Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျယ်ဂျူလေယာဉ်ပျက်ကျမှုအသက်ရှင်သူ ၂ ဦးသာရှိနိုင် ၊၁၇၉ ဦး သေဆုံးခဲ့ပြီလို့ ယုံကြည်ရ

လေယာဉ် ပျက်ကျမှု ဖြစ်ပွားရာ မူအန် နိုင်ငံတကာ လေဆိပ်ထဲမှာ ရှိနေတဲ့ မီးသတ်ဝန်ထမ်းတွေရဲ့ မှတ်ချက်ကို ကိုးကားပြီး အခုလို ဖော်ပြခဲ့တာပါ။

ဓါတ်ပုံ-Yonhap ၊AP ၊ EPA ၊ရိုက်တာ
ဓါတ်ပုံ-Yonhap ၊AP ၊ EPA ၊ရိုက်တာ

-People’s Spring

တောင်ကိုရီးယား ခရီးသည်တင် လေယာဉ် ပျက်ကျမှုမှာ ၂ ဦးသာ အသက်ရှင်ခဲ့ပြီး ကျန်တဲ့ ၁၇၉ ဦးကတော့ သေဆုံးသွားပြီလို့ ယူဆရကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

လေယာဉ် ပျက်ကျမှု ဖြစ်ပွားရာ မူအန် နိုင်ငံတကာ လေဆိပ်ထဲမှာ ရှိနေတဲ့ မီးသတ်ဝန်ထမ်းတွေရဲ့ မှတ်ချက်ကို ကိုးကားပြီး အခုလို ဖော်ပြခဲ့တာပါ။

ဘတ်ဂျတ် လေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ ဂျယ်ဂျူ လေကြောင်းက ပျံသန်းပြေးဆွဲတဲ့ Boeing 737-800 အမျိုးအစား လေယာဉ်ဟာ ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကနေ ခရီးသည် ၁၇၅ ဦး၊ ​လေယာဥ်ဝန်ထမ်း ၆ ဦးနဲ့အတူပျံတက်လာခဲ့ပြီး မူအန်ကို အဆင်းမှာ ပျက်ကျပြီး မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ် ပျက်ကျမှု အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် ဗီဒီယို မှတ်တမ်းတွေအရ လေယာဉ် အဆင်းမှာ ရှေ့ဘီး ချထားလို့ မရတာကို တွေ့ရပြီး ပြေးလမ်းကို အရှိန်နဲ့ အဆင်းမှာခြံစည်းရိုးကို ဝင်တိုက်မိပြီး မီးလောင်သွားခဲ့တာကို တွေ့ခဲ့ရပါတယ်။

အစောပိုင်းတုန်းက ကယ်ဆယ်ရေးနဲ့ မီးသတ် တပ်ဖွဲ့တွေက ခရီးသည် တစ်ဦးနဲ့ အမှုထမ်း တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် အခုတော့ အဲဒီ နှစ်ယောက်အပြင် နောက်ထပ် အသက်ရှင်သူတွေ ရှာတွေ့ဖို့ ဖြစ်နိုင်ခြေ မရှိသလောက် နည်းသွားပြီလို့ ယွန်ဟပ်ဆီ အသိပေးခဲ့တာ ဖြစ်ပါတယ်။ အသက်ရှင်ကျန်သူ နှစ်ယောက်စလုံးဟာ လေယာဉ်ရဲ့ အမြီးပိုင်းနားမှာ ရှိနေခဲ့ကြတာပါ။

သတင်းဌာန တချို့ကတော့ လေယာဉ်ဟာ ငှက်အုပ်နဲ့ ဝင်တိုက်မိခဲ့ရာက ဘီးချတဲ့စနစ် ထိခိုက်ပျက်စီးခဲ့လို့ ဝမ်းဗိုက်နဲ့ လျှပ်တိုက် လျှောဆင်းဖို့ ကြိုးစားခဲ့တာလို့ ဖော်ပြခဲ့ပေမယ့် အာဏာပိုင်တွေကတော့ အတိအကျ မှတ်ချက် မပေးသေးပါဘူး။

ဒဏ်ရာရသူ နှစ်ဦးကို ဆေးရုံပို့ဆောင်ထားပြီး လောလောဆယ်မှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ မီးလောင်ကျွမ်းထားတဲ့ လေယာဉ်ကိုယ်ထည်ထဲ နောက်ထပ် ပိတ်မိနေတဲ့ ရုပ်အလောင်းတွေကို သယ်ထုတ်ဖို့ ဦးစားပေး လုပ်ဆောင်နေပါတယ်။

လေယာဉ်ပေါ်က ခရီးသည်တွေထဲမှာ ၁၇၃ ဦးဟာ တောင်ကိုရီးယား နိုင်ငံသားတွေ ဖြစ်ကြပြီး ၂ ဦးကတော့ ထိုင်းနိုင်ငံသားတွေလို့ ယွန်ဟပ် သတင်းဌာနက ရေးသားထားပါတယ်။ အမှုထမ်း ၆ ဦးကလည်း တောင်ကိုရီးယား နိုင်ငံသားတွေပါ။

အခုဖြစ်ရပ်ဟာ တောင်ကိုရီးယား လေကြောင်းပို့ဆောင်ရေး သမိုင်းတလျှောက်မှာ အဆိုးဆုံးသော ပြည်တွင်းလေကြောင်း မတော်တဆမှု တစ်ခုအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။ နောက်ပြီး ၂၀၀၅ ခုနှစ်မှာ စတင်ထူထောင်တဲ့ ဂျယ်ဂျူ လေကြောင်းအတွက်လည်း ပထမဆုံး လူအသေအပျောက်ဖြစ်တဲ့ လေယာဉ်ပျက်ကျမှုကို ကြုံတွေ့လာရတာပါ။

၂၀၀၇ ခုနှစ်၊ ဩဂုတ် ၁၂ ရက်နေ့တုန်းက ဂျယ်ဂျူလေကြောင်းပိုင်း Bombardier Q400 အမျိုးအစား လေယာဉ်တစ်စီးဟာ ဘူဆန်-ဂင်မ်ဟေး လေဆိပ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပြေးလမ်းချော်သွားခဲ့ဖူးပါတယ်။ အဲဒီတုန်းက လေယာဉ်ပေါ် လိုက်ပါလာသူ ၇၄ ယောက်ထဲမှာ တစ်ဒါဇင်လောက် ဒဏ်ရာတွေ ရခဲ့ပေမယ့် အသေအပျောက်တော့ မရှိခဲ့ပါဘူး။

ကိုးကား: Yonhap

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။