Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး-ဟစ်ဇ်ဘိုလာ အပစ်အခတ် ရပ်စဲရေး နီးစပ်လာပြီလို့ဆို

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန် အခြေစိုက် ပြောက်ကျားတပ်ဖွဲ့ ဟစ်ဇ်ဘိုလာတို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိဖို့ နီးစပ်လာကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အစ္စရေး-ဟစ်ဇ်ဘိုလာ အပစ်အခတ် ရပ်စဲရေး နီးစပ်လာပြီလို့ဆို
အစ္စရေး-ဟစ်ဇ်ဘိုလာ အပစ်အခတ် ရပ်စဲရေး နီးစပ်လာပြီလို့ဆို

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန် အခြေစိုက် ပြောက်ကျားတပ်ဖွဲ့ ဟစ်ဇ်ဘိုလာတို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိဖို့ နီးစပ်လာကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အစ္စရေးနဲ့ မဟာမိတ် အမေရိကန်ရဲ့ အရာရှိ တချို့က အစ္စရေး အစိုးရဟာ လက်ရှိ အဆိုပြုထားတဲ့ ရက် ၆၀ ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ဆွေးနွေးဖို့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ တွေ့ဆုံမယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်အပြင် လက်ဘနွန် အစိုးရရဲ့ ကာလရှည်ကြာ မဟာမိတ်အဖြစ် ရပ်တည်ခဲ့တဲ့ ပြင်သစ်တို့ဟာ အစ္စရေး-ဟစ်ဇ်ဘိုလာ အပစ်အခတ် ရပ်စဲရေးကိစ္စ ရုပ်လုံးပေါ်လာအောင် အဓိက ဦးဆောင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ အဆိုပြုထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မူကြမ်းအရ အစ္စရေး တပ်တွေဟာ နိုင်ငံရဲ့ မြောက်ပိုင်း နယ်စပ်နဲ့ ထိကပ်နေရာ လက်ဘနွန် တောင်ပိုင်း နယ်မြေတွေမှာ ဝင်ရောက် တပ်စွဲထားရာကနေ ဆုတ်ခွာရမှာ ဖြစ်ပါတယ်။ အပြန်အလှန် အနေနဲ့ ဟစ်ဇ်ဘိုလာတွေကလည်း အဲဒီနေရာတွေမှာ ဆက်လက် တပ်ဖြန့်ခွင့် မရှိတော့ပါဘူး။ ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးနဲ့ ဟားမားစ်ပြောက်ကျားတွေကြား စစ်ပွဲတွေ စတင်လာချိန် ကတည်းက လက်ဘနွန် တောင်ပိုင်းက ဟစ်ဇ်ဘိုလာတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးတပ်တွေနဲ့ အပြန်အလှန် ဒုံးကျည်တွေ ပစ်ခတ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဟစ်ဇ်ဘိုလာတွေရော၊ ဟားမားစ်တွေပါ အီရန် အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ဒေသတွင်း လက်နက်ကိုင် အင်အားစုတွေ ဖြစ်ပါတယ်။ အဲဒီ တင်းမာမှုတွေဟာ တဖြည်းဖြည်း ပိုမိုမြင့်တက်လာပြီး အစ္စရေးက ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို လေကြောင်းကနေ သည်းသည်းမည်းမည်း ချေမှုန်း တိုက်ခိုက်ခဲ့သလို အောက်တိုဘာ ၁ ရက်နေ့မှာ လက်ဘနွန် တောင်ပိုင်းကို ခြေလျင်တပ်တွေ စတင် ဝင်ရောက်ခဲ့ပါတယ်။

လောလောဆယ် နှစ်ဖက်ကြားမှာ အပစ်အခတ် ရပ်စဲရေးကိစ္စ ညှိနေဆဲ ဖြစ်ပေမယ့် နိုဝင်ဘာ ၂၄ ရက်နေ့ကတင် ဟစ်ဇ်ဘိုလာတွေဟာ အစ္စရေး ပိုင်နက်ဖက် ဒုံးကျည် အစင်း ၂၅၀ ဝန်းကျင် ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ အစ္စရေး လေတပ်ကလည်း ဟစ်ဇ်ဘိုလာတွေရဲ့ အခြေစိုက် စခန်းတွေနဲ့ လက်နက်ရုံတွေလို့ ယူဆရတဲ့ ပစ်မှတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲရေး မူကြမ်းတွေအရ ဟစ်ဇ်ဘိုလာတပ်တွေ ဆုတ်ခွာပေးမယ့် နယ်မြေတွေမှာ လက်ဘနွန် အစိုးရတပ်တွေက အစားထိုး ဖြန့်ကျက်ထားဖို့ ဆိုတာလည်း ပါဝင်ပါတယ်။ ဟစ်ဇ်ဘိုလာတွေဟာ လက်ဘနွန်မှာ အင်အားအတောင့်တင်းဆုံး လက်နက်ကိုင်တပ် ဖြစ်ပေမယ့် အစိုးရ ဩဇာခံ အဖွဲ့အစည်း မဟုတ်ပါဘူး။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ သူဟာ လက်ရှိ အဆိုပြု မူကြမ်းကို မူအားဖြင့် သဘောတူတယ်လို့ ပြောကြားထားပြီး လက်ဘနွန် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အယ်လစ်ဆာ ဘူဆာ့ဘ်ကတော့ အပစ်အခတ် ရပ်စဲရေးကိစ္စ ဖြစ်မြောက်စေဖို့ အရမ်းကြီးမားတဲ့ အနှောင့်အယှက် အတားအဆီးမျိုး မရှိလောက်ဘူးလို့ ယုံကြည်ကြောင်း မှတ်ချက်ပေးထားပါတယ်။

ဂါဇာမှာ ဟားမားစ်တွေနဲ့ အစ္စရေးတွေရဲ့ စစ်ပွဲ စဖြစ်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကလို့ လက်ဘနွန်မှာလည်း အစ္စရေး-ဟစ်ဇ်ဘိုလာ ပဋိပက္ခတွေကြောင့် လူ ၃၇၅၀ ကျော် သေဆုံးခဲ့ပြီး ၁၅၆၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ပြီးတော့ ဒေသခံ ၅ သိန်းကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်းလည်း သိရပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်ရပ် သဘောတူညီမှု ရရှိခဲ့တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို အပြည့်အဝ ပြန်ဖွင့်ထားမယ်လို့ အီရန်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ရေးကိစ္စ အစ္စရေးနဲ့ ဆွေးနွေးမယ်လို့ လက်ဘနွန် အတည်ပြု လက်ဘနွန်မှာ အစ္စရေးက လုပ်ဆောင်နေတဲ့ စစ်ရေးတိုက်ခိုက်မှုတွေ ရပ်ဆိုင်းနိုင်ရေးအတွက် အမေရိကန် နိုင်ငံမှာ အစ္စရေးနဲ့ ဆွေးနွေးမယ်လို့ လက်ဘနွန် အစိုးရက ကြေညာခဲ့ပါတယ်။ လက်ဘနွန် သမ္မတ ဂျိုးဆက်အွမ်းက လာမယ့် သီတင်းပတ်ကျရင် ဝါရှင်တန်ဒီစီ မြို့မှာ...

နိုင်ငံတကာ

အစ္စရေး တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ လူတွေ အများအပြား သေဆုံးနေတဲ့ အခြေအနေဟာ အရမ်း ဆိုးရွားတဲ့အဆင့် ရောက်လာနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဝေဖန် ပြောကြားခဲ့ပါတယ်။