Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး-ဟစ်ဇ်ဘိုလာ အပစ်ရပ် သဘောတူညီမှု စတင် အသက်ဝင်

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကြားက ၁၃ လကြာ စစ်ရေး ပဋိပက္ခကို အဆုံးသတ်စေမယ့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာခဲ့ပါတယ်။

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကြားက ၁၃ လကြာ စစ်ရေး ပဋိပက္ခကို အဆုံးသတ်စေမယ့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာခဲ့ပါတယ်။

ဒေသစံတော်ချိန် နိုဝင်ဘာ ၂၇ ရက်နေ့ မနက် ၄ နာရီကစလို့ အစ္စရေးနဲ့ လက်ဘနွန် နယ်စပ်က တိုက်ပွဲအားလုံး ရပ်တန့်မှာ ဖြစ်တယ်လို့ ဘိုင်ဒန်က ပြောပါတယ်။ သူက အဲဒီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာ အစ္စရေး စစ်တပ်နဲ့ လက်ဘနွန် အခြေစိုက် ပြောက်ကျားတပ်ဖွဲ့ကြားက ရန်လို တိုက်ခိုက်မှုတွေကို ရေရှည် ရပ်စဲသွားစေဖို့ ရည်ရွယ်ကြောင်းလည်း မှတ်ချက်ပေးခဲ့ပါတယ်။

အစ္စရေးက နိုင်ငံတောင်ပိုင်းနဲ့ ထိစပ်နေရာ ဂါဇာကမ်းမြှောင်ဒေသမှာ ဟားမားစ် ပြောက်ကျားတွေနဲ့ စစ်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာပဲ နိုင်ငံမြောက်ပိုင်းနဲ့ ထိစပ်နေရာ လက်ဘနွန်နဲ့ နယ်စပ်မှာ ဟစ်ဇ်ဘိုလာတွေနဲ့ အပြန်အလှန် ဒုံးကျည်တွေ ပစ်ခတ်နေခဲ့ပါတယ်။ အဲဒီ ပဋိပက္ခတွေဟာ ပြီးခဲ့တဲ့ လပိုင်းမှာတော့ ပိုမို ဆိုးရွားလာခဲ့ပြီး အောက်တိုဘာ လဆန်းကစလို့ လက်ဘနွန် အနှံ့မှာရှိတဲ့ ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို အစ္စရေးက လေကြောင်းကနေ အရှိန်မြှင့် တိုက်ခိုက်ခဲ့တဲ့အပြင် လက်ဘနွန် တောင်ပိုင်းကို ခြေလျင်တပ်တွေ ဝင်ရောက် ရှင်းလင်းခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာရော၊ ဟားမားစ်ပါ အစ္စရေးရဲ့ ကမ္ဘာ့ရန် အီရန် အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် အင်အားစုတွေ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အမေရိကန်နဲ့ ပြင်သစ်တို့ ဦးဆောင် ညှိနှိုင်းပေးခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို လက်ခံထားတယ် ဆိုပေမယ့် ဟစ်ဇ်ဘိုလာတွေဖက်က တစ်ခုခု ထဖောက်လာရင် အစ္စရေးက နည်းနည်းလေးမှ သည်းခံမနေဘဲ လက်တုံ့ပြန် တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ ဟစ်ဇ်ဘိုလာတွေဖက်ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အမေရိကန်ရဲ့ ထုတ်ပြန်ချက်အရ ကနဦး သဘောတူထားတဲ့ အပစ်ရပ် ကာလဟာ ရက်ပေါင်း ၆၀ ကြာမြင့်မှာ ဖြစ်ပြီး အဲဒီ အတောအတွင်း အစ္စရေး တပ်တွေဟာ လက်ဘနွန် တောင်ပိုင်းကနေ တစ်သုတ်ချင်း ဆုတ်ခွာပြီး သူတို့အစား လက်ဘနွန် အစိုးရ တပ်တွေက နေရာဝင်ယူရမှာ ဖြစ်ပါတယ်။ ဟစ်ဇ်ဘိုလာတွေဟာ လက်ဘနွန်ရဲ့ အင်အား အတောင့်တင်းဆုံး လက်နက်ကိုင်တပ် ဖြစ်ပေမယ့် လက်ဘနွန် အစိုးရကို သစ္စာမခံပါဘူး။ တစ်ချိန်တည်းမှာပဲ ၂၀၀၆ ခုနှစ်က နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ အစ္စရေး-ဟစ်ဇ်ဘိုလာ စစ်ပွဲအပြီး နယ်စပ်သဘော သတ်မှတ်ခဲ့တဲ့ လစ်တာနီ မြစ်ရဲ့ တောင်ပိုင်း ဧရိယာတွေမှာ ဖြန့်ကျက်ထားတဲ့ ဟစ်ဇ်ဘိုလာ စစ်လက်နက်တွေကို ဖယ်ရှားစေမှာ ဖြစ်ပါတယ်။

