး ကာတာ တစ်နိုင်ငံတည်းကိုပဲ ထိုးနှက်တာဟာ သဘောထား မမှန်တဲ့ လုပ်ရပ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ကာတာဟာ တရားနည်းလမ်းကျစွာ လာရောက် အလုပ်လုပ်တဲ့ ပြည်ပ နိုင်ငံသားတွေ အပါအဝင် တစ်ကမ္ဘာလုံးကို ဖော်ဖော်ရွေရွေ ကြိုဆိုတဲ့ နိုင်ငံတစ်ခုလို့လည်း သူက ညွှန်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာလည်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ကမ္ဘာ့ဖလားကို သပိတ်မှောက်သင့်ကြောင်း လက်ရွေးစင် ဘောလုံးအသင်းတွေကို ဖိအားပေးမှုတွေ ပိုပိုပြီး တိုးလာနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စကားမှားသလို ဖြစ်သွားတဲ့ အင်္ဂလန် မန်နေဂျာ ဂါရတ်သ်ဆောက်သ်ဂိတ်ကိုလည်း ဝေဖန်တာမျိုးတွေ ရှိလာပြန်တယ်။ ဆောက်သ်ဂိတ်က ကာတာမှာ ရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကလည်း ဘောလုံးကို ချစ်မြတ်နိုးသူတွေ ဖြစ်တာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ အားလုံး တစိတ်တဝမ်းတည်း ဖြစ်ကြမယ်လို့ သူယုံကြည်ကြောင်း CNNနဲ့ အင်တာဗျူးမှာ ပြောမိခဲ့တာပါ။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကာတာရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေအတွင်း ရွှေ့ပြောင်းလုပ်သား ၆၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ဖော်ပြထားတာကြောင့် ဆောက်သ်ဂိတ်ရဲ့ စကားဟာ အောက်ခြေ အလုပ်သမားတွေရဲ့ ဆင်းရဲဒုက္ခအပေါ် မျက်ကွယ်ပြုသလို ဖြစ်နေကြောင်း ဝေဖန်သံတွေ ဆူညံခဲ့ပြန်ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ အားကစားနဲ့ လူ့အခွင့်အရေး ရှုထောင့်တွေကြားက ဝိရောဓိများ
ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ အားကစားနဲ့ လူ့အခွင့်အရေး ရှုထောင့်တွေကြားက ဝိရောဓိများ

အင်္ဂလန်က နာမည်ကြီး ဘောလုံးကလပ်အသင်း တစ်ခုဖြစ်တဲ့ လီဗာပူးလ်ကို ကိုင်တွယ်နေတဲ့ ဂျာမန်သား မန်နေဂျာ ကလော့ပ်ကတော့ ဘောလုံးမန်နေဂျာတွေဆိုတာ နိုင်ငံရေးသမားတွေ မဟုတ်ဘဲ ဘောလုံးအကြောင်းကိုပဲ ဦးစားပေး ပြောဆိုတတ်တာကို နားလည်စေလိုကြောင်း ဆောက်သ်ဂိတ်ဖက်ကနေ ကာကွယ်ခဲ့ပါတယ်။ သူကိုယ်တိုင်ရော၊ ဆောက်သ်ဂိတ်ပါ နိုင်ငံရေးသမားတွေ မဟုတ်ကြောင်း၊ ဆောက်သ်ဂိတ်မှာ အတွေးအမြင် တစ်ခုခု ရှိနိုင်ပေမယ့် သူက နိုင်ငံရေးသမား မဟုတ်တာကိုတော့ မမေ့စေချင်ကြကြောင်း ကလော့ပ်က ဆိုပါတယ်။ အခုအခြေအနေမှာတော့ ကစားသမားတွေ၊ မန်နေဂျာတွေကို သူတို့ချစ်မြတ်နိုးတဲ့ အားကစားနည်း အတွက်ပဲ ရာနှုန်းပြည့် စိတ်နှစ်ထားခွင့် ပေးစေချင်တယ်လို့လည်း ကလော့ပ်က ဆက်ပြောပါတယ်။

