Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားကို နျူကလီးယား စူပါပါဝါ နိုင်ငံ ဖြစ်လာအောင် အရှိန်မြှင့် တည်ဆောက်သွားမယ်လို့ ကင်မ်ဂျုံအွန်းပြော

မြောက်ကိုရီးယားကို နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်တဲ့ စူပါပါဝါ လက်နက် အင်အားကြီး နိုင်ငံအဆင့်ထိ တည်ဆောက်ဖို့ အပူတပြင်း ကြိုးစား လုပ်ဆောင်သွားမယ်လို့ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားကို နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်တဲ့ စူပါပါဝါ လက်နက် အင်အားကြီး နိုင်ငံအဆင့်ထိ တည်ဆောက်ဖို့ အပူတပြင်း ကြိုးစား လုပ်ဆောင်သွားမယ်လို့ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

ကင်မ်ရဲ့ အဲဒီ မှတ်ချက်စကားကို အစိုးရပိုင် KCNA သတင်းဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့က မြောက်ကိုရီးယားရဲ့ ကင်မ်ဂျုံအွန်း ကာကွယ်ရေး တက္ကသိုလ်မှာ ကျင်းပတဲ့ အခမ်းအနား တစ်ခုမှာ ကင်မ်က အခုလို မိန့်ခွန်း ပြောခဲ့တာပါ။ အဲဒီတက္ကသိုလ်ဟာ မြောက်ကိုရီးယားရဲ့ ထိပ်တန်း စစ်အရာရှိတွေကို လေ့ကျင့် မွေးထုတ်ပေးတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကင်မ်ဟာ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်ကို တိုက်ရိုက် နာမည်တပ်ပြီး တစ်ပတ်အတွင်း ဒုတိယ အကြိမ်မြောက်အဖြစ် ထိုးနှက်ဝေဖန်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက ယွန်ဟာ အမေရိကန်နဲ့ ပူးပေါင်းပြီး ကိုရီးယားကျွန်းဆွယ်ရဲ့ တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားအောင် ကြံစည်လုပ်ဆောင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ယွန်ပြောဆိုခဲ့တဲ့ မှတ်ချက် စကားတချို့ဟာ အနှစ်သာရ ကင်းမဲ့လွန်းပေမယ့် ပြဿနာတွေကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရာ ရောက်နေကြောင်း၊ အမေရိကန် ရုပ်သေးဖြစ်တဲ့ ယွန်ဟာ သူ့သခင် အမေရိကန်တွေရဲ့ ခွန်အားကို မျက်ကန်းယုံကြည်နေကြောင်း ကင်မ်ရဲ့ အဆိုကို ကိုးကားပြီး KCNAက ဖော်ပြသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ယွန်က မြောက်ကိုရီးယားသာ နျူကလီးယား လက်နက်တွေ ထုတ်သုံးလာမယ်ဆိုရင် ကင်မ်ရဲ့ အစိုးရ ပြိုကျသွားစေမယ်လို့ သတိပေးခဲ့တဲ့နောက် ကင်မ်က ယွန်ကို စိတ်မူမမှန်သူ တစ်ဦးလို့ တုံ့ပြန် ထိုးနှက်ခဲ့ဖူးပါတယ်။

ကင်မ်က ရိုးရိုးသားသား ပြောရမယ်ဆိုရင် မြောက်ကိုရီးယားဟာ တောင်ပိုင်းသားတွေကို စတင် တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။ သူဟာ မြောက်ကိုရီးယားက စစ်အင်အား ထုတ်သုံးမယ်ဆိုတဲ့ အကြောင်းကို ပြောဆိုတိုင်း ‘အကယ်၍’ဆိုတဲ့ အသုံးအနှုန်းကို သတိထားပြီး ထည့်ပြောလေ့ ရှိခဲ့ကြောင်း၊ အကယ်၍ ရန်သူက မြောက်ကိုရီးယားကို အင်အားသုံးပြီး တိုက်ခိုက်လာမယ် ဆိုရင်တော့ မြောက်ကိုရီးယားကလည်း နျူကလီးယား လက်နက်တွေ အပါအဝင် ရှိသမျှ အရင်းအမြစ် အားလုံးကို ထုတ်သုံးပြီး မဆိုင်းမတွ လက်တုံ့ပြန်မှာဖြစ်ကြောင်းလည်း ခြိမ်းခြောက်သွားပါတယ်။

တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ စူပါပါဝါ နိုင်ငံကြီးတစ်ခု အဆင့်ထိ တိုးတက် ရပ်တည်နိုင်ဖို့ ခြေလှမ်းတွေကို အရှိန်မြှင့်တင်သွားမှာ ဖြစ်တယ်လို့လည်း ကင်မ်က ဆိုပါတယ်။

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ၁၉၅၃ ခုနှစ် ကျွန်းဆွယ်စစ်ပွဲကို အပစ်အခတ် ရပ်ဆိုင်းခဲ့ကြပေမယ့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့ခြင်း မရှိတာကြောင့် လက်ရှိ အချိန်ထိ စစ်ဖြစ်နေဆဲလို့ သတ်မှတ်နိုင်ပါတယ်။

မြောက်ကိုရီးယားအပေါ် သဘောထား တင်းမာသူ တစ်ဦးအဖြစ် လူသိများတဲ့ ယွန်က ၂၀၂၂ ခုနှစ်မှာ တောင်ကိုရီးယား သမ္မတ ဖြစ်လာခဲ့တဲ့ နောက်မှာတော့ နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ပိုမိုခါးသီး တင်းမာတဲ့ အခြေအနေတွေဆီ ဦးတည်လာခဲ့ပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ရှိ အခြေအနေအရတော့ မြောက်ကိုရီးယား တပ်တွေဟာ ယူကရိန်း ပိုင်နက်ထဲထိ ဝင်ရောက်လာတဲ့ အထောက်အထား မတွေ့ရသေးပါဘူး။

နိုင်ငံတကာ

မြောက်ကိုရီးယားက အမှိုက်သရိုက်တွေ ချိတ်ဆွဲပြီး လွှတ်တင်လိုက်တဲ့ ဓာတ်ငွေ့ မိုးပျံပူဖောင်း တစ်လုံးဟာ တောင်ကိုရီးယား သမ္မတရဲ့ အိမ်တော် ခြံဝင်းထဲ ကျဆင်းခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲမှာ ရုရှားဖက်က ကူညီ တိုက်ခိုက်ပေးဖို့ မြောက်ကိုရီးယား တပ်တွေ စေလွှတ်ခြင်းဟာ အန္တရာယ် ကြီးမားလွန်းတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲမှာ ရုရှားကို ကူညီဖို့အတွက် မြောက်ကိုရီးယားဟာ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ ပထမအသုတ်အဖြစ် စေလွှတ်လိုက်ကြောင်း တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက ပြောပါတယ်။