Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားမှာ ပျက်ကျတဲ့ လေယာဉ်ရဲ့ black boxက ရထားတဲ့ အချက်အလက်တွေ အမေရိကန်ကို ပေးပို့ဖို့ စီစဉ်

ပျက်ကျခဲ့တဲ့ ဂျယ်ဂျူ လေကြောင်း ခရီးသည်တင် လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းဆိုင်ရာ ကိရိယာ black boxတွေကနေ ကနဦး ရရှိထားတဲ့ အချက်အလက်တွေကို အမေရိကန်ဆီ ပို့ဆောင်ပြီး စုံစမ်း စစ်ဆေးစေမယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ပျက်ကျခဲ့တဲ့ ဂျယ်ဂျူ လေကြောင်း ခရီးသည်တင် လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းဆိုင်ရာ ကိရိယာ black boxတွေကနေ ကနဦး ရရှိထားတဲ့ အချက်အလက်တွေကို အမေရိကန်ဆီ ပို့ဆောင်ပြီး စုံစမ်း စစ်ဆေးစေမယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့က မူအန် နိုင်ငံတကာ လေဆိပ်မှာ ဘီးချလို့မရတဲ့ အခြေအနေနဲ့ အရေးပေါ် ဆင်းသက်ဖို့ ကြိုးစားရင်း ဂျယ်ဂျူလေကြောင်းရဲ့ ခရီးစဉ်အမှတ် ၂၂၁၆ လေယာဉ်ဟာ ပြေးလမ်းအလွန်မှာရှိတဲ့ ကွန်ကရစ်နံရံကို အရှိန်နဲ့ ဝင်တိုက်ပြီး မီးလောင် ပေါက်ကွဲခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် လေယာဉ်ပေါ် ပါလာသူ ၁၈၁ ဦးထဲက ၁၇၉ ယောက်သေဆုံးပြီး အမှုထမ်း ၂ ဦးသာ အသက်ရှင်ခဲ့ပါတယ်။ ဒါဟာ တောင်ကိုရီးယားနိုင်ငံ သမိုင်းမှာ အဆိုးဆုံး လေကြောင်း မတော်တဆမှု အဖြစ်လည်း မှတ်တမ်းဝင်စေခဲ့ပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့မှာတော့ တောင်ကိုရီးယား အာဏာပိုင်တွေဟာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မိသားစုဝင်တွေဆီ စတင်လွှဲပြောင်းပေးနေပြီ ဖြစ်သလို Boeing 737-800 အမျိုးအစား လေယာဉ်ပျက်ဆီက ရှာတွေ့ထားတဲ့ black boxတွေ ဆီကနေ အချက်အလက် တချို့ကိုလည်း ထုတ်နုတ် ရရှိထားပြီလို့ ပြောပါတယ်။

ဒါပေမဲ့ လေယာဉ်ပျက်ကျချိန်မှာ black boxတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေတာကြောင့် အချက်အလက်တွေ ထုတ်ယူရေးမှာ အကန့်အသတ်တချို့ ကြုံနေရတယ်လို့ ဆိုပါတယ်။ လက်ရှိ ရထားသမျှ အချက်အလက်တွေကိုတော့ အမေရိကန်ကို ပေးပို့ပြီး ကျွမ်းကျင်သူတွေ အကူအညီနဲ့ စစ်ဆေးသွားမှာပါ။

Public Service Announcement

Public Service Announcement

လေယာဉ်တွေရဲ့ black boxတွေဟာ ပျံသန်းမှုဆိုင်ရာ အချက်အလက်တွေကို မှတ်တမ်းတင်ထားသလို လေယာဉ်မှူး အခန်းထဲက အသံတွေကိုလည်း သိုမှီးသိမ်းဆည်းထားတာကြောင့် လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ရင် တိကျတဲ့ အကြောင်းရင်းကို ဖော်ထုတ်ရာမှာ အများကြီး အရေးကြီးပါတယ်။

လေယာဉ်ပျက်ကျတဲ့ နေရာကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ တောင်ကိုရီးယားအပြင် အမေရိကန်က စုံစမ်းရေး အရာရှိတွေနဲ့ Boeing ကုမ္ပဏီက စေလွှတ်တဲ့ ပညာရှင်တွေပါ ပူးပေါင်း ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ လေယာဉ်ရဲ့ black box နှစ်လုံးစလုံးကို ရှာတွေ့ထားပြီး လေယာဉ်မှူး အခန်းထဲက အသံသွင်း black boxဆီက အချက်အလက်တွေကိုတော့ အသံဖိုင်အဖြစ် ပြောင်းလဲဖို့ စတင်စီစဉ်နေပြီလို့ တောင်ကိုရီးယား အရပ်ဖက်လေကြောင်း ပို့ဆောင်ရေး ဒုတိယ ဝန်ကြီး ဂျူဂျောင်ဝမ်က ပြောပါတယ်။

လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင် ဒုတိယ black boxမှာတော့ connectorတစ်ခု ပျောက်ဆုံးနေတယ်လို့ ဂျူက ဆိုပါတယ်။

လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး ကနဦးမှာ လေယာဉ်က ငှက်အုပ်နဲ့ ဝင်တိုက်ခဲ့တာလို့ စုံစမ်းရေး အရာရှိတွေက သုံးသပ်ထားပေမယ့် လေယာဉ်ပြေးလမ်းရဲ့ အဆုံးမှာ ကွန်ကရစ် နံရံတစ်ခု တည်ဆောက်ထားတဲ့ အခြေအနေကိုလည်း ဆန်းစစ်နေပါတယ်။ နောက်ပြီး ဘီးချလို့ မရတဲ့ ကိစ္စအပါအဝင် လေယာဉ်ရဲ့ စက်ပိုင်းဆိုင်ရာ ပြဿနာ ကြုံနိုင်ခြေကိုလည်း စုံစမ်းနေပါတယ်။

တောင်ကိုရီးယားမှာ လေယာဉ်ပျက်ကျပြီး သေဆုံးသူတွေအတွက် ရည်ရွယ်တဲ့ ဝမ်းနည်းကြေကွဲမှု ကာလကို ဇန်နဝါရီ ၄ ရက်နေ့ ညသန်းခေါင်ထိ သတ်မှတ် ကြေညာထားတယ်လို့လည်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။