Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ဒရုန်းတစ်စီးကို ပစ်ချခဲ့တယ်လို့ ဟိုသီသူပုန်တွေ ထုတ်ပြန်

အမေရိကန်ရဲ့ နည်းပညာမြင့် စစ်သုံးဒရုန်း တစ်စီးကို အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့တယ်လို့ ယီမင်နိုင်ငံ အခြေစိုက် ဟိုသီ သူပုန်တပ်တွေက ကြေညာခဲ့ပါတယ်။

အမေရိကန်ရဲ့ MQ-9 အမျိုးအစား ဒရုန်းတစ်စီးကို အောင်အောင်မြင်မြင် ပစ်ချခဲ့တာ ဖြစ်တယ်လို့ ဟိုသီ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးချုပ် ယာယာဆာရီရဲ့ စက်တင်ဘာ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

MQ-9တွေဟာ အမေရိကန်ရဲ့ နည်းပညာ အမြင့်ဆုံး ဒရုန်းအမျိုးအစားတွေထဲမှာ ပါဝင်ပြီး တစ်စီးကို ပျမ်းမျှ ဒေါ်လာ သန်း ၃၀ လောက် တန်ဖိုးရှိပါတယ်။ အမေရိကန် လေတပ်ရဲ့ ထုတ်ပြန်ချက်အရ MQ-9 တွေဟာ အမြင့်ပေ ၅၀၀၀၀ လောက်မှာ မိုင်ပေါင်း ၁၁၅၀ လောက်ထိ ပျံသန်းနိုင်တယ်လို့ သိရပါတယ်။

အဲဒီ ဒရုန်းဟာ ယီမင်ပိုင်နက်ထဲ ဖြတ်ပျံတဲ့အချိန် ပစ်ချခံရတာလို့ ဟိုသီတွေက ပြောပေမယ့် တိကျတဲ့ အထောက်အထားမျိုးတော့ ပြသခြင်း မရှိခဲ့ပါဘူး။ စက်တင်ဘာ ၈ ရက် ညပိုင်းထိ အမေရိကန် စစ်တပ်ကလည်း အဲဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဆာရီက MQ-9ဟာ ရေနံတွင်းတွေနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ကွက်တွေ ရှိနေတဲ့ မာရစ်ဘ် ဒေသကို ဖြတ်ပျံတုန်းမှာ ပစ်ချခံခဲ့ရတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်ပွဲဖြစ်ပွားချိန် ကတည်းက အမေရိကန်ရဲ့ MQ-9 ဒရုန်းပေါင်း ၈ စီးထိကို ပစ်ချထားခဲ့ပြီး ဖြစ်တယ်လို့လည်း ဆာရီက ပြောပါတယ်။ အခုနောက်ဆုံး တစ်စီးဟာ ရန်လိုတဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာကြောင့် ဟိုသီ လေကြောင်းကာကွယ်ရေး တပ်တွေက ပစ်ချခဲ့တာလို့ သူက ဆက်ပြောခဲ့ပါတယ်။

ဟိုသီတွေဟာ ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးရဲ့ စစ်ပြုဖိနှိပ်မှုတွေကို ကြုံတွေ့ခံစားနေရတဲ့ ပါလက်စတိုင်း ပြည်သူတွေအတွက် ရပ်တည်ပြီး စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ဆာရီက ကြေညာသွားပါတယ်။ ဟိုသီတွေဟာ ဂါဇာစစ်ပွဲ စတင်ချိန် ကတည်းက နိုင်ငံရဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ ဖြတ်သန်းသွားတဲ့ အရပ်ဖက် ရေယာဉ်တွေကို နည်းလမ်းပေါင်းစုံနဲ့ ပစ်မှတ်ထား တိုက်ခိုက်လာခဲ့ပါတယ်။

ဟိုသီတွေက သူတို့ရဲ့ တိုက်ခိုက်မှုတွေဟာ အစ္စရေးကို အကူအညီပေးနေတဲ့ နိုင်ငံတွေရဲ့ ရေယာဉ်တွေကိုသာ ပစ်မှတ်ထားတာလို့ ထုတ်ပြန်ခဲ့ပေမယ့် အမေရိကန်ကတော့ အဲဒီအဆိုဟာ မှန်ကန်မှု မရှိဘူးလို့ စွပ်စွဲထားပါတယ်။

MQ-9တွေဟာ အမေရိကန်ရဲ့ အသုံးအတွင်ကျယ်ဆုံး ဒရုန်းအမျိုးအစား တစ်ခုဖြစ်ပြီး တိုက်ခိုက်ရေး မစ်ရှင်တွေ တာဝန်ယူနိုင်ပေမယ့် အဓိကအားဖြင့် ထောက်လှမ်းရေး ကဏ္ဍအတွက် အသုံးပြုနေတယ်လို့ လေတပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုးကား: Al Jazeera⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook