Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီးရီးယားနဲ့ နယ်စပ်ကကြားခံနယ်မြေတွေကိုထိန်းချုပ်ထားဖို့ အစ္စရေးစစ်တပ်ကို နေတန်ညာဟု အမိန့်ပေး

အစ္စရေး စစ်တပ်ကလည်း ဆီးရီးယား အစိုးရ ပြိုလဲသွားတဲ့ အချိန်မှာ နှစ်ဖက် သဘောတူညီမှု ပျက်ပြယ်ပြီး လက်နက်ကိုင် အင်အားစုတွေ အစ္စရေးပိုင်နက်ထဲ ထိုးဖောက် ဝင်ရောက်လာနိုင်ခြေကို နိုးနိုးကြားကြား စောင့်ကြည့်နေကြောင်း အတည်ပြုထားပါတယ်။

ဆီးရီးယားနဲ့ နယ်စပ်ကကြားခံနယ်မြေတွေကိုထိန်းချုပ်ထားဖို့ အစ္စရေးစစ်တပ်ကို နေတန်ညာဟု အမိန့်ပေး
ဆီးရီးယားနဲ့ နယ်စပ်ကကြားခံနယ်မြေတွေကိုထိန်းချုပ်ထားဖို့ အစ္စရေးစစ်တပ်ကို နေတန်ညာဟု အမိန့်ပေး

People’s Spring

ဆီးရီးယားနဲ့ အစ္စရေးတို့ ကြားထဲမှာ စစ်မဲ့ဇုန် ကြားခံနယ်မြေ (buffer zone)အဖြစ် သတ်မှတ်ထားရှိရာ ဧရိယာကို သိမ်းယူဖို့ အစ္စရေး စစ်တပ်ကို ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ညွှန်ကြားထားလိုက်ပါတယ်။

တော်လှန်ရေး အင်အားစုတွေက ဆီးရီးယားရဲ့ မြို့တော် ဒမတ်စကက်ကို သိမ်းယူပြီးတဲ့နောက် သမ္မတ ဘာရှာ အယ်လ်အာဆတ်ဟာ ရုရှားနိုင်ငံကို ထွက်ပြေးသွားရတဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာပဲ နေတန်ညာဟုက အခုလို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ ဆီးရီးယားတို့ကြား တိုက်ရိုက်စစ်ပွဲ ဖြစ်ပွားမယ့် အလားအလာကို တားဆီးဖို့ နှစ် ၅၀ ကြာ သတ်မှတ်ထားခဲ့တဲ့ ကြားခဲ့နယ်မြေ သတ်မှတ်ချက်ဟာ ဆီးရီးယား အစိုးရ ပြိုလဲချိန်မှာ ပျက်ပြယ်သွားခဲ့ပြီး ဖြစ်တယ်လို့ ယူဆကြောင်း နေတန်ညာဟုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒါကြောင့်လည်း အဲဒီ ကြားခံနယ်မြေနဲ့ အနီးတဝိုက် စစ်ရေးမဟာဗျူဟာ နယ်မြေတွေကို ချက်ချင်း သိမ်းယူထားဖို့ စစ်တပ်ကို သူက ညွှန်ကြားထားခဲ့ကြောင်း၊ နယ်စပ်ကို ဖြတ်ကျော်ပြီး ရန်လိုတိုက်ခိုက်လာမယ့် ဘယ်လို အင်အားစုမျိုးကိုမှ ခွင့်ပြုသွားမှာ မဟုတ်ကြောင်း နေတန်ညာဟုက သတိပေးသွားပါတယ်။

အစ္စရေးတပ်တွေ ထိန်းချုပ်ထားပြီး ကြားခံနယ်မြေနဲ့ ထိစပ်နေရာ ဂိုလန်ကုန်းပြင်မြင့်ကို သွားရောက်စစ်ဆေး ကြည့်ရှုတဲ့ ခရီးစဉ် တစ်ခုအတွင်းမှာ နေတန်ညာဟုက အခုလို ပြောကြားသွားတာပါ။

အစ္စရေး စစ်တပ်ကလည်း ဆီးရီးယား အစိုးရ ပြိုလဲသွားတဲ့ အချိန်မှာ နှစ်ဖက် သဘောတူညီမှု ပျက်ပြယ်ပြီး လက်နက်ကိုင် အင်အားစုတွေ အစ္စရေးပိုင်နက်ထဲ ထိုးဖောက် ဝင်ရောက်လာနိုင်ခြေကို နိုးနိုးကြားကြား စောင့်ကြည့်နေကြောင်း အတည်ပြုထားပါတယ်။

တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးစစ် အရှိန်တက်လာတဲ့နောက် အစ္စရေးနဲ့ နယ်စပ်နားမှာရှိတဲ့ ဆီးရီးယား တပ်တွေပါ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက စတင်ဆုတ်ခွာသွားပြီး ဖြစ်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (SOHR)က ထုတ်ပြန်ထားပါတယ်။

ဂိုလန်ကုန်းမြင့် ဒေသရဲ့ အစိတ်အပိုင်း အများစုကို ၁၉၆၇ ခုနှစ် ကတည်းက အစ္စရေးက ထိန်းချုပ်ထားခဲ့ပြီး နောက်ပိုင်းမှာတော့ နိုင်ငံပိုင်နက်ထဲ သွတ်သွင်းခဲ့ပေမယ့် နိုင်ငံတကာ အသိုက်အဝန်းကတော့ အသိအမှတ် ပြုမထားပါဘူး။ ၁၉၇၄ ခုနှစ်မှာတော့ အစ္စရေးနဲ့ ဆီးရီးယား ထိန်းချုပ်နယ်မြေတွေကို သီးသန့် ပိုင်းခြားထားဖို့ ကြားခံနယ်မြေကို သတ်မှတ်ခဲ့ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့တွေကိုပါ ဖြန့်ကျက်ထားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။