Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နစ်မြုပ် စစ်သင်္ဘောကို ဆယ်ယူဖို့ ကြိုးစားရင်း မလေးရှားရေတပ် ရေငုပ်သမား သေဆုံး

နစ်မြုပ်နေတဲ့ မလေးရှား စစ်သင်္ဘော တစ်စီးကို ပြန်ဆယ်ဖို့ ကြိုးစားတဲ့ မစ်ရှင်မှာ ရေငုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

KD Pendekar သင်္ဘောဟာ ဩဂုတ် ၂၅ ရက်နေ့၊ နစ်မြုပ်ချိန်က ထိခိုက်သေပျောက်မှု မရှိခဲ့ပေမယ့် ပြန်ဆယ်တင်ဖို့ အားထုတ်မှုတွေအတွင်း ပထမဆုံး လူ့အသက် ဆုံးရှုံးမှုနဲ့ ကြုံတွေ့လာတာ ဖြစ်ပါတယ်။

မလေးရှား တော်ဝင်ရေတပ်က ဝါရင့် ရေငုပ်သမား တစ်ဦးဖြစ်တဲ့ အာမန်ဆန် ဟာမန်ဆာဟာ ဂျိုဟာမြို့ ကမ်းလွန်မှာရှိတဲ့ သင်္ဘော နစ်မြုပ်ရာ ရေပြင်မှာ တာဝန် ထမ်းဆောင်နေရင်း ဩဂုတ်လ ၂၈ ရက်နေ့က ကွယ်လွန်ခဲ့ကြောင်း ကြေညာသွားပါတယ်။

Public Service Announcement

Public Service Announcement

အပေါ့စား ဖျက်သင်္ဘောငယ် တစ်စီးဖြစ်တဲ့ KD Pendekarဟာ ကမ်းရိုးတန်းနဲ့ ရေမိုင် ၂ မိုင်လောက် အကွာမှာ အမျိုးအမည်မသိ ရေအောက်က အရာတစ်ခုခုနဲ့ ဝင်တိုက်မိပြီး နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ သင်္ဘော တစ်စီးလုံး နစ်မသွားခင် အတောအတွင်း ရေတပ်သား ၃၉ ယောက် စလုံးကို အောင်အောင်မြင်မြင် ကယ်ဆယ် ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။

သင်္ဘောဟာ တစ်ခုခုနဲ့ တိုက်မိလို့ ဝမ်းဗိုက် ကွဲထွက်သွားခဲ့ပြီး ရေတွေ ဒလဟော ဝင်လာခဲ့တာလို့ လွတ်မြောက်လာတဲ့ ရေတပ်သားတွေက ပြောပါတယ်။

ရေတပ်ဟာ သင်္ဘောပျက်ကို ပြန်ဆယ်ဖို့ ကြိုးစားနေပြီး ရေငုပ်သမားတွေက အဲဒီမစ်ရှင်အတွက် အလုပ်လုပ်နေကြတာပါ။ ဟာမန်ဆာဟာ သင်္ဘောကို ရေပေါ် ပေါ်လာစေမယ့် လေအိတ်တွေ တပ်ဆင်နေရင်း ရေနစ် သေဆုံးခဲ့တယ်လို့ ယူဆရပြီး အလောင်းကိုတော့ ဂျိုဟာမှာရှိတဲ့ ဆူလ်တန် အစ္စမေးလ် ဆေးရုံမှာ သေမှုသေခင်း စစ်ဆေးမှုတွေ ပြုလုပ်မယ်လို့ ဆိုပါတယ်။ နာရေးကိုတော့ ဆာဘားဟ်မြို့မှာ ပြုလုပ်သွားမှာပါ။ ကျန်ရစ်သူ မိသားစုအတွက် လိုအပ်သမျှ အကူအညီ အားလုံးကိုလည်း စီစဉ် ပေးအပ်သွားမယ်လို့ ရေတပ်က ထုတ်ပြန်ထားပါတယ်။

KD Pendekarကို ဆွီဒင်မှာ တည်ဆောက်ခဲ့ပြီး ၁၉၇၉ ခုနှစ်၊ ဇူလိုင်လမှာ မလေးရှားရေတပ်အတွက် စတင် အမှုထမ်းခဲ့ပါတယ်။ သင်္ဘော နစ်မြုပ်မှုအပြီး ရေတပ်ရဲ့ လက်ရှိ အသုံးပြုနေတဲ့ ရေယာဉ် သုံးပုံတစ်ပုံလောက်ကို ကြံ့ခိုင်မှု ပြန်လည် စစ်ဆေးသွားမယ်လို့ ကာကွယ်ရေး ဝန်ကြီး ခါလက်ဒ် နော်ဒင်က ပြောပါတယ်။ ရေတပ်မှာ သုံးစွဲနေတဲ့ ရေယာဉ် တစ်ဒါဇင် ဝန်းကျင်လောက်ဟာ သက်တမ်း နှစ် ၄၀ အထက် ရှိနေပြီလို့လည်း ဝန်ကြီးက ဆိုပါတယ်။

ဒါပေမဲ့ KD Pendekar နစ်မြုပ်မှုရဲ့ အကြောင်းရင်းကတော့ သက်တမ်းအိုဟောင်းမှုကြောင့် မဟုတ်ဘူးလို့ သူက အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

အာဏာ သိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းကို ယမန်နေ့ (ဇွန် ၈ )ကစစ်သင်္ဘောသုံးစီးနဲ့ စစ်ကူအင်အားသုံးရာဝန်းကျင် ထပ်မံဖြည့်တင်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ဟောမုဇ် ရေလက်ကြားဆီကို စစ်သင်္ဘောတွေ စေလွှတ်မယ်ဆိုရင် အကျိုးဆက်တွေက လှပမှာ မဟုတ်ဘူးလို့ အီရန်က ဗြိတိန်နဲ့ ပြင်သစ်တို့ကို သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်နိုင်ရေး စစ်ရေးအရ ကူညီပေးဖို့ သူ့ရဲ့ တောင်းဆိုမှုကို မဟာမိတ် နိုင်ငံတော်တော်များများက ပယ်ချထားပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အကူအညီတွေ လာနေပြီလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်သင်္ဘောတွေကို အရှေ့အလယ်ပိုင်းဆီ အင်အားတိုးမြှင့် ဖြန့်ကျက်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။