Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချီလီ လေဆိပ်တစ်ခုမှာ အနုကြမ်းစီးဖို့ ကြိုးစားမှု မအောင်မြင်၊ အပြန်အလှန် ပစ်ခတ်မှုကြောင့် ၂ ဦးသေ

ရဲတင်းလှတဲ့ အနုကြမ်းစီးမှုကို ကျူးလွန်တဲ့ အဖွဲ့အစည်းနဲ့ ပတ်သက်လို့တော့ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။ တောင်အမေရိက ဒေသတွင်းက ချီလီနိုင်ငံမှာ အုပ်စုဖွဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ပိုပြီး စိုးရိမ်စရာ အခြေအနေတွေ ဖြစ်လာပါတယ်။

ချီလီ လေဆိပ်တစ်ခုမှာ အနုကြမ်းစီးဖို့ ကြိုးစားမှု မအောင်မြင်၊ အပြန်အလှန် ပစ်ခတ်မှုကြောင့် ၂ ဦးသေ
ချီလီ လေဆိပ်တစ်ခုမှာ အနုကြမ်းစီးဖို့ ကြိုးစားမှု မအောင်မြင်၊ အပြန်အလှန် ပစ်ခတ်မှုကြောင့် ၂ ဦးသေ

ချီလီနိုင်ငံက လေဆိပ်တစ်ခုကို အနုကြမ်းစီးဖို့ ကြိုးစားမှု မအောင်မြင်ရာက အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပြီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

လက်နက်ကိုင် အမျိုးသား တစ်စုဟာ ငွေသား ပမာဏ အမြောက်အမြား တင်ပို့မယ့် ခရီးစဉ် တစ်ခုကို ကြားဖြတ် လုယက်ဖို့ အားထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ မတ် ၈ ရက်က မြို့တော် ဆန်တီယေဂိုက အာတူရို မာရီနို ဘင်နီတက်ဇ် နိုင်ငံတကာ လေဆိပ်မှာ ဒေါ်လာ ၃၂.၅ သန်းလောက်ထိ များပြားတဲ့ ငွေသားတွေကို လေဆိပ် အမှုထမ်းတွေက အရွှေ့အပြောင်း လုပ်နေတုန်း လက်နက်ကိုင် ၁၀ ဦး၊ ဒါမှမဟုတ် ၁၂ ဦးလောက်က အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြေးနဲ့ တခြား အဖိုးတန် ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင် လေယာဉ်ဟာ အမေရိကန်နိုင်ငံ၊ မီယာမီမြို့ကနေ ဆိုက်ရောက်လာပြီးနောက် လေဆိပ်ကနေတဆင့် Brinks လုံခြုံရေး ကုမ္ပဏီဆီ ရွှေ့ပြောင်း သယ်ယူဖို့ စီစဉ်နေချိန် အနုကြမ်းစီးမှု ကြုံခဲ့ရတာပါ။

ဒါပေမဲ့ လုံခြုံရေးတွေက တုံ့ပြန် တိုက်ခိုက်ခဲ့တာကြောင့် အခုရာဇဝတ်မှု မအောင်မြင်ခဲ့ကြောင်း၊ ဓားပြတစ်ဦးနဲ့ လုံခြုံရေး အမှုထမ်းတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ တာဝန် အပ်နှင်း ခံထားရတဲ့ အစိုးရ ရှေ့နေ အီဒွာဒို ဘေဇာက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရဲတင်းလှတဲ့ အနုကြမ်းစီးမှုကို ကျူးလွန်တဲ့ အဖွဲ့အစည်းနဲ့ ပတ်သက်လို့တော့ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။ တောင်အမေရိက ဒေသတွင်းက ချီလီနိုင်ငံမှာ အုပ်စုဖွဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ပိုပြီး စိုးရိမ်စရာ အခြေအနေတွေ ဖြစ်လာပါတယ်။

၂၀၁၇ တုန်းကလည်း လက်နက်ကိုင် အဖွဲ့တစ်ခုက ဒေါ်လာ ၁၈ သန်းလောက်ကို ခိုးဝှက် လုယက်သွားခဲ့ဖူးပြီး နောက်ထပ် ၃ နှစ် အကြာမှာလည်း သံချပ်ကာ သယ်ယူပို့ဆောင်ရေး ယာဉ်တစ်စီးကို စီးနင်းပြီး ဒေါ်လာ ၁၅ သန်းလောက်ကို လုယက်သွားမှု ပေါ်ပေါက်ခဲ့သေးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရာဇဝတ်မှုမြောက်တဲ့ ရန်လိုမှု တစ်ခုအဖြစ် ကူဝိတ်က စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လေဆာ အမွေးရိတ်စက် တစ်ခုကို ဗုံးလို့ သံသယရှိရာက ဩစတြေးလျမှာ လေဆိပ်တစ်ခု ယာယီပိတ်ခဲ့ရပြီး ဗုံးရှင်းလင်းရေး အဖွဲ့တွေကိုပါ ခေါ်ယူခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။