Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမျိုးသမီး ၆၀ နီးပါးကို တိုက်ခိုက်ခဲ့ဖူးသူကို အီရန် ကွပ်မျက်

အမျိုးသမီး ၆၀ နီးပါးလောက်ကို အလစ်ချောင်း တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့သူ တစ်ဦးကို အီရန်မှာ ကွပ်မျက်လိုက်ကြောင်း သိရပါတယ်။

အမျိုးသမီး ၆၀ နီးပါးလောက်ကို အလစ်ချောင်း တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့သူ တစ်ဦးကို အီရန်မှာ ကွပ်မျက်လိုက်ကြောင်း သိရပါတယ်။

ရက်စ်ဂူအီ ခန်ဒိုလက်ဂျ်ဆိုတဲ့ အမျိုးသားဟာ သစ်သား လက်ကိုင်တပ် ဆူးချွန်တစ်ခုကို အသုံးပြုပြီး အမျိုးသမီး ၅၉ ဦးကို တိုက်ခိုက်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူ့လက်ချက်ကြောင့် တဟီရန် မြို့တော်တဝိုက်မှာ အထိတ်တလန့် အခြေအနေတွေ ကြုံတွေ့ခဲ့သလို အမျိုးသမီးတချို့ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ခန်ဒိုလက်ဂျ်ဟာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလလောက်တုန်းက မော်တော်ဆိုင်ကယ်စီးပြီး အမျိုးသမီးတွေကို နောက်ကနေ ဆူးချွန်နဲ့ထိုး တိုက်ခိုက်တာတွေ လုပ်ခဲ့တာလို့ အီရန် တရားရေး ဌာန ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

သူ့ကို ဘယ်အချိန်မှာ ဖမ်းမိခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ ဖော်ပြမထားခဲ့ပေမယ့် ခန်ဒိုလက်ဂျ်ဟာ လူ့အသိုက်အဝန်းကို ထိခိုက်ညစ်နွမ်းစေတဲ့ ကျင့်ဝတ် ဖောက်ပြန်မှု စွပ်စွဲချက်အတွက် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိလို့ သေဒဏ်စီရင်ချက် ချမှတ် ခံထားရပြီးသားသူ ဖြစ်တယ်လို့ တရားရေး ဌာနက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို အကြောက်တရား ကြီးစိုးအောင် ရည်ရွယ်ချက်ရှိရှိ ကြံစည်တိုက်ခိုက်ခဲ့မှုတွေအတွက် ခန်ဒိုလက်ဂျ်ကို ကွပ်မျက်လိုက်ပြီ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူဟာ အမှုအတွက် အယူခံ ဝင်ခဲ့ပြီး ပြန်လည် ကြားနာ စစ်ဆေးမှုအတွက်လည်း တောင်းဆိုခဲ့ပေမယ့် တရားရုံးချုပ်က ပယ်ချပြီး ကနဦး စီရင်ချက်ကို အတည်ပြုခဲ့ကြောင်း သိရပါတယ်။

အီရန်ဟာ လူသတ်မှု၊ မူးယစ်မှောင်ခိုမှု၊ မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုတွေ အပါအဝင် ရာဇဝတ်မှုကြီးတွေအတွက် သေဒဏ်ကို ဆက်လက် ကျင့်သုံးနေဆဲပါ။ အီရန်ဟာ ကမ္ဘာပေါ်မှာ နှစ်စဉ် ရာဇဝတ်သားတွေကို ကွပ်မျက်မှု အများဆုံး နိုင်ငံတွေ စာရင်းမှာ တရုတ်ပြီးရင် ဒုတိယ နေရာက ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အီရန်ရဲ့ သေဒဏ်စီရင်မှုတွေ ပိုမို ထူထပ်လာတယ်လို့ ယုံကြည်ရကြောင်း နော်ဝေးနိုင်ငံ အခြေစိုက် အီရန် လူ့အခွင့်အရေးအဖွဲ့ (IHR)က ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာ တစ်လတည်းမှာတင် ၁၆၆ ယောက်လောက် ကွပ်မျက် ခံခဲ့ရတယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။ အီရန်မှာတော့ သေဒဏ်ကျခံရသူ အများစုကို ကြိုးဆွဲချစေတဲ့ နည်းနဲ့ ကွပ်မျက်ပြီး တချို့ စီရင်မှုတွေကိုတော့ လူမြင်ကွင်းမှာ ပြုလုပ်လေ့ ရှိပါတယ်။

ဘာသာရေး အခြေပြု တရားစီရင်ရေး စနစ်တွေ ကျင့်သုံးနေတဲ့ အီရန်မှာ သေဒဏ်အပြင် ကြိမ်ဒဏ်ပေးတာ၊ ခြေလက်ဖြတ်တောက်တာ၊ သင်းကွပ်တာလိုမျိုး တခြားပြစ်ဒဏ်တွေကိုပါ ကျင့်သုံးနေကြောင်း သိရပါတယ်။

ကိုးကား: Daily Mail

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို တစ်ပတ်အတွင်း ပြန်ဖွင့်ပေးမယ့် ကမ်းလှမ်းမှု တစ်ခုကို အမေရိကန်ဆီ ပေးပို့ထားကြောင်း အီရန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

Facebook