Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လွှတ်တော် စီးနင်းမှုဟာ သူနဲ့ ဘာမှ မပတ်သက်ဘူးလို့ တရားခွင်မှာ ထရမ့် ငြင်းဆို

၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့်က လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကို အရေးနိမ့်ခဲ့တဲ့နောက် ဘိုင်ဒန်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် ရက်ပိုင်းအလို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှာ ထရမ့်ကို အားပေးထောက်ခံသူ လက်ယာစွန်း ဝါဒီတွေက အမေရိကန် လွှတ်တော် အဆောက်အအုံကို စီးနင်းခဲ့ကြပါတယ်။

လွှတ်တော် စီးနင်းမှုဟာ သူနဲ့ ဘာမှ မပတ်သက်ဘူးလို့ တရားခွင်မှာ ထရမ့် ငြင်းဆို
လွှတ်တော် စီးနင်းမှုဟာ သူနဲ့ ဘာမှ မပတ်သက်ဘူးလို့ တရားခွင်မှာ ထရမ့် ငြင်းဆို

လွန်ခဲ့တဲ့ ၂ နှစ်ခွဲကျော်က အမေရိကန်လွှတ်တော် စီးနင်းခံရတဲ့ ဖြစ်စဉ်မှာ သူ့ရဲ့ သွေးထိုး လှုံ့ဆော်မှုတွေ ပါဝင်နေကြောင်း စွပ်စွဲချက်တွေကို ဝါရှင်တန်ဒီစီ မြို့တော် တရားရုံးမှာ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်က ငြင်းဆိုသွားခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့်က လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကို အရေးနိမ့်ခဲ့တဲ့နောက် ဘိုင်ဒန်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် ရက်ပိုင်းအလို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှာ ထရမ့်ကို အားပေးထောက်ခံသူ လက်ယာစွန်း ဝါဒီတွေက အမေရိကန် လွှတ်တော် အဆောက်အအုံကို စီးနင်းခဲ့ကြပါတယ်။

ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်မှုတွေ၊ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲပြီး သူ့ရဲ့ အရေးနိမ့်မှုကို အသိအမှတ်ပြုဖို့ အစဉ်တစိုက် ငြင်းဆိုခဲ့ခြင်းက အခုလိုမျိုး အစွန်းရောက် ထောက်ခံသူတွေရဲ့ လွန်ကဲတဲ့ လုပ်ရပ်မျိုး ပေါ်ပေါက်လာအောင် မီးစာဖြည့်ပေးခဲ့တယ်ဆိုတဲ့ ဝေဖန် ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာတော့ ထရမ့်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခွဲကျော်က လွှတ်တော် တိုက်ခိုက်ခံရမှုမှာ ပါဝင် ဆက်နွှယ်မှုနဲ့ တရားစွဲဆိုခြင်း ခံလိုက်ရပါတယ်။ ဒါကြောင့် သူဟာ ဝါရှင်တန်က တရားခွင်မှာ လာရောက် ခုခံ လျှောက်လဲခဲ့ရတာ ဖြစ်ပါတယ်။ ဩဂုတ် ၃ ရက်က တရားခွင်က ထွက်လာချိန်မှာ ထရမ့်က ဒီကိစ္စဟာ သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေရဲ့ မရိုးမသား အကွက်ဆင်မှု တစ်ခုသာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ လာမယ့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပြီး အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာအတွက်လည်း ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

သူဟာ ရာဇဝတ်ကြောင်းဆိုင်ရာ စစ်ဆေးမှုတွေအတွက် တရားခွင်မှာ ၄ လအတွင်း ၃ ကြိမ်မြောက် ရင်ဆိုင် လျှောက်လဲခဲ့ရတာ ဖြစ်ပါတယ်။ ထရမ့်ဟာ အခုကိစ္စအပြင် အစိုးရ ထိပ်တန်းလျှို့ဝှက် မှတ်တမ်းတွေကို ပေါ့ပေါ့ဆဆ ကိုင်တွယ်မှု၊ စီးပွားရေးဆိုင်ရာ လျှို့ဝှက်ချက်တွေ မပေါက်ကြားစေဖို့ ညစ်ညမ်းရုပ်ရှင် မင်းသမီး တစ်ဦးကို အခကြေးငွေပေးပြီး နှုတ်ပိတ်မှုတွေ အတွက်လည်း သီးခြား တရားရင်ဆိုင်မှုတွေ ကြုံတွေ့နေရပါတယ်။

ဆက်စပ်သတင်းများ

သရော်စာ

မြန်မာနိုင်ငံအလယ်ပိုင်း ကြပ်ပြေးဒေသမှာ “ဖွတ်တော်”တစ်ခု မကြာသေးခင်က ပေါ်ထွန်းလာတယ်လို့ ကြားသိရ ပါတယ်။ “မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့ လက်ရဲဇက်ရဲလူမိုက်ဂွတိုတစ်ယောက် ရမ်းကားရာကနေ ပေါ်ပေါက် လာတာလို့လည်း သိရပါတယ်။

နိုင်ငံတကာ

ကိုဆိုဗို လွှတ်တော်ထဲမှာ အမျိုးသမီး အမတ်တစ်ဦးက ဝန်ကြီးချုပ်ကို ကြက်ဥတွေနဲ့ ပစ်ပေါက်နေတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောများပြီး ပျံ့နှံ့နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ပြည်သူ့လွှတ်တော်သဘင်ဆောင်မှာ ဇာတ်မင်းသားအောင်ဇမ္ဗူ ဇတ်အဖွဲ့သွား​ရောက်ကပြဖျော်ဖြေခဲ့ပါတယ်။