Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ကျောင်းကားမီးလောင်မှုကြောင့် မူကြိုကလေးငယ် ၂၀ ဦးထက်မနည်း သေဆုံး၊ ယာဉ်မောင်း ထွက်ပြေးနေ

ထိုင်းနိုင်ငံမှာ ကျောင်းကား မီးလောင်ရာက မူကြိုကလေးငယ် အနည်းဆုံး ၂၀ ဦး သေဆုံးပြီး နောက်ထပ် ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ- Khaosod English

ထိုင်းနိုင်ငံမှာ ကျောင်းကား မီးလောင်ရာက မူကြိုကလေးငယ် အနည်းဆုံး ၂၀ ဦး သေဆုံးပြီး နောက်ထပ် ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁ ရက်နေ့က ဘန်ကောက် မြို့တော်နားမှာရှိတဲ့ ပါသွန်သာနီမှာ ကျောင်းပြင်ပ လေ့လာရေး ခရီးစဉ်တစ်ခု သွားရောက်ရင်း နှစ်ထပ် ဘတ်စ်ကား မီးလောင်မှု ဖြစ်ခဲ့တာပါ။ ထိုင်းရဲ့ မီးသတ်နဲ့ ကယ်ဆယ်ရေး ဌာန Facebook စာမျက်နှာမှာ အဲဒီ ကျောင်းကား မီးလောင်မှု သတင်းကို စတင် ဖော်ပြခဲ့ပါတယ်။

ကနဦး ရရှိထားတဲ့ သတင်းတွေအရ အဲဒီ ကျောင်းကားဟာ ယူသိုင်ဌာနီမှာရှိတဲ့ ဝတ်ခွန်ဖရာ ဆန်ခါရမ်ကျောင်းရဲ့ အသက် ၄ နှစ်၊ ၅ နှစ်အရွယ် မူကြို ကျောင်းသူကျောင်းသားလေးတွေကို တင်ဆောင်လာတာလို့ သိရပါတယ်။

ကားပေါ်မှာ ကလေးတွေ၊ ယာဉ်မောင်းနဲ့ ဆရာဆရာမတွေ စုစုပေါင်း ၄၂ ဦး လိုက်ပါလာပြီး ၁၉ ဦးသာ မီးလောင်မှုကနေ အချိန်မီ ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။ အစောပိုင်းက ကလေး ၁၀ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ထားရာကနေ နာရီပိုင်း အကြာမှာ အရေအတွက် နှစ်ဆတိုးလာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အနီးမှာရှိတဲ့ မီးသတ်တပ်ဖွဲ့ဟာ အခင်းဖြစ်တဲ့ နေရာကို အမြန်ဆုံး သွားရောက်ပြီး ကျောင်းကားကိုယ်ထည်ကို စွဲလောင်နေတဲ့ မီးတွေကို အစွမ်းကုန် ငြှိမ်းသတ်ခဲ့ရပါတယ်။ ဒါပေမဲ့ လုံခြုံရေးကြောင့် အတွင်းပိုင်း အခြေအနေတွေကိုတော့ ချက်ချင်း စစ်ဆေးလို့ မရခဲ့ပါဘူး။

လက်ရှိအချိန်ထိတော့ သေဆုံးခဲ့တဲ့ ကလေးတွေ ဘယ်သူဘယ်ဝါဆိုတာ မကြေညာသေးသလို အရွယ်ရောက်ပြီး သူတွေထဲမှာရော ထိခိုက်သေကြေမှု အခြေအနေ ဘယ်လိုလဲဆိုတာ ကွဲကွဲပြားပြား မသိရသေးပါဘူး။

ထိုင်းသတင်းဌာန Khaosodကတော့ ဘတ်စ်ကား မီးလောင်ပြီးချိန် ယာဉ်မောင်းဖြစ်သူ ပျောက်ဆုံးနေပြီး ထွက်ပြေးသွားတယ်လို့ ယုံကြည်ရကြောင်း ဖော်ပြခဲ့ပါတယ်။ အသက် ၄၈ နှစ် အရွယ်ရှိပြီး ဆာမန်လို့သာ နာမည် ဖော်ပြထားတဲ့ ယာဉ်မောင်းဟာ အခင်းဖြစ်ပြီးတဲ့နောက် သူ့ရဲ့ ဖုန်းကိုပါ ပိတ်ထားတယ်လို့ ဆိုပါတယ်။ သူ့ကိုလည်း ရဲတွေက လိုက်ရှာနေဆဲပါ။

ကျောင်းကားမှာ ဆိုးဆိုးရွားရွား မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းကိုလည်း ရဲတွေက စုံစမ်းနေဆဲဖြစ်ပြီး ကနဦး အချက်အလက်တွေအရ ဘတ်စ်ကား တာယာ ကွဲထွက်သွားရာကနေ အနီးမှာရှိတဲ့ လမ်းအတားအဆီး တစ်ခုကို ဝင်တိုက်ပြီး ကျောင်းကားမှာ မီးစလောင်ခဲ့တာလို့ ယုံကြည်ရတယ်လို့လည်း သိရပါတယ်။

ကိုးကား -Thaiger ၊ Khaosod English

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကျောင်းကား မီးလောင်ရာက မူကြိုကလေးငယ် အနည်းဆုံး ၁၀ ဦးသေဆုံးပြီး နောက်ထပ် ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံတွင် Non-ED ဗီဇာဖြင့် ကာလတိုသင်တန်း တတ်ရောက်နေသည့်‌ မြန်မာကျောင်းသားများကို PE အမျိုးအစားဖြင့်နိုင်ငံကူးလက်မှတ်(Passport)သတ်တမ်းတိုးခြင်းအား လုပ်ဆောင်ပေးတော့မည်မဟုတ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

သတင်း

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ မြန်မာရွှေ့ပြောင်းကလေးငယ် တစ်ထောင်ကျော် ပညာသင်ကြားနေသည့် မေတ္တာရိပ်စာသင်ကျောင်း ပိတ်သိမ်းခံရကြောင်း အဆိုပါစာသင်ကျောင်းအုပ်ဆရာ ဇော်ခိုင်မျိုးက ပြောသည်။

သတင်း

လက်ရှိ အလှည့်အပြောင်းကြောင့် မြန်မာဝယ်လက်တွေအပေါ် ပစ်မှတ်ထားနေတဲ့ ကွန်ဒို လုပ်ငန်းရှင်တွေ အနေနဲ့ အရောင်းပြပွဲတွေနဲ့ တခြားရွေးချယ်မှုတွေဆီ အာရုံပြောင်းပြီး ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့လည်း ပရာဆက်က သတိပေးသွားပါတယ်။

Facebook