Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတသစ် ကျမ်းကျိန်ပွဲ ပျက်အောင် ဗုံးခွဲဖို့ စီစဉ်ခဲ့သူကို ဘရာဇီး ရဲတပ်ဖွဲ့ ဖမ်းဆီး

အသက် ၅၄ နှစ်အရွယ် အမျိုးသားဟာ ဘရာစေးလီယာ မြို့တော်က လေဆိပ်တစ်ခုနားမှာ ဆီတင်ယာဉ်ကြီး တစ်ခုကို ဖောက်ခွဲဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ဗုံးမကွဲခဲ့ဘဲ အစီအစဉ် ပျက်ခဲ့သလို ကိုယ်တိုင်လည်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သမ္မတသစ် ကျမ်းကျိန်ပွဲ ပျက်အောင် ဗုံးခွဲဖို့ စီစဉ်ခဲ့သူကို ဘရာဇီး ရဲတပ်ဖွဲ့ ဖမ်းဆီး
သမ္မတသစ် ကျမ်းကျိန်ပွဲ ပျက်အောင် ဗုံးခွဲဖို့ စီစဉ်ခဲ့သူကို ဘရာဇီး ရဲတပ်ဖွဲ့ ဖမ်းဆီး

သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုမယ့် အစီအစဉ် ပျက်ပြယ်အောင် မိုင်းခွဲဖို့ စီစဉ်ထားသူ တစ်ဦးကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဘရာဇီး ရဲတပ်ဖွဲ့က ကြေညာပါတယ်။

သူဟာ လာမယ့် ရက်ပိုင်းမှာ သမ္မတသစ်အဖြစ် လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားက ကျမ်းသစ္စာ ကျိန်ဆိုမယ့် အစီအစဉ် ပျက်သွားအောင် အကြီးအကျယ် ကမောက်ကမ ဖြစ်စေမယ့် အဖျက်လုပ်ရပ် တစ်ခုကို ကြံစည်ထားခဲ့တာလို့ ဆိုပါတယ်။

အသက် ၅၄ နှစ်အရွယ် အမျိုးသားဟာ ဘရာစေးလီယာ မြို့တော်က လေဆိပ်တစ်ခုနားမှာ ဆီတင်ယာဉ်ကြီး တစ်ခုကို ဖောက်ခွဲဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ဗုံးမကွဲခဲ့ဘဲ အစီအစဉ် ပျက်ခဲ့သလို ကိုယ်တိုင်လည်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဘရာဇီး သမ္မတဟောင်း လူလာဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တကျော့ပြန် အနိုင်ရခဲ့တဲ့နောက် ဇန်နဝါရီ ၁ ရက်မှာ ဘရာဇီး သမ္မတ နေရာကို တကျော့ပြန် တာဝန်ယူခွင့် ရတော့မှာပါ။ ဒါပေမဲ့ လက်ရှိ သမ္မတ ဂျဲရ် ဘော်လ်ဆိုနာရိုက သူ့ရဲ့ ရွေးကောက်ပွဲ အရေးနိမ့်မှုကိုရော၊ လူလာရဲ့ အနိုင်ရမှုကိုပါ အတိအလင်း ဝန်ခံတာမျိုး မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

ဘော်လ်ဆိုနာရိုရဲ့ လက်ယာစွန်း ထောက်ခံသူတွေကလည်း လူလာကို သမ္မတ မဖြစ်ထိုက်ဘူးလို့ ကန့်ကွက်နေပြီး လိုအပ်ရင် ဘရာဇီး စစ်တပ်ကပါ အာဏာသိမ်းသင့်တယ်လို့ တောင်းဆိုခဲ့ကြပါတယ်။ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ဖျက်ဆီးဖို့ ဗုံးခွဲမယ့် အခုအကြံအစည်ကိုလည်း ဘော်လ်ဆိုနာရို ထောက်ခံသူ တချို့က ဝိုင်းဝန်း ပံ့ပိုးခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

တကယ်လို့ အဲဒီဆီတင်ကားကြီးသာ အပြင်းအထန် ပေါက်ကွဲရင် မြို့တော်မှာ အရှုပ်အထွေးတွေ ဖြစ်ကုန်ပြီး ကျမ်းသစ္စာ ကျိန်ဆိုပွဲပျက်အောင် သံသယ တရားခံ အမျိုးသားက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ သူထောင်ထားတဲ့ ဖောက်ခွဲရေး ကိရိယာကို ဆီတင်ကား ယာဉ်မောင်းက မတော်တဆ ရှာတွေ့သွားရာက ရဲတွေဆီကို အကြောင်းကြားခဲ့တာပါ။

လူလာ သမ္မတ ဖြစ်လာရင် တရားရေး ဝန်ကြီး အနေနဲ့ တာဝန်ယူမယ့် ဖလာဗီယို ဒီနိုကတော့ အခုဖြစ်စဉ်ကို အကြောင်းပြုပြီး ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် ကြိုတင် ပြင်ဆင်ထားတဲ့ လုံခြုံရေး အစီအမံတွေကို ပြန်လည် သုံးသပ်ပြီး အားဖြည့်သင့်တာတွေ ဖြည့်သွားမယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဘရာဇီးဟာ အာရှ အသင်းကောင်း ဂျပန်ကို ကျော်ဖြတ်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဘောလုံး အဆင့်အတန်း သိသိသာသာ တိုးတက်လာပြီး အခုနှစ် ပြိုင်ပွဲမှာ ဖျက်မြင်း အသင်းတစ်သင်းအဖြစ် သတ်မှတ် ခံထားရတဲ့ ဂျပန်ဟာ...