အခုလို အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ ရေရှည် တည်မြဲမယ့် တကျော့ပြန် တည်ငြိမ် အေးချမ်းမှုကို ရရှိစေပြီး နယ်စပ် နှစ်ဖက်ခြမ်းက ပြည်သူအားလုံး နေရပ်ကို လုံလုံခြုံခြုံ ပြန်ခွင့်ရစေမယ်လို့ အမေရိကန်နဲ့ ပြင်သစ် အစိုးရတွေက ပူးတွဲ ကြေညာခဲ့ပါတယ်။

တစ်ဖက်မှာတော့ ဟစ်ဇ်ဘိုလာတွေရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကြောင့် နေရပ်ကို ကာလရှည်ကြာ စွန့်ခွာ တိမ်းရှောင်ခဲ့ရတဲ့ အစ္စရေးမြောက်ပိုင်း ဒေသခံတွေက အခု အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာ အစိုးရရဲ့ ဆွေးနွေးပါဝင်မှုတွေက ပေါ့ပျက်ပျက် နိုင်လွန်းပြီး သူတို့အတွက် မျှတတဲ့ အဖြေတစ်ခု ယူဆောင်မပေးနိုင်ခဲ့ဘူးလို့ ဝေဖန်နေကြပါတယ်။

နေတန်ညာဟုကတော့ နိုင်ငံမြောက်ပိုင်း နယ်စပ်မှာ ဟစ်ဇ်ဘိုလာတွေနဲ့ စစ်ပွဲ ရပ်ဆိုင်းသွားပြီး အခြေအနေ တည်ငြိမ်သွားပြီဆိုရင် အီရန်ဆီက ခြိမ်းခြောက် ရန်လိုမှုတွေကို တုံ့ပြန်ဖို့ အစ္စရေးက ပိုမို အာရုံစိုက်လာနိုင်မှာ ဖြစ်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်ရပ် သဘောတူညီမှု ရရှိခဲ့တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို အပြည့်အဝ ပြန်ဖွင့်ထားမယ်လို့ အီရန်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ရေးကိစ္စ အစ္စရေးနဲ့ ဆွေးနွေးမယ်လို့ လက်ဘနွန် အတည်ပြု လက်ဘနွန်မှာ အစ္စရေးက လုပ်ဆောင်နေတဲ့ စစ်ရေးတိုက်ခိုက်မှုတွေ ရပ်ဆိုင်းနိုင်ရေးအတွက် အမေရိကန် နိုင်ငံမှာ အစ္စရေးနဲ့ ဆွေးနွေးမယ်လို့ လက်ဘနွန် အစိုးရက ကြေညာခဲ့ပါတယ်။ လက်ဘနွန် သမ္မတ ဂျိုးဆက်အွမ်းက လာမယ့် သီတင်းပတ်ကျရင် ဝါရှင်တန်ဒီစီ မြို့မှာ...

နိုင်ငံတကာ

အစ္စရေး တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ လူတွေ အများအပြား သေဆုံးနေတဲ့ အခြေအနေဟာ အရမ်း ဆိုးရွားတဲ့အဆင့် ရောက်လာနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဝေဖန် ပြောကြားခဲ့ပါတယ်။

Facebook