Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖမ်းဝရမ်း သက်တမ်း မကုန်ခင် သမ္မတကို ဖမ်းပေးဖို့ တောင်ကိုရီးယား ရဲတပ်ဖွဲ့ တောင်းဆိုခံထားရ

သမ္မတကို ပစ်မှတ်ထား ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်း သက်တမ်း မကုန်ခင် လက်တွေ့ ဖမ်းဆီးပေးဖို့ တောင်ကိုရီးယား အဂတိ တိုက်ဖျက်ရေး အေဂျင်စီက ရဲတပ်ဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။

သမ္မတကို ပစ်မှတ်ထား ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်း သက်တမ်း မကုန်ခင် လက်တွေ့ ဖမ်းဆီးပေးဖို့ တောင်ကိုရီးယား အဂတိ တိုက်ဖျက်ရေး အေဂျင်စီက ရဲတပ်ဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာ လဆန်းတုန်းက ရုတ်တရက် အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လတ်တလောမှာ ရာထူးကနေ ဆိုင်းငံ့ ခံထားရသူ သမ္မတ ယွန်ဆွတ်ခ်ယောအတွက် ဆိုးလ်တရားရုံး တစ်ခုက ထုတ်ပြန်ပေးထားတဲ့ ဖမ်းဝရမ်းဟာ သက်တမ်း ၇ ရက်သာ ကန့်သတ်ထားပြီး ဇန်နဝါရီ ၆ ရက်နေ့ ညသန်းခေါင်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

အဂတိ တိုက်ဖျက်ရေး အေဂျင်စီနဲ့ အမှုစစ် အရာရှိတွေဟာ သက်တမ်း ၆ နာရီကျော်သာ ကြာမြင့်ပြီး ပျက်ပြယ်ခဲ့ရတဲ့ စစ်အုပ်ချုပ်ရေး အမိန့် ကြေညာမှုနဲ့ ပတ်သက်လို့ ယွန်ကို စုံစမ်းမေးမြန်းဖို့ အနည်းဆုံး သုံးကြိမ်လောက် ဆင့်ခေါ်ခဲ့ပေမယ့် သမ္မတက ငြင်းဆန်ခဲ့ပါတယ်။

ဒါကြောင့်လည်း တောင်ကိုရီးယား သမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် အာဏာရ သမ္မတကို ဖမ်းဝရမ်းထုတ်ပြီး စုံစမ်းစစ်ဆေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့တုန်းက ရဲတွေဟာ ဆိုးလ်မှာရှိတဲ့ သမ္မတ အိမ်တော်ထဲထိ ယွန်ကို ဝင်ဖမ်းဖို့ အားထုတ်ခဲ့ပေမယ့် ယွန်ကို ထောက်ခံသူတွေ၊ ပြီးတော့ သမ္မတရဲ့ လုံခြုံရေး အရာရှိတွေက ဟန့်တားခဲ့တာကြောင့် မအောင်မြင်ဘဲ နာရီပေါင်း အတော်များများ ကြာပြီးချိန်မှာ ဆုတ်ခွာခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဝရမ်းသက်တမ်း နောက်ဆုံးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာတော့ အဂတိ တိုက်ဖျက်ရေး အေဂျင်စီက ယွန်ကို ဖမ်းဖို့ကိစ္စ လက်တွေ့ အကောင်အထည်ဖော်ဖို့ ရဲတွေကို ထပ်မံ တိုက်တွန်းလာခဲ့တာ ဖြစ်ပါတယ်။

အေဂျင်စီဖက်က တောင်းဆိုထားတဲ့ အချက်တွေကို ဥပဒေကြောင်းအရ ကိုက်ညီမှန်ကန်မှု ရှိသလား ဆိုတာကို ကနဦး သုံးသပ်နေတယ်လို့ ရဲအရာရှိ တစ်ယောက်က ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းမှာ မှတ်ချက်ပေးခဲ့ပါတယ်။

ယွန်ရဲ့ ရှေ့နေတွေက အဂတိ တိုက်ဖျက်ရေး အေဂျင်စီဟာ သမ္မတကို ရာဇဝတ်ကြောင်းဆိုင်ရာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ပိုင်ခွင့်အာဏာ မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

ယွန်ကလည်း သူ့ကို ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းကို အတိအလင်း ဖီဆန်ပြီး အဆုံးထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

သမ္မတရဲ့ အသက်ကို လူသိရှင်ကြား ခြိမ်းခြောက်စကား ပြောခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ဖိလစ်ပိုင် ဒုတိယ သမ္မတ ဆာရာဒူတာတေးကို ဖိလစ်ပိုင် တရားရုံး တစ်ခုက ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။