ကာတာအနေနဲ့လည်း ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ဖို့ သေချာသွားချိန် ကတည်းက ပြဿနာပေါင်းစုံနဲ့ ကြုံခဲ့တယ်လို့တောင် ပြောနိုင်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ကာတာဟာ ဖီဖာရဲ့ အမှုဆောင် အရာရှိတွေကို ဒေါ်လာ ၄ သန်းနီးပါး လာဘ်ထိုးပြီး အိမ်ရှင်နေရာအတွက် ထောက်ခံမှု ရယူခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ အဲဒီတုန်းက ဖီဖာ ဥက္ကဋ္ဌ ဖြစ်ခဲ့သူ ဆပ်ဘလတ္တာကလည်း အဖွဲ့အစည်းရဲ့ အိမ်ရှင်ရွေးချယ် ဆုံးဖြတ်မှုဟာ မှားကောင်းမှားခဲ့လိမ့်မယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ အားကစားနဲ့ လူ့အခွင့်အရေး ရှုထောင့်တွေကြားက ဝိရောဓိများ
ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ အားကစားနဲ့ လူ့အခွင့်အရေး ရှုထောင့်တွေကြားက ဝိရောဓိများ

ပုံမှန်ဆိုရင် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေကို နွေရာသီမှာ ကျင်းပလေ့ ရှိပေမယ့် အရှေ့အလယ်ပိုင်း ဒေသရဲ့ အပူချိန်အရ နွေရာသီမှာသာ ကစားခိုင်းရင် ဘောလုံးသမားတွေ အသက်အန္တရာယ်ပါ စိုးရိမ်ရနိုင်ခြေ ရှိတာကြောင့် ဆောင်းရာသီကို မဖြစ်မနေ ပြောင်းရွှေ့ခဲ့ရပြန်တယ်။ နောက်တော့ နိုင်ငံရဲ့ အားနည်းနေတဲ့ လူ့အခွင့်အရေး မျက်နှာစာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပါ နောက်ကြောင်း အလှန်ခံရပြန်ပါတယ်။ ကာတာ အစိုးရ တာဝန်ရှိသူတွေ ကိုယ်တိုင်ကလည်း ကမ္ဘာ့ဖလားအတွက် ဆောက်လုပ်ရေး စီမံကိန်းတွေ အကောင်အထည် ဖော်ချိန်မှာ လုံခြုံရေး အစီအမံ အားနည်းချက်တွေကြောင့် ရွှေ့ပြောင်းလုပ်သားတွေ အများအပြား သေဆုံးခဲ့ရတဲ့ အခြေအနေကို ရှောင်လွှဲနိုင်သင့်ခဲ့ကြောင်း ဝန်ခံခဲ့ဖူးပါတယ်။

ရှုပ်ထွေးမှုတွေ၊ ဒွိဟဖြစ်စရာတွေ ရောပြွန်းနေပေမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကတော့ စီစဉ်ထားတဲ့အတိုင်း ကျင်းပမယ့်ရက်နဲ့ တရွေ့ရွေ့ နီးကပ်လာနေပါပြီ။ သာမန် ဘောလုံးပရိသတ်ကတော့ အားကစားနဲ့ နိုင်ငံရေး မရောသင့်ဘူးဆိုတဲ့ သဘောတရားကိုပဲ ယေဘုယျဆန်ဆန် လက်ကိုင်ထားပြီး သူတို့ နှစ်သက်တဲ့ အသင်းကို အစွမ်းကုန် အားပေးဖို့ စိတ်ထက်သန်နေကြမှာပါ။ ဒါပေမဲ့ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်မြောက်ရေး လမ်းကြောင်းမှာ မှောင်ရိပ်သန်းတဲ့ ဖြတ်သန်းမှုတွေ ရှိခဲ့ဖူးတယ်ဆိုတဲ့ သမိုင်းကြောင်းကိုတော့ မေ့ဖျောက်ထားလို့ မရပါဘူး။

၂၂ ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို ကာတာနိုင်ငံမှာ နိုဝင်ဘာ ၂၀ ကနေ ဒီဇင်ဘာ ၁၈ ရက်ထိ တစ်လကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။