Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေ ခြယ်လှယ်နေတဲ့ မြန်မာ့နယ်စပ်မြို့ နှစ်ခုကို ထိုင်းက ဓာတ်အားဖြတ်တောက်

ထိုင်းဖက်က လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု ရပ်တန့်လိုက်တဲ့ မြို့တွေကတော့ ရွှေက္ကိုလ်နဲ့ ဘန်လီလီကို မြို့သစ်တွေဖြစ်ပြီး နှစ်ခုစလုံးက ကရင်ပြည်နယ် နယ်နိမိတ်ထဲမှာ တည်ရှိနေပါတယ်။

တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေ ခြယ်လှယ်နေတဲ့ မြန်မာ့နယ်စပ်မြို့ နှစ်ခုကို ထိုင်းက ဓာတ်အားဖြတ်တောက်
တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေ ခြယ်လှယ်နေတဲ့ မြန်မာ့နယ်စပ်မြို့ နှစ်ခုကို ထိုင်းက ဓာတ်အားဖြတ်တောက်

မြန်မာဖက်ခြမ်းက မြို့နှစ်မြို့ကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနေမှုကို ထိုင်းနိုင်ငံက ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

သောင်ရင်းမြစ် တစ်ဖက်ကမ်းက နယ်ခြားဒေသမှာ တည်ရှိတဲ့ အဲဒီ မြို့တွေဟာ တရုတ်ရဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက တရားမဝင် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နေတဲ့ နေရာတွေ ဖြစ်ပြီး မြန်မာအာဏာပိုင်တွေရဲ့ ပန်ကြားမှုအရ အခုလို ဓာတ်အား ထောက်ပံ့မှု ရပ်ဆိုင်းလိုက်တာလို့ ထိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဝေရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းဖက်က လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု ရပ်တန့်လိုက်တဲ့ မြို့တွေကတော့ ရွှေက္ကိုလ်နဲ့ ဘန်လီလီကို မြို့သစ်တွေဖြစ်ပြီး နှစ်ခုစလုံးက ကရင်ပြည်နယ် နယ်နိမိတ်ထဲမှာ တည်ရှိနေပါတယ်။

အဲဒီ မြို့တွေထဲမှာ တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေက တရားမဝင် လောင်းကစားဝိုင်းတွေ၊ ဖျော်ဖြေရေး လုပ်ငန်းတွေအတွက် စုစုပေါင်း ဒေါ်လာ ၁.၅ ဘီလီယံလောက်ထိ ရင်းနှီးမြှုပ်နှံထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

နီးစပ်သူတွေရဲ့ အဆိုအရ မြို့နှစ်မြို့ဆီ ဓာတ်အား ထောက်ပံ့မှုတွေကို မြန်မာဖက်က ရပ်တန့်လိုက်သလို ထိုင်းကိုလည်း အလားတူ ဆောင်ရွက်ဖို့ တောင်းဆိုခဲ့တာလို့ သိရပါတယ်။

ထိုင်းနဲ့ မြန်မာကြား ကရင်ပြည်နယ်ထဲက နယ်ခြား ကူးသန်းရောင်းဝယ်ရေး ဂိတ်တွေကတော့ ပုံမှန် အနေအထား အတိုင်းပဲ ရှိနေတယ်လို့ ဆိုပါတယ်။ ဒေသခံ မြန်မာနိုင်ငံသား အများစုက မြို့သစ်နှစ်ခုရဲ့ နယ်နိမိတ် ပြင်ပမှာ နေထိုင်ကြတဲ့အတွက် ဓာတ်အားဖြတ်တောက်မှုတွေကြောင့် ထိခိုက်မယ့် အခြေအနေ မရှိပေမယ့် တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေတော့ အတော်လေး အထိနာနိုင်ဖွယ် ရှိကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။