Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်ရဲ့ လာဟိုးမြို့မှာ စံချိန်တင် လေထုညစ်ညမ်းမှုဖြစ်၊ မူလတန်းကျောင်းတွေ ပိတ်ထားရ

ပါကစ္စတန်ရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ လာဟိုးမှာ သမိုင်းတလျှောက် အဆိုးဆုံး စာရင်းဝင် လေထုညစ်ညမ်းမှုတွေ ကြုံနေပြီး ကျောင်းတချို့ကို ပိတ်ထားဖို့၊ တတ်နိုင်သမျှ ရုံးမသွားဘဲ အိမ်ကနေ အလုပ်လုပ်ကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားရပါတယ်။

ပါကစ္စတန်ရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ လာဟိုးမှာ သမိုင်းတလျှောက် အဆိုးဆုံး စာရင်းဝင် လေထုညစ်ညမ်းမှုတွေ ကြုံနေပြီး ကျောင်းတချို့ကို ပိတ်ထားဖို့၊ တတ်နိုင်သမျှ ရုံးမသွားဘဲ အိမ်ကနေ အလုပ်လုပ်ကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားရပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ လေထုညစ်ညမ်းမှု တိုက်ဖျက်ရေးဆိုင်ရာ ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းတွေကို လာဟိုးမြို့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက သတ်မှတ် ကြေညာခဲ့ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တစ်ပြေးညီ စောင့်ကြည့်နေတဲ့ အခြေအနေအရ နိုဝင်ဘာ ၁၀ ရက်နေ့မှာ လာဟိုးဟာ ကမ္ဘာပေါ်က လေထု ညစ်ညမ်းမှု အဆိုးဆုံး မြို့အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ ပြီးတော့ ဆွစ်ဇာလန် အခြေစိုက် IQAir အဖွဲ့ရဲ့ တိုင်းတာမှုအရ အိန္ဒိယနဲ့ နယ်စပ်နားမှာ တည်ရှိရာ အဲဒီမြို့ကြီးဟာ သိပ္ပံနည်းကျ လေ့လာ ကောက်ယူဖူးသမျှ စာရင်းတွေအရ လေထု ညစ်ညမ်းမှု အဆိုးဆုံး စံချိန်တင်မှတ်ထိ ရောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီ အခြေအနေမှာတော့ ပြည်နယ် အုပ်ချုပ်ရေး တာဝန်ရှိသူတွေဟာ မူလတန်းကျောင်းတွေ အားလုံး တစ်ပတ်ပိတ်ထားဖို့ အရေးပေါ် လမ်းညွှန်ခဲ့ရသလို လာမယ့်ရက်ပိုင်းအတွင်း အခြေအနေ ထူးမလာရင် အလယ်တန်းနဲ့ အထက်တန်း ကျောင်းတွေကိုပါ ပိတ်ထားစေဖွယ် ရှိနေပါတယ်။ ကလေးတွေ အိမ်အပြင်ကို ထွက်ရင် နှာခေါင်းစည်းတွေ မဖြစ်မနေ ဝတ်ဆင်အောင် မိဘတွေက ညွှန်ကြားကြဖို့လည်း လာဟိုးပြည်နယ် တည်ရှိရာ ပန်ဂျပ်ပြည်နယ် အစိုးရက လမ်းညွှန်ထားပါတယ်။

Public Service Announcement

Public Service Announcement

တခြားပြည်သူတွေကိုလည်း အတတ်နိုင်ဆုံး အိမ်အပြင် မထွက်ကြဖို့၊ ပြတင်းပေါက်နဲ့ တံခါးတွေကို ပိတ်ထားကြဖို့၊ မလိုအပ်ဘဲ ခရီးမသွားကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

ကားတွေကနေ ထွက်တဲ့ ကာဘွန်မီးခိုး ထုတ်လွှတ်မှုကို လျှော့ချဖို့အတွက် အစိုးရ ဝန်ထမ်း အင်အားရဲ့ ထက်ဝက်ဟာ နေ့စဉ် အိမ်ကနေပဲ အလုပ်လုပ်ကြမှာ ဖြစ်တယ်လို့ ပန်ဂျပ်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်တဲ့ မာရီယမ် အူရန်ဇက်ဘ်က ပြောပါတယ်။

ပြည်နယ် အစိုးရဟာ လေထုညစ်ညမ်းမှု လျှော့ချရေး အစီအမံ တစ်ခုအနေနဲ့ လာဟိုးမှာ သုံးဘီးယာဉ်တွေ ပြေးဆွဲခွင့်ကို ယာယီ တားမြစ်ထားပြီး တချို့ဧရိယာတွေမှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကိုလည်း ရပ်ဆိုင်းထားစေပါတယ်။

ရာသီဥတု အေးမြလာတဲ့ အခါမှာ လေထုညစ်ညမ်းစေတဲ့ မီးခိုးငွေ့နဲ့ အမှုန်အမွှားတွေကို မြေပြင်အထက်နားမှာ ပိုပြီး အချိန်ကြာကြာ ထိန်းထားတဲ့ သဘောမျိုး ဖြစ်နေတာကြောင့် အဲဒီပြဿနာကို ပိုဆိုးရွားစေလေ့ ရှိပါတယ်။ လာဟိုးအပြင် အိမ်နီးချင်း အိန္ဒိယ နိုင်ငံရဲ့ မြို့တော် ဒေလီမှာလည်း ဆိုးရွားတဲ့ လေထုညစ်ညမ်းမှု ပြဿနာတွေနဲ့ ရုန်းကန်နေရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေပိုင်နက်ထဲ ကျူးကျော်တိုက်ခိုက်လာတဲ့ ပါကစ္စတန် တိုက်လေယာဉ်တွေကို တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း အာဖဂန် နစ္စတန်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြားက စစ်ရေးပဋိပက္ခကို ပိုပြီး ဆိုးမလာခင် ကြားဝင် ညှိနှိုင်း တားဆီးပေးဖို့ အာရပ်နိုင်ငံ နှစ်ခုက အပူတပြင်း ကြိုးစားနေပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ လက်ရှိ လေထုအခြေအနေဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးအဆင့် မြို့ကြီးတွေ စာရင်းထဲ ပါဝင်နေပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန် နိုင်ငံပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွ ၇၀ ကျော်ကို ရှင်းလင်း သုတ်သင်နိုင်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ကြေညာခဲ့ပါတယ်။