Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မဟာသီယာရဲ့ တပည့်ဟောင်း အန်ဝါ မလေးရှား ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို

အန်ဝါဟာ အရင် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ရာဇက် လက်ထက်တုန်းက လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်တဲ့ အပြုအမူအတွက် စွပ်စွဲခံရပြီး ထောင်ဒဏ် ကျခံခဲ့ရဖူးပါတယ်။ အန်ဝါကတော့ အဲဒီကိစ္စဟာ နာဂျစ်ဘ်ရဲ့ နိုင်ငံရေး ထိုးနှက်မှုသာ ဖြစ်တယ်လို့ ပြောပါတယ်။

မဟာသီယာရဲ့ တပည့်ဟောင်း အန်ဝါ မလေးရှား ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို
မဟာသီယာရဲ့ တပည့်ဟောင်း အန်ဝါ မလေးရှား ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို

ကျမ်းသစ္စာ ကျိန်ဆိုမှုအပြီး မလေးရှား ဝန်ကြီးချုပ်သစ် အန်ဝါ အီဘရာဟင်ဟာ သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို စတင် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ လေ့လာသူတွေကတော့ အန်ဝါရဲ့ အစိုးရသစ်ဟာ ခါးသီးပြိုင်ဘက် ဝန်ကြီးချုပ်ဟောင်း မူယစ်ဒင် ယာဆင်ရဲ့ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။ ရွေးကောက်ပွဲအပြီး အရှုပ်အထွေးတွေ ၅ ရက်လောက် ကြုံခဲ့ပြီးတဲ့နောက် အန်ဝါက ဝန်ကြီးချုပ်အဖြစ် ဆက်ခံခွင့် ရခဲ့တာပါ။

အန်ဝါရော၊ မူယစ်ဒင်ပါ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို ရလဒ်မျိုးနဲ့ မနိုင်ခဲ့ကြပါဘူး။ အခုလည်း မူယစ်ဒင်က လွှတ်တော်ထဲမှာ အန်ဝါ အသာစီး ရခဲ့တယ် ဆိုတာကို ခိုင်ခိုင်မာမာ သက်သေပြဖို့ တောင်းဆိုထားပါတယ်။

ရွေးကောက်ပွဲ ရလဒ်တွေက ပြတ်သားမှု မရှိပေမယ့် စည်းမျဉ်းခံ ဘုရင်ဖြစ်တဲ့ အယ်လ်ဆူလ်တန် အက်ဘ်ဒူလာက အန်ဝါကို အစိုးရဖွဲ့ဖို့ တာဝန် ပေးအပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မလေးရှားမှာ လအတန်ကြာ နိုင်ငံရေးအရ မရေမရာ အခြေအနေတွေ ကြုံနေရခြင်းက အန်ဝါ ဝန်ကြီးချုပ် ဖြစ်လာချိန်မှာ အဆုံးသတ်သွားပါတယ်။ ဒီအတွက် မလေးရှားရဲ့ ရင်းဂစ်ငွေ တန်ဖိုးကလည်း ပြန်လည် မြင့်တက်လာခဲ့ပါတယ်။

အသက် ၇၅ နှစ်အရွယ် အန်ဝါဟာ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ရဲ့ လက်ရင်းတပည့် ဖြစ်ခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ဒုတိယ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်မှာ မဟာသီယာ ဒုတိယအကြိမ် ဝန်ကြီးချုပ် ဖြစ်လာတော့ အရိုက်အရာ ဆက်ခံသူအဖြစ် လျာထားခံရပေမယ့် အခြေအနေတွေက ပြောင်းလဲကုန်ပြီး အခုမှသာ ရွေးကောက်ပွဲ ရလဒ်အရ ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။

အန်ဝါဟာ အရင် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ရာဇက် လက်ထက်တုန်းက လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်တဲ့ အပြုအမူအတွက် စွပ်စွဲခံရပြီး ထောင်ဒဏ် ကျခံခဲ့ရဖူးပါတယ်။ အန်ဝါကတော့ အဲဒီကိစ္စဟာ နာဂျစ်ဘ်ရဲ့ နိုင်ငံရေး ထိုးနှက်မှုသာ ဖြစ်တယ်လို့ ပြောပါတယ်။

အန်ဝါကို အားပေး ထောက်ခံသူတွေကတော့ သူ့ရဲ့ အစိုးရဟာ ပြည်တွင်းက လူများစု မွတ်ဆလင်တွေ၊ တရုတ်နဲ့ အိန္ဒိယ အနွယ်ဝင် တိုင်းရင်းသားတွေကြားက သမိုင်းဝင် တင်းမာမှုတွေကို ရင်ကြားပြန်စေ့ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အန်ဝါ ဦးဆောင်တဲ့ ပါကာတန် ဟာရာပန် နိုင်ငံရေး မဟာမိတ် အဖွဲ့က လွှတ်တော် အမတ်နေရာ ၈၂ ခု ရရှိခဲ့ပြီး မူယစ်ဒင်ရဲ့ ပါရစ်ကာတန် နေရှင်နယ် အင်အားစုက ၇၃ နေရာ ရခဲ့ပါတယ်။ မလေးရှား ဖွဲ့စည်းပုံ ဥပဒေအရ အစိုးရ ဖွဲ့မယ့် အင်အားစုဟာ အမတ် ၁၁၂ နေရာ လိုအပ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

သတင်း

အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။