Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗီယက်နမ်မှာ ရှို့မီးကြောင့် ကဖေးမီးလောင်မှုဖြစ်ပြီး လူတစ်ဒါဇင်နီးပါး သေဆုံး

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့က ကဖေးတစ်ခုမှာ ရှို့မီးကြောင့် မီးလောင်မှု ဖြစ်ပွားပြီး လူတစ်ဒါဇင်နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့က ကဖေးတစ်ခုမှာ ရှို့မီးကြောင့် မီးလောင်မှု ဖြစ်ပွားပြီး လူတစ်ဒါဇင်နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ ညပိုင်းက လောင်ကျွမ်းခဲ့တဲ့မီးကြောင့် အဆောက်အအုံ တစ်ခုလုံး ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး လူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဟနွိုင်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

နောက်ပြီး မီးလောင်မှုနဲ့ တိုက်ရိုက်ပတ်သက်တယ်လို့ ယုံကြည်ရသူ တစ်ဦးကို ရဲတွေက ဖမ်းဆီးထားတယ်လို့လည်း ဗီယက်နမ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဟနွိုင်း ရဲတပ်ဖွဲ့က အဲဒီ သံသယရှိသူဟာ သုံးထပ် အဆောက်အအုံ ကဖေးကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့တာလို့ စွပ်စွဲထားပါတယ်။

သူဟာ ဆိုင်ဝန်ထမ်း တစ်ယောက်နဲ့ စကားများခဲ့တဲ့နောက် မြေညီထပ်မှာ ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့ပါတယ်လို့ ရဲတွေဆီ ထွက်ဆိုထားတယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံထားရသူရဲ့ နာမည်ကို မထုတ်ပြန်သေးပေမယ့် အသက် ၅၀ ဝန်းကျင်အရွယ်လို့ အစိုးရ မီဒီယာတွေမှာ ဖော်ပြထားခဲ့ပါတယ်။

ည ၁၁ နာရီ ဝန်းကျင်မှာ စလောင်တဲ့ မီးဟာ ထွက်ပေါက် အားလုံးကို ပိတ်ပြီးသား ဖြစ်သွားခဲ့ကြောင်း၊ မီးလောင်တဲ့ နေရာမှာ ဓာတ်ဆီညှော်နံ့တွေ ဆိုးဆိုးရွားရွား ရနေခဲ့ကြောင်း မျက်မြင်တစ်ဦးက ပြောပါတယ်။

မီးလောင်မှုကြောင့် ဒဏ်ရာရသူ ၇ ဦး ရှိခဲ့ပြီး ၂ ဦးကတော့ ဆေးရုံတက်ကုသမှု ခံယူနေရဆဲလို့လည်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်လွန်ကဲကဲ မိုးဆက်တိုက် ရွာသွန်းမှုတွေကြောင့် ဗီယက်နမ် နိုင်ငံမှာ သေဆုံးခဲ့သူ ဦးရေဟာ ရာဂဏန်းထိ ကပ်လာခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဗီယက်နမ်မှာ သည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းတဲ့မိုးကြောင့် ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပွားပြီး လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

သတင်း

ဗီယက်နမ်မှာ တိုက်ခတ်သွားတဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ရာစုနှစ်တွေနဲ့ချီ သက်တမ်းကြာညောင်းပြီး နစ်မြုပ်နေတဲ့ သင်္ဘောဟောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ဗီယက်နမ် နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဘူအာလွိုင် ဝင်ရောက် တိုက်ခတ်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၁၇ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။