Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူသတ်နိုင်တဲ့ စက်ရုပ်တွေ အသုံးပြုသွားမယ့် ဆန်ဖရန်ဆစ္စကို ရဲတပ်ဖွဲ့

Stop Killer Robots အဖွဲ့ရဲ့ ဒေါက်တာ ကော်နယ်လီကတော့ ဒီစက်ရုပ်မျိုးတွေ အသုံးတွင်ကျယ်လာတဲ့အခါ အနာဂတ်မှာ ဆုံးဖြတ်ရခက်တဲ့ အရေးပေါ် အခြေအနေတွေ ကြုံလာတိုင်း ရဲတွေက သုတ်သင်ရှင်းလင်းရေး နည်းလမ်းကို ဦးစားပေး ရွေးချယ်လာတော့မယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

လူသတ်နိုင်တဲ့ စက်ရုပ်တွေ အသုံးပြုသွားမယ့် ဆန်ဖရန်ဆစ္စကို ရဲတပ်ဖွဲ့
လူသတ်နိုင်တဲ့ စက်ရုပ်တွေ အသုံးပြုသွားမယ့် ဆန်ဖရန်ဆစ္စကို ရဲတပ်ဖွဲ့

အမေရိကန်နိုင်ငံက ဆန်ဖရန်ဆစ္စကို ရဲတပ်ဖွဲ့ဟာ လူသတ်နိုင်တဲ့ စက်ရုပ်တွေကို လိုအပ်သလို အသုံးပြုခွင့် ရရှိလာတော့မယ်လို့ သိရပါတယ်။

ဆန်ဖရန်ဆစ္စကို မြို့တော် အုပ်ချုပ်ရေး ဘုတ်အဖွဲ့က လူကို သေစေနိုင်တဲ့ လက်နက်မျိုးတွေ တပ်ဆင်ထားတဲ့ စက်ရုပ်တွေကို ရဲတွေက သုံးစွဲခွင့် ရသင့်ကြောင်း မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။ အထူးတလည် အရေးကြီးတဲ့ အခြေအနေမျိုးကျရင် လက်နက်တွေနဲ့ ဖောက်ခွဲရေး ကိရိယာတွေ တပ်ဆင်ထားတဲ့ စက်ရုပ်တွေကို ရဲတွေက အသုံးပြုနိုင်မယ့် သဘောပါ။

ဒါပေမဲ့ လက်ရှိ အချိန်ထိတော့ လက်နက် တပ်ဆင်ထားတဲ့ စက်ရုပ်တွေကို လုံးဝဥဿုံ မသုံးစွဲရသေးကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒီကိစ္စဟာ အငြင်းပွားစရာတွေကို အတော်လေး ကြုံတွေ့စေခဲ့ပါတယ်။

ရဲတပ်ဖွဲ့က လူသတ်စက်ရုပ်တွေ သုံးစွဲတဲ့ ကိစ္စကို ဆန့်ကျင်တဲ့ Stop Killer Robots အဖွဲ့ဝင် ဒေါက်တာ ကက်သရင်း ကော်နယ်လီက ဒီလုပ်ရပ်ဟာ လူတွေရဲ့ အသက်တွေနဲ့ ဆက်စပ်ပြီး ကပျက်ကချော် ကိုင်တွယ်မှု တစ်ခုလို့ ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေကတော့ ဒီလို စက်ရုပ်မျိုးတွေကို ခန့်မှန်းရခက်တဲ့၊ အန္တရာယ်များတဲ့၊ လူ့အသက်တွေကို ခြိမ်းခြောက်နိုင်တဲ့ သံသယ တရားခံမျိုးတွေနဲ့ ရင်ဆိုင်ရချိန်မှာသာ မဖြစ်မနေ ထုတ်သုံးမှာပါလို့ ဆိုပါတယ်။ ထောက်ခံသူတွေကလည်း စက်ရုပ်တွေကို အလွန်အကျွံ အန္တရာယ်များတဲ့ အခြေအနေတွေမှာသာ အသုံးပြုမှာ ဖြစ်ကြောင်း ပြောကြပါတယ်။

ဒါပေမဲ့ ဆန့်ကျင်သူတွေကတော့ ဒီလုပ်ရပ်ဟာ ရဲတွေကို စစ်တပ်အသွင် လက်နက် တပ်ဆင်ပေးနေတဲ့ နောက်ထပ် ခြေလှမ်းတစ်ခုသာ ဖြစ်တယ်လို့ ဝေဖန်ကြသလို ပြဿနာ တစ်ခုကို ပြေလည် လျော့ပါးစေမယ့် နည်းဗျူဟာတွေ သုံးမယ့်အစား သတ်ဖြတ်ရေး ယန္တရားတွေနဲ့ အစားထိုးမယ့် လုပ်ရပ်အဖြစ် ရှုတ်ချကြပါတယ်။

မြို့တော် အုပ်ချုပ်ရေး ဘုတ်အဖွဲ့ကတော့ အဲဒီလို စက်ရုပ်တွေ အသုံးပြုခွင့်ကို ရဲတပ်ဖွဲ့ရဲ့ ထိပ်တန်း အရာရှိ အနည်းငယ်ကသာ စီမံဆုံးဖြတ်ပိုင်ခွင့် ကန့်သတ် ထားရှိမယ်လို့ ပြောပါတယ်။ ၂၀၁၆ တုန်းက တက္ကဆက်စ်ပြည်နယ်၊ ဒဲလက်စ်မြို့မှာ ရဲတွေက C-4ဗုံး တပ်ဆင်ထားတဲ့ စက်ရုပ်တစ်ခုကို အသုံးပြုပြီး စနိုက်ပါ သေနတ်သမား တစ်ယောက်ကို သုတ်သင်ခဲ့ဖူးပါတယ်။ အဲဒီ စနိုက်ပါဟာ ရဲနှစ်ဦးကို ပစ်သတ်ထားခဲ့သူ ဖြစ်ပါတယ်။

Stop Killer Robots အဖွဲ့ရဲ့ ဒေါက်တာ ကော်နယ်လီကတော့ ဒီစက်ရုပ်မျိုးတွေ အသုံးတွင်ကျယ်လာတဲ့အခါ အနာဂတ်မှာ ဆုံးဖြတ်ရခက်တဲ့ အရေးပေါ် အခြေအနေတွေ ကြုံလာတိုင်း ရဲတွေက သုတ်သင်ရှင်းလင်းရေး နည်းလမ်းကို ဦးစားပေး ရွေးချယ်လာတော့မယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နီပေါနိုင်ငံမှာ လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်မှုကို မကျေနပ်တဲ့ ဆန္ဒပြသူတွေကို ရဲတွေက အင်အားသုံး ဖြိုခွင်းရာက လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ပြီးတော့ ပြဿနာတွေ အရမ်းပြင်းထန်လာတဲ့နောက် အစိုးရဟာ အဲဒီ ပိတ်ပင်မှုကိုလည်း ရုပ်သိမ်းပေးခဲ့ရပါတယ်။

သတင်း

သာသ‌နာရေးကားဖြင့် ပုံဖျက်လာသည့် ရဲတပ်ဖွဲ့ဝင်ငါးဦးကို မကွေးတိုင်း ၊ဆင်ပေါင်ဝဲမြို့နယ်၊ ကျောသာကျေးရွာနှင့်သပြေစမ်းကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း သရက်ခရိုင်အမှတ် (၅) တပ်ရင်းက ထုတ်ပြန်သည်။

သတင်း

၂၀၂၂ ဒီဇင်ဘာ ၂၀ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

သတင်း

ယနေ့(ဒီဇင်ဘာ ၂၆ရက်) နံနက်ပိုင်းက မုံရွာမြို့ပေါ်တနေရာ၌ လက်နက်ကိုင်လူငယ်အချို့ကအမျိုးသမီးကို သေနတ်ဖြင့်ပစ်သတ်ပြီး ကားအား ယူဆောင်သွားခဲ့သည်။

Facebook