Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Air Canadaရဲ့ ခရီးသည်တင်လေယာဉ် အရေးပေါ် ဆင်းသက်ရင်း မီးလောင်ခဲ့မှုကို စတင်စုံစမ်းနေ

လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ရင်း မီးစွဲလောင်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကနေဒါ လေကြောင်း (Air Canada)က ထုတ်ပြန်ခဲ့ပါတယ်။

လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ရင်း မီးစွဲလောင်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကနေဒါ လေကြောင်း (Air Canada)က ထုတ်ပြန်ခဲ့ပါတယ်။

Air Canadaအတွက် ဒေသတွင်း ဝန်ဆောင်မှု တာဝန်ယူထားတဲ့ PAL လေကြောင်းလိုင်းက ပြေးဆွဲပေးနေတဲ့ ခရီးစဉ်အမှတ် ၂၂၅၉ လေယာဉ်ဟာ ဒီဇင်ဘာ ၂၉ ရက်နေ့ ညပိုင်းက ကနေဒါနိုင်ငံ၊ နိုဗာ စကော့တီယာမှာရှိတဲ့ ဟယ်လီဖက်စ် စတန်ဖီးလ် နိုင်ငံတကာ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။

Bombardier Q400 အမျိုးအစား လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၇၃ ဦး စီးနင်းလိုက်ပါခဲ့ပြီး အားလုံး အန္တရာယ် ကင်းခဲ့တယ်လို့ ကနေဒါ လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ဖြစ်ရပ်ဟာ တောင်ကိုရီးယား နိုင်ငံ သမိုင်းမှာ အဆိုးဆုံး လေကြောင်း မတော်တဆမှုအဖြစ် ဂျယ်ဂျူ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ပျက်ကျပြီး လူ ၁၇၉ ဦး သေဆုံးတဲ့ ဖြစ်ရပ်အပြီး နာရီပိုင်း အကြာမှာ ပေါ်ပေါက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ခရီးသည်တွေရဲ့ အဆိုအရ လေယာဉ် ဆင်းသက်ချိန်မှာ Air Canada လေယာဉ်ရဲ့ ဘယ်ဖက် အဆင်းဘီး ချလို့မရဘဲ ဖြစ်နေခဲ့ပြီး ပြေးလမ်းပေါ်မှာ တရွတ်ဆွဲ ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။ ပြီးတော့ လေယာဉ်ရဲ့ ဘယ်ဖက် အတောင်ပံဟာ ပြေးလမ်းတဲ့ တရွတ်တိုက်ပြီး စုတ်ပြတ်သွားသလို မီးစွဲလောင်ခဲ့တယ်လို့ ဆိုပါတယ်။

သည်းထိတ်ရင်ဖို အခြေအနေမျိုးနဲ့ လေယာဉ် ဆင်းသက်ခဲ့ရပေမယ့် ခရီးသည်နဲ့ အမှုထမ်း အားလုံးကို ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး အပြင်းအထန် ဒဏ်ရာရခဲ့သူလည်း မရှိဘူးလို့ Air Canadaက ထုတ်ပြန်ထားပါတယ်။

အဲဒီ ဖြစ်ရပ်ကြောင့် လေဆိပ်ကိုလည်း ယာယီ ပိတ်ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီ လေယာဉ်ဟာ နယူးဖောင်လန်မှာရှိတဲ့ စိန့်ဂျွန်ကနေ ဟယ်လီဖက်စ် လေဆိပ်ကို ပျံသန်း ရောက်ရှိလာရင်း အရေးပေါ် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

အခုအခါမှာတော့ လေယာဉ်မှာ ဘယ်လို အမှားအယွင်း ကြုံခဲ့သလဲ ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ လေကြောင်းလိုင်းက ပြောပါတယ်။ အစောပိုင်းတုန်းက လေယာဉ်ရဲ့ ဘီးအတင်အချ စနစ်ဟာ အဓိက ပြစ်ချက်လို့ ယူဆစရာ ဖြစ်ခဲ့ပေမယ့် လေကြောင်း လုံခြုံရေး ပညာရှင်တွေကတော့ ရာသီဥတုနဲ့ လေယာဉ်ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းတွေကိုလည်း ထည့်သွင်းတွက်ချက်ဖို့ လိုမယ်လို့ ထောက်ပြထားပါတယ်။

ကနေဒါ လေကြောင်းလိုင်းရဲ့ လေယာဉ် အရေးပေါ်ဆင်းသက်ပြီး မီးစွဲလောင်ခဲ့တာဟာ တစ်ပတ်အတွင်း တတိယ အကြိမ်မြောက် ကြုံရတဲ့ လေကြောင်း မတော်တဆမှုလည်း ဖြစ်လာခဲ့ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်နေ့က ဂျယ်ဂျူ လေကြောင်းရဲ့ လေယာဉ် ပျက်ကျမှု ဖြစ်ခဲ့တဲ့အပြင် ခရစ္စမတ်နေ့တုန်းကလည်း အဇာဘိုင်ဂျန် လေကြောင်းပိုင် ခရီးသည်တင် လေယာဉ် ကာဇက်စတန်မှာ အရေးပေါ် ဆင်းသက်ရင်း ပျက်ကျခဲ့တာကြောင့် လူ ၃၈ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ကနေဒါ သယ်ယူပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့က လတ်တလော စုံစမ်းစစ်ဆေးမှု အချက်အလက်တွေကို ကြေညာဦးမှာ မဟုတ်ဘဲ သီတင်းပတ်တချို့ အကြာမှာ စုံစုံလင်လင် ထုတ်ပြန်သွားမယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

Facebook