Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရဖို့ သိသိသာသာ အလေးသာလာ

ထရမ့်ဟာ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်ထိ အမေရိကန် သမ္မတ တာဝန်ကို ရယူခဲ့ဖူးပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကို အရေးနိမ့်ခဲ့ပါတယ်။ အခုတော့ သူဟာ အိမ်ဖြူတော်ဆီ ပြန်လာဖို့ အလားအလာ ကောင်းလာနေတာ ဖြစ်ပါတယ်။

အမေရိကန် ရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရဖို့ သိသိသာသာ အလေးသာလာ
A screen shows election updates at a Sherrod Brown watch party in Columbus, Ohio, U.S., November 5, 2024. REUTERS/Megan Jelinger

People’s Spring

အမေရိကန် ရွေးကောက်ပွဲမှာ ပြည်နယ်အလိုက် မဲရေတွက်မှု ရလဒ်တွေ ဆက်လက် ထွက်ပေါ်နေခြင်းနဲ့အတူ ဒေါ်နယ်လ်ထရမ့် အနိုင်ရရေး လမ်းကြောင်းက ပိုမိုပီပြင်လာနေပါတယ်။

အမေရိကန် ရွေးကောက်ပွဲရဲ့ စည်းမျဉ်းတွေအရ ပြည်နယ် တစ်ခုချင်းစီမှာ အနိုင်ရတဲ့ သမ္မတလောင်းဟာ အဲဒီ ပြည်နယ်အတွက် ခွဲတမ်း သတ်မှတ်ထားတဲ့ သမ္မတ တင်မြှောက်ပိုင်ခွင့် ကိုယ်စားလှယ်မဲ အရေအတွက် အားလုံးကို ရရှိပါတယ်။ အမေရိကန် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်မဲ ၂၇၀ အထက် အနိုင်ရတဲ့သူက သမ္မတ နေရာကို ရရှိမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲပိုင်း ၁၂ နာရီခွဲအထိ အခြေအနေအရ ထရမ့်ဟာ ကိုယ်စားလှယ်မဲ ၂၄၇ နေရာစာ အနိုင်ရထားပြီး ဟားရစ်က ၂၁၄ နေရာသာ အနိုင်ရထားသေးတာကို New York Timesနဲ့ AP သတင်းဌာနတွေရဲ့ အချိန်နဲ့ တပြေးညီ ဖော်ပြမှုတွေအရ သိရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ရွေးကောက်ပွဲတွေမှာ ပါတီစွဲ မရှိတဲ့ ကြားပြည်နယ်တွေအဖြစ် သတ်မှတ် ခံရတဲ့ အဓိက ပြည်နယ် ၇ ခုမှာ အနိုင်ရရေးဟာ သမ္မတလောင်းတွေအတွက် အရေးအကြီးဆုံး လိုအပ်ချက် ဖြစ်ပါတယ်။ ထရမ့်ဟာ ကြားပြည်နယ်တွေမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ပြိုင်ဘက် ကာမာလာ ဟားရစ်အပေါ် အသာစီး ရထားတဲ့ အခြေအနေတွေကို တွေ့ရပါတယ်။

ဥပမာ ကိုယ်စားလှယ်မဲ ၁၆ နေရာစီ ခွဲတမ်းရှိတဲ့ ဂျော်ဂျီယာနဲ့ မြောက်ပိုင်း ကာရိုလိုင်းနားတို့မှာ ထရမ့်အနိုင်ရဖို့ သေချာခြင်းက ဟားရစ်ကို အများကြီး အခက်ကြုံသွားစေပါတယ်။ တခြား ကြားပြည်နယ်တွေဖြစ်တဲ့ ဝစ္စကွန်ဆင်၊ မစ်ချီဂန်၊ ပင်ဆယ်လ်ဗေးနီးယားတို့မှာလည်း မဲတွေကို ဆက်လက် ရေတွက်နေဆဲ အခြေအနေ ဖြစ်ပေမယ့် ထရမ့်က ဦးဆောင်နေပါတယ်။

လေ့လာစောင့်ကြည့်သူ အများစုကတော့ ရွေးကောက်ပွဲ ရလဒ်ရဲ့ ချိန်ခွင်လျှာဟာ သမ္မတဟောင်း ထရမ့်ဖက်ကို ယိမ်းနေပြီလို့ လက်ခံထားပါတယ်။ သင်္ချာနည်းအရ နောက်ဆုံးအပြီးသတ် မဲကြေညာချက်တွေ ထွက်မလာခင်အထိ ဟားရစ်အတွက် အခွင့်အရေး ရှိနေဆဲ ဆိုပေမယ့် လက်တွေ့အားဖြင့်တော့ အခြေအနေတွေက ခက်ခဲလာနေပါတယ်။

ထရမ့်ဟာ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်ထိ အမေရိကန် သမ္မတ တာဝန်ကို ရယူခဲ့ဖူးပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကို အရေးနိမ့်ခဲ့ပါတယ်။ အခုတော့ သူဟာ အိမ်ဖြူတော်ဆီ ပြန်လာဖို့ အလားအလာ ကောင်းလာနေတာ ဖြစ်ပါတယ်။

ကိုးကား: AP

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း ကမ်းလွန်မှာ ရစ်ချ်တာစကေး ၇.၀ အဆင့် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေပါ ထုတ်ပြန်ခဲ့ရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံ၊ ပါရီမြိုတော်မှာ မီးသင့်လောင်ကျွမ်းခဲ့ဖူးတဲ့ ကမ္ဘာကျော် နော့ထရီဒမ် ဘုရားကျောင်းကြီး ပြန်လည် ဖွင့်လှစ်မှု အခမ်းအနားကို ဒေါ်နယ်လ်ထရမ့် တက်ရောက်မယ်လို သိရပါတယ်။

နိုင်ငံတကာ

တစ်ချိန်တုန်းက ယူကရိန်း လွှဲပြောင်းပေးထားခဲ့တဲ့ နျူကလီးယား လက်နက်တွေကို ပြန်လည် ပေးအပ်သွားမှာ မဟုတ်ကြောင်း အမေရိကန် အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာမယ့် နောက်ဆက်တွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်ရောက် နိုင်ငံခြား တက္ကသိုလ် ကျောင်းသားတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။