Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

စစ်မြေပြင်မှာ ထုတ်ယူ သုံးစွဲနေရလို့ သိုလှောင်ထားတဲ့ ရုရှား စစ်လက်နက်ဟောင်းတွေ သိသိသာသာ လျော့ပါးလာ

ရုရှားနိုင်ငံ အနှံ့မှာ အဲဒီလို နေရာမျိုး တစ်ဒါဇင်ထက် မနည်းကို Moscow Timesက တွေ့ရှိထားပြီး တခြား နေရာတွေမှာရော လက်နက်နဲ့ စစ်ယန္တရား အဟောင်းတွေ အခုလိုမျိုး လျော့ပါး ကျဆင်းသွားသလား ဆိုတာကို ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။

စစ်မြေပြင်မှာ ထုတ်ယူ သုံးစွဲနေရလို့ သိုလှောင်ထားတဲ့ ရုရှား စစ်လက်နက်ဟောင်းတွေ သိသိသာသာ လျော့ပါးလာ
စစ်မြေပြင်မှာ ထုတ်ယူ သုံးစွဲနေရလို့ သိုလှောင်ထားတဲ့ ရုရှား စစ်လက်နက်ဟောင်းတွေ သိသိသာသာ လျော့ပါးလာ

ရုရှားရဲ့ စစ်လက်နက် အဟောင်းတွေကို ထည့်သွင်း သိမ်းဆည်းထားတဲ့ နေရာဟာ အခုအခါမှာတော့ တဝက်နီးပါးလောက် အပြောင်အစင် ဖြစ်သွားပြီလို့ ဆိုပါတယ်။ အကြောင်းကတော့ ယူကရိန်း စစ်ပွဲမှာ လက်နက်ခဲယမ်း မလုံလောက်တော့တဲ့အတွက် ရုရှားဟာ ခေတ်ဟောင်း ဆိုဗီယက် စစ်လက်နက်တွေကို ပြန်လည် ထုတ်ယူ အသုံးပြုနေကြရလို့ ဖြစ်ပါတယ်။

Moscow Times သတင်းဌာနက ဝေဟင်ကနေ ရိုက်ကူးထားတဲ့ ဂြိုဟ်တုမှတ်တမ်း ဓာတ်ပုံတွေကို လေ့လာခဲ့တဲ့နောက် ဘာယက်ရှာပြည်နယ် မြို့တော် ယူလန်အူဒူရဲ့ အပြင်ဖက်မှာရှိတဲ့ ဗက်ဇာနိုဗို စစ်ပစ္စည်း သိုလှောင်စခန်းက ခေတ်ဟောင်း တင့်ကားတွေ၊ လက်နက်ကြီးယူနစ်တွေ သိသိသာသာ လျော့ကျသွားတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဆိုက်ဘေးရီးယား အရှေ့ပိုင်းမှာ တည်ရှိတဲ့ အဲဒီနေရာဟာ ရုရှားရဲ့ စစ်လက်နက် အဟောင်းတွေကို သိုလှောင်သိမ်းဆည်းထားတဲ့ အကြီးဆုံး ဧရိယာတစ်ခု ဖြစ်ပါတယ်။ ၁၀ စတုရန်း ကီလိုမီတာလောက် ကျယ်ဝန်းတဲ့ နေရာမှာ ရာထောင်ချီ များပြားတဲ့ စစ်လက်နက် ယန္တရားအဟောင်းတွေကို သိုမှီးထားပါတယ်။

ရုရှားနိုင်ငံ အနှံ့မှာ အဲဒီလို နေရာမျိုး တစ်ဒါဇင်ထက် မနည်းကို Moscow Timesက တွေ့ရှိထားပြီး တခြား နေရာတွေမှာရော လက်နက်နဲ့ စစ်ယန္တရား အဟောင်းတွေ အခုလိုမျိုး လျော့ပါး ကျဆင်းသွားသလား ဆိုတာကို ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားကတော့ စစ်မြေပြင်အတွက် ဖူလုံအောင် စစ်လက်နက်တွေ အလျင်မီမီ မထုတ်လုပ်နိုင်လို့ ဆိုဗီယက်ခေတ် လက်ကျန်တွေကို ထုတ်သုံးနေရတယ်ဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

အရင်ကလည်း ရုရှားရဲ့ စစ်အေးခေတ် အစောပိုင်း ကာလက အသုံးပြုတဲ့ တင့်ကားအဟောင်းတွေကို အရေးပေါ် မွမ်းမံ အဆင့်မြှင့်မှုတွေ လုပ်ဆောင်ပြီး ရှေ့တန်း စစ်မြေပြင်တွေဆီ ရထားတွေနဲ့ ကတိုက်ကရိုက် ပို့ဆောင်တဲ့ မှတ်တမ်း ဗီဒီယိုတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

ယူကရိန်းနဲ့ စစ်ပွဲ မစခင်က ဗက်ဇာနိုဗိုမှာ တင့်ကားနဲ့ သံချပ်ကာကားဟောင်း ၄၀၀၀ နီးပါး ရှိခဲ့ရာက အခုအခါမှာတော့ ၂၆၀၀ လောက်သာ ကျန်တော့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကြွင်းကျန်နေတဲ့ တင့်ကားတွေထဲက ထက်ဝက်လောက်ရဲ့ အမြောက်ပြောင်းတွေကို ဖြုတ်ယူထားတာလည်း တွေ့ရပါတယ်။ ဒါဟာ စစ်လက်နက် အပိုပစ္စည်းတွေ ထုတ်လုပ်နိုင်စွမ်းပါ လျော့ကျနေလို့ ပစ္စည်းဟောင်းတွေ ပြန်သုံးနေရတဲ့ အခြေအနေမျိုးလည်း ဖြစ်နိုင်ပါတယ်။

နိုင်ငံတကာ စစ်ရေး သုတေသီတွေကတော့ ရုရှားဟာ ဆိုဗီယက်ခေတ် T-72 တင့်ကားဟောင်းတွေကို ဂိုဒေါင်ထဲက ပြန်ထုတ်ပြီး အဆင့်မြှင့်ဖို့အတွက် အစိတ်အပိုင်းဟောင်းတွေ အများအပြား လိုအပ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ဇူလိုင်လတုန်းကတော့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူက ရုရှားရဲ့ ပြည်တွင်း စစ်လက်နက် လုပ်ငန်းတွေ အနေနဲ့ နိုင်ငံကာကွယ်ရေး ကဏ္ဍအတွက် အပူတပြင်း လိုအပ်နေတဲ့ စစ်လက်နက်တွေ ထုတ်လုပ်မှု အရှိန်အဟုန်ကို မြှင့်တင်ပေးဖို့ တိုက်တွန်း တောင်းဆိုခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။