စက်တင်ဘာ ၁၃ ရက်နေ့က တိုက်ခိုက်မှုမှာ သမ္မတ ဒဏ်ရာရခဲ့ပေမယ့် အခြေအနေ မစိုးရိမ်ရဘူးလို့ အစိုးရ အဖွဲ့ထဲက သတင်းရင်းမြစ် ၃ ဦးက အတည်ပြုခဲ့ပါတယ်။
အာဖရိကတိုက် အရှေ့ပိုင်းမှာ တည်ရှိတဲ့ နိုင်ငံငယ်ရဲ့ သမ္မတ အဇာနီ အဆူမာလီဟာ မြို့တော် မိုရိုနီရဲ့ ဆင်ခြေဖုံးဖြစ်တဲ့ ဆာလီမာနီ အစ္စထရန်ဒါမှာ ဓားထိုးခံရတာ ဖြစ်တယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဖာတီမာ အာမာဒေးလ်က ဆိုပါတယ်။
ဘုရားသခင်ရဲ့ ကျေးဇူးကြောင့် သမ္မတဟာ ဆိုးဆိုးရွားရွား ဖြစ်မသွားခဲ့ကြောင်း သူက ပြောပေမယ့် အသေးစိတ် အကြောင်းအရာတွေကို မှတ်ချက်ပေးဖို့တော့ ငြင်းဆိုသွားပါတယ်။
သမ္မတနဲ့ နီးစပ်သူ တစ်ဦးကတော့ အဇူမာလီက နာရေး အခမ်းအနား တစ်ခုကို ရောက်ရှိနေချိန် တိုက်ခိုက် ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ တိုက်ခိုက်သူဟာ ၂၀၂၂ တုန်းကမှ အလုပ်ဝင်ခဲ့တဲ့ လူငယ် ရဲဝန်ထမ်း တစ်ဦးဖြစ်ပြီး အခင်းဖြစ်တဲ့ နေရာမှာတင် ဖမ်းဆီး ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

Public Service Announcement
သမ္မတကို ရန်မူခဲ့မှုရဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ အသက် ၆၅ နှစ်အရွယ် အဇာလီဟာ စစ်တပ် အကြီးအကဲဟောင်း တစ်ဦးဖြစ်ပြီး ၁၉၉၉ ခုနှစ်၊ စစ်တပ် အာဏာသိမ်းမှုအပြီး သမ္မတ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် ဇန်နဝါရီ ရွေးကောက်ပွဲမှာ ထပ်မံ အနိုင်ရခဲ့ပေမယ့် မဲလိမ် မဲခိုးမှု ပြဿနာတွေနဲ့ အတော်လေး အရှုပ်အထွေး ဖြစ်ခဲ့ပါတယ်။ သူဟာ ရွေးကောက်ခံ သမ္မတအဖြစ် အုပ်ချုပ်နေပေမယ့် ပြည်သူတွေအပေါ် အာဏာရှင်ဆန်တဲ့ ဖိနှိပ်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာနေကြောင်း စွပ်စွဲမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ကိုးကား: Dawn















































