Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖမ်းဝရမ်း သက်တမ်း မကုန်ခင် သမ္မတကို ဖမ်းပေးဖို့ တောင်ကိုရီးယား ရဲတပ်ဖွဲ့ တောင်းဆိုခံထားရ

သမ္မတကို ပစ်မှတ်ထား ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်း သက်တမ်း မကုန်ခင် လက်တွေ့ ဖမ်းဆီးပေးဖို့ တောင်ကိုရီးယား အဂတိ တိုက်ဖျက်ရေး အေဂျင်စီက ရဲတပ်ဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။

သမ္မတကို ပစ်မှတ်ထား ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်း သက်တမ်း မကုန်ခင် လက်တွေ့ ဖမ်းဆီးပေးဖို့ တောင်ကိုရီးယား အဂတိ တိုက်ဖျက်ရေး အေဂျင်စီက ရဲတပ်ဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာ လဆန်းတုန်းက ရုတ်တရက် အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လတ်တလောမှာ ရာထူးကနေ ဆိုင်းငံ့ ခံထားရသူ သမ္မတ ယွန်ဆွတ်ခ်ယောအတွက် ဆိုးလ်တရားရုံး တစ်ခုက ထုတ်ပြန်ပေးထားတဲ့ ဖမ်းဝရမ်းဟာ သက်တမ်း ၇ ရက်သာ ကန့်သတ်ထားပြီး ဇန်နဝါရီ ၆ ရက်နေ့ ညသန်းခေါင်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

အဂတိ တိုက်ဖျက်ရေး အေဂျင်စီနဲ့ အမှုစစ် အရာရှိတွေဟာ သက်တမ်း ၆ နာရီကျော်သာ ကြာမြင့်ပြီး ပျက်ပြယ်ခဲ့ရတဲ့ စစ်အုပ်ချုပ်ရေး အမိန့် ကြေညာမှုနဲ့ ပတ်သက်လို့ ယွန်ကို စုံစမ်းမေးမြန်းဖို့ အနည်းဆုံး သုံးကြိမ်လောက် ဆင့်ခေါ်ခဲ့ပေမယ့် သမ္မတက ငြင်းဆန်ခဲ့ပါတယ်။

ဒါကြောင့်လည်း တောင်ကိုရီးယား သမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် အာဏာရ သမ္မတကို ဖမ်းဝရမ်းထုတ်ပြီး စုံစမ်းစစ်ဆေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့တုန်းက ရဲတွေဟာ ဆိုးလ်မှာရှိတဲ့ သမ္မတ အိမ်တော်ထဲထိ ယွန်ကို ဝင်ဖမ်းဖို့ အားထုတ်ခဲ့ပေမယ့် ယွန်ကို ထောက်ခံသူတွေ၊ ပြီးတော့ သမ္မတရဲ့ လုံခြုံရေး အရာရှိတွေက ဟန့်တားခဲ့တာကြောင့် မအောင်မြင်ဘဲ နာရီပေါင်း အတော်များများ ကြာပြီးချိန်မှာ ဆုတ်ခွာခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဝရမ်းသက်တမ်း နောက်ဆုံးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာတော့ အဂတိ တိုက်ဖျက်ရေး အေဂျင်စီက ယွန်ကို ဖမ်းဖို့ကိစ္စ လက်တွေ့ အကောင်အထည်ဖော်ဖို့ ရဲတွေကို ထပ်မံ တိုက်တွန်