Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားမှာ ပျက်ကျတဲ့ လေယာဉ်ရဲ့ black boxက ရထားတဲ့ အချက်အလက်တွေ အမေရိကန်ကို ပေးပို့ဖို့ စီစဉ်

ပျက်ကျခဲ့တဲ့ ဂျယ်ဂျူ လေကြောင်း ခရီးသည်တင် လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းဆိုင်ရာ ကိရိယာ black boxတွေကနေ ကနဦး ရရှိထားတဲ့ အချက်အလက်တွေကို အမေရိကန်ဆီ ပို့ဆောင်ပြီး စုံစမ်း စစ်ဆေးစေမယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ပျက်ကျခဲ့တဲ့ ဂျယ်ဂျူ လေကြောင်း ခရီးသည်တင် လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းဆိုင်ရာ ကိရိယာ black boxတွေကနေ ကနဦး ရရှိထားတဲ့ အချက်အလက်တွေကို အမေရိကန်ဆီ ပို့ဆောင်ပြီး စုံစမ်း စစ်ဆေးစေမယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့က မူအန် နိုင်ငံတကာ လေဆိပ်မှာ ဘီးချလို့မရတဲ့ အခြေအနေနဲ့ အရေးပေါ် ဆင်းသက်ဖို့ ကြိုးစားရင်း ဂျယ်ဂျူလေကြောင်းရဲ့ ခရီးစဉ်အမှတ် ၂၂၁၆ လေယာဉ်ဟာ ပြေးလမ်းအလွန်မှာရှိတဲ့ ကွန်ကရစ်နံရံကို အရှိန်နဲ့ ဝင်တိုက်ပြီး မီးလောင် ပေါက်ကွဲခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် လေယာဉ်ပေါ် ပါလာသူ ၁၈၁ ဦးထဲက ၁၇၉ ယောက်သေဆုံးပြီး အမှုထမ်း ၂ ဦးသာ အသက်ရှင်ခဲ့ပါတယ်။ ဒါဟာ တောင်ကိုရီးယားနိုင်ငံ သမိုင်းမှာ အဆိုးဆုံး လေကြောင်း မတော်တဆမှု အဖြစ်လည်း မှတ်တမ်းဝင်စေခဲ့ပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့မှာတော့ တောင်ကိုရီးယား အာဏာပိုင်တွေဟာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မိသားစုဝင်တွေဆီ စတင်လွှဲပြောင်းပေးနေပြီ ဖြစ်သလို Boeing 737-800 အမျိုးအစား လေယာဉ်ပျက်ဆီက ရှာတွေ့ထားတဲ့ black boxတွေ ဆီကနေ အချက်အလက် တချို့ကိုလည်း ထုတ်နုတ် ရရှိထားပြီလို့ ပြောပါတယ်။

ဒါပေမဲ့ လေယာဉ်ပျက်ကျချိန်မှာ black boxတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေတာကြောင့် အချက်အလက်တွေ ထုတ်ယူရေးမှာ အကန့်အသတ်တချို့ ကြုံနေရတယ်လို့ ဆိုပါတယ်။ လက်ရှိ ရထားသမျှ အချက်အလက်တွေကိုတော့ အမေရိကန်ကို ပေးပို့ပြီး ကျွမ်းကျင်သူတွေ အကူအညီနဲ့ စစ်ဆေးသွားမှာပါ။

Public Service Announcement

Public Service Announcement

လေယာဉ်တွေရဲ့ black boxတွေဟာ ပျံသန်းမှုဆိုင်ရာ အချက်အလက်တွေကို မှတ်တမ်းတင်ထားသလို လေယာဉ်မှူး အခန်းထဲက အသံတွေကိုလည်း သိုမှီးသိမ်းဆည်းထားတာကြောင့် လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ရင် တိကျတဲ့ အကြောင်းရင်းကို ဖော်ထုတ်ရာမှာ အများကြီး အရေးကြီးပါတယ်။

လေယာဉ်ပျက်ကျတဲ့ နေရာကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ တောင်ကိုရီးယားအပြင် အမေရိကန်က စုံစမ်းရေး အရာရှိတွေနဲ့ Boeing ကုမ္ပဏီက စေလွှတ်တဲ့ ပညာရှင်တွေပါ ပူးပေါင်း ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ လေယာဉ်ရဲ့ black box နှစ်လုံးစလုံးကို ရှာတွေ့ထားပြီး လေယာဉ်မှူး အခန်းထဲက အသံသွင်း black boxဆီက အချက်အလက်တွေကိုတော့ အသံဖိုင်အဖြစ် ပြောင်းလဲဖို့ စတင်စီစဉ်နေပြီလို့ တောင်ကိုရီးယား အရပ်ဖက်လေကြောင်း ပို့ဆောင်ရေး ဒုတိယ ဝန်ကြီး ဂျူဂျောင်ဝမ်က ပြောပါတယ်။

လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင် ဒုတိယ black boxမှာတော့ connectorတစ်ခု ပျောက်ဆုံးနေတယ်လို့ ဂျူက ဆိုပါတယ်။

လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး ကနဦးမှာ လေယာဉ်က ငှက်အုပ်နဲ့ ဝင်တိုက်ခဲ့တာလို့ စုံစမ်းရေး အရာရှိတွေက သုံးသပ်ထားပေမယ့် လေယာဉ်ပြေးလမ်းရဲ့ အဆုံးမှာ ကွန်ကရစ် နံရံတစ်ခု တည်ဆောက်ထားတဲ့ အခြေအနေကိုလည်း ဆန်းစစ်နေပါတယ်။ နောက်ပြီး ဘီးချလို့ မရတဲ့ ကိစ္စအပါအဝင် လေယာဉ်ရဲ့ စက်ပိုင်းဆိုင်ရာ ပြဿနာ ကြုံနိုင်ခြေကိုလည်း စုံစမ်းနေပါတယ်။

တောင်ကိုရီးယားမှာ လေယာဉ်ပျက်ကျပြီး သေဆုံးသူတွေအတွက် ရည်ရွယ်တဲ့ ဝမ်းနည်းကြေကွဲမှု ကာလကို ဇန်နဝါရီ ၄ ရက်နေ့ ညသန်းခေါင်ထိ သတ်မှတ် ကြေညာထားတယ်လို့လည်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတကို စွပ်စွဲပြစ်တင်မှု နောက်ဆက်တွဲ တရားခွင် ပထမဆုံး ရုံးချိန်းဟာ သမ္မတက မတက်ရောက်တာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

နိုင်ငံတကာ

အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့တဲ့ ကိစ္စကို အကြောင်းပြုပြီး လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို ခံရတာကြောင့် လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရပေမယ့် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ လုပ်ခလစာ တိုးမြှင့်ခံစားခွင့် ရရှိသွားပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံ၊ ဆောင်နမ်မြို့မှာ စီးပွားရေး လုပ်ငန်းတွေ ရုံးစိုက်ရာ အဆောက်အအုံကြီးတစ်ခု မီးအပြင်းအထန် လောင်ကျွမ်းခဲ့တာကြောင့် လူပေါင်း ရာဂဏန်းလောက်ကို အရေးပေါ် ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောကို တောင်ကိုရီးယား တရားရုံးတစ်ခုက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။