Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား လေယာဉ်ပျက်ကျမှုမှာ အနည်းဆုံး ၆၂ ဦးသေဆုံး၊ အသေအပျောက် တိုးလာဖွယ်ရှိနေ

တောင်ကိုရီးယား နိုင်ငံက လေဆိပ်တစ်ခုမှာ ခရီးသည်တင် လေယာဉ် ပျက်ကျမှုကြောင့် အနည်းဆုံး ၆၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယား နိုင်ငံက လေဆိပ်တစ်ခုမှာ ခရီးသည်တင် လေယာဉ် ပျက်ကျမှုကြောင့် အနည်းဆုံး ၆၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

လေယာဉ်ဟာ နိုင်ငံအနောက်တောင်ပိုင်း၊ မူအန် နိုင်ငံတကာ လေဆိပ်ဆီ ဒီဇင်ဘာ ၂၉ ရက်မှာ ဆင်းသက်တဲ့အချိန် ပြေးလမ်းကနေ ချော်ထွက်ပြီး နံရံတစ်ခုကို ဝင်တိုက်ရင်း မီးလောင်ခဲ့တာပါ။ လေယာဉ်ပေါ်မှာ စုစုပေါင်း လူ ၁၈၁ ဦး လိုက်ပါသွားခဲ့ပြီး အဲဒီထဲက အနည်းဆုံး ၆၂ ဦး သေဆုံးခဲ့တယ်ဆိုတာ အတည်ပြုနိုင်ကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ဗီဒီယို မှတ်တမ်းအရ လေယာဉ်ဟာ ရှေ့ဘီး ချမထားဘဲ ပြေးလမ်းပေါ်ကို အရှိန်နဲ့ ဆင်းသက်လာတာကို တွေ့ရပါတယ်။

ဂျယ်ဂျူ လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်မှာ ခရီးသည် ၁၇၅ ဦးနဲ့ အမှုထမ်း ၆ ဦး လိုက်ပါလာခဲ့ပါတယ်။ အဲဒီလေယာဉ်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကနေ စတင်ထွက်ခွာလာပြီး မူအန်ကို အဆင်းမှာ ဖြစ်ရပ်ဆိုး ကြုံတွေ့ခဲ့တာပါ။

လေယာဉ် အပျက်အစီးတွေ ကြားထဲမှာ လူ ၂ ဦးကို အသက်ရှင်လျက် ရှာတွေ့ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ လေဆိပ် တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိ အခြေအနေအရ အသေအပျောက် ဦးရေဟာ ပိုမိုမြင့်တက်လာဦးမယ်လို့လည်း ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ပေါ်က ခရီးသည်တွေထဲမှာ ၁၇၃ ဦးဟာ တောင်ကိုရီးယား နိုင်ငံသားတွေ ဖြစ်ကြပြီး ၂ ဦးကတော့ ထိုင်းနိုင်ငံသားတွေလို့ ယွန်ဟပ် သတင်းဌာနက ရေးသားထားပါတယ်။

လေယာဉ်ပျက်ကျရမှု အကြောင်းရင်းကို တိတိကျကျ မထုတ်ပြန်သေးပေမယ့် သတင်းဌာန တချို့ကတော့ လေယာဉ်ဟာ ဆင်းသက်ခါနီး ငှက်အုပ်နဲ့ တိုးခဲ့ပြီး လေယာဉ်ရဲ့ ဘီးအတင်အချ အပါအဝင် စနစ်တချို့မှာ ပြဿနာ ဖြစ်ခဲ့တာလို့ ဖော်ပြထားကြပါတယ်။

တောင်ကိုရီးယား အမျိုးသား မီးသတ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူတွေထဲမှာ အမျိုးသား ၂၅ ဦးနဲ့ အမျိုးသမီး ၃၇ ဦး ပါဝင်တယ်လို့ သိရပါတယ်။

ဒေသစံတော်ချိန် မနက် ၉း၀၀ နာရီ ဝန်းကျင်က လေယာဉ်ပျက်ကျမှုမှာ ခရီးသည် တစ်ဦးနဲ့ လေယာဉ်မယ် တစ်ဦးကိုတော့ ကယ်ဆယ်ရရှိထားပြီလို့ ဆိုပါတယ်။ လေယာဉ်မှာ လောင်ကျွမ်းနေတဲ့ မီးကို မီးသတ်ကား အစီး ၃၀ ကျော်၊ မီးသတ်ဝန်ထမ်း ၈၀ ကျော်တို့က ကြိုးစားငြှိမ်းသတ်နေခဲ့ကြပါတယ်။

မူအန်ဟာ တောင်ကိုရီးယားရဲ့ မြို့တော် ဆိုးလ်နဲ့ ၂၈၈ ကီလိုမီတာလောက် အကွာမှာ တည်ရှိပါတယ်။

ဒါဟာ ၂၀၀၅ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ တန်ဖိုးသင့် လေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ ဂျယ်ဂျူရဲ့ သမိုင်းကြောင်းမှာ ပထမဆုံးသော လူအသေအပျောက် ဖြစ်ပွားတဲ့ လေကြောင်း မတော်တဆမှု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။