Connect with us

Hi, what are you looking for?

နိုင်ငံတကာ

⁨ပူတင်က လူကောင်းတယောက် မဟုတ်ဘဲ အာဏာရှင်သာ ဖြစ်တယ်လို့ ဘိုင်ဒန် ဝေဖန်

ဘိုင်ဒန်က သူဟာ ပူတင်အကြောင်းကို နှစ်ပေါင်း ၄၀ လောက် သိထားခဲ့ကြောင်း၊ အဲဒီ နှစ် ၄၀ လုံးလုံး သူနဲ့ပတ်သက်သမျှ စိတ်အေးစရာ မရှိခဲ့ကြောင်း ဆိုပါတယ်။

⁨ပူတင်က လူကောင်းတယောက် မဟုတ်ဘဲ အာဏာရှင်သာ ဖြစ်တယ်လို့ ဘိုင်ဒန် ဝေဖန်
⁨ပူတင်က လူကောင်းတယောက် မဟုတ်ဘဲ အာဏာရှင်သာ ဖြစ်တယ်လို့ ဘိုင်ဒန် ဝေဖန်

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ လူကောင်းတယောက် မဟုတ်ဘဲ အာဏာရှင် သက်သက်သာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဝေဖန်သွားခဲ့ပါတယ်။

ABC သတင်းဌာနရဲ့ ဒေးဗစ် မူအာနဲ့ အင်တာဗျူးမှာ ဘိုင်ဒန်က ပူတင်ကို အတော်ကြီး ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့သလို အမေရိကန် ထောက်ပံ့တဲ့ စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာ အကန့်အသတ်နဲ့ အသုံးပြု တိုက်ခိုက်ခွင့် ပေးခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ထည့်သွင်း ဆွေးနွေးသွားခဲ့ပါတယ်။

ဘိုင်ဒန်က သူဟာ ပူတင်အကြောင်းကို နှစ်ပေါင်း ၄၀ လောက် သိထားခဲ့ကြောင်း၊ အဲဒီ နှစ် ၄၀ လုံးလုံး သူနဲ့ပတ်သက်သမျှ စိတ်အေးစရာ မရှိခဲ့ကြောင်း ဆိုပါတယ်။ ပူတင်ဟာ လူကောင်းတယောက် မဟုတ်ကြောင်း၊ အာဏာရှင် တဦးဖြစ်ကြောင်း၊ တဖက်မှာလည်း ယူကရိန်း ကျူးကျော်စစ်ကို ဆင်နွှဲနေတဲ့ ကာလတလျှောက် သူ့နိုင်ငံကို စုစည်းထားနိုင်ဖို့ အတော်လေး အားထုတ်နေရကြောင်း ဘိုင်ဒန်က ပြောပါတယ်။

ဘိုင်ဒန်က အမေရိကန် စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေထိ တိုက်ခိုက်ရာမှာ အသုံးပြုဖို့ ယူကရိန်းကို မီးစိမ်းပြလိုက်တာနဲ့ ပတ်သက်ပြီးလည်း အဲဒီ လက်နက်တွေဟာ မော်စကို မြို့တော်နဲ့ ကရင်မလင် နန်းတော်ကို ပစ်မှတ်ထားဖို့ ခွင့်ပြုခဲ့တာ မဟုတ်ဘူးလို့ ဖြေရှင်းခဲ့ပါတယ်။ ယူကရိန်း ပိုင်နက်ထဲကို ချိန်ရွယ်ပစ်ခတ်နေတဲ့ သမားရိုးကျ စစ်လက်နက် စနစ်တွေကို ရုရှားပိုင်နက်ထဲမှာ ဝင်ရောက် ဖျက်ဆီးဖို့ အတွက် အမေရိကန်ရဲ့ လက်နက်တွေကို အသုံးပြုခွင့် ပေးလိုက်တာဟာ ယူကရိန်း စစ်သည်တွေရဲ့ အသက်ကို ကယ်တင်ပေးဖို့သာ ဖြစ်ကြောင်း ဘိုင်ဒန်က မှတ်ချက် ပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ဟာ ရုရှားနဲ့ တိုက်ရိုက် တင်းမာမှုတွေ မြင့်တက်လာမှာကို စိုးရိမ်တဲ့အတွက် အမေရိကန်လုပ် စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာ အသုံးပြု တိုက်ခိုက်တာမျိုးကနေ ယူကရိန်းကို တားမြစ်ထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဖြေလျှော့ ခွင့်ပြုချက်ဟာ အမေရိကန်ရဲ့ မြင်သာတဲ့ မူဝါဒ အပြောင်းအလဲ တစ်ခု ဖြစ်ခဲ့ပေမယ့် အမေရိကန် စစ်လက်နက်တွေကို ခါကစ်ဗ် ဒေသတဝိုက်က ရုရှားနယ်စပ်မှာသာ အသုံးပြုဖို့ ဆက်လက် ကန့်သတ်ထားဆဲပါ။

အခုသီတင်းပတ်ထဲမှာတော့ ပူတင်က အမေရိကန် အပါအဝင် အနောက်နိုင်ငံ တချို့က ရုရှားပိုင်နက်ထဲထိ တိုက်ခိုက်ဖို့ သူတို့ရဲ့ စစ်လက်နက်တွေကို ယူကရိန်းဆီ အသုံးပြုခွင့် ပေးလိုက်တာဟာ အရမ်း အန္တရာယ်ကြီးမားပြီး လွန်ကဲတဲ့ ခြေလှမ်းတစ်ခုလို့ ဝေဖန်သွားခဲ့ပါတယ်။ ဒီအခြေအနေကို တုံ့ပြန်ဖို့အတွက် အဲဒီနိုင်ငံတွေကို ရန်လိုတိုက်ခိုက်မယ့် နိုင်ငံတွေဆီ စစ်လက်နက်တွေ ထောက်ပံ့ဖို့ ရုရှားက စဉ်းစားသင့်ရင် စဉ်းစားမယ်လို့လည်း သူက ခြိမ်းခြောက်သွားခဲ့ပါတယ်။

ကိုးကား: ABC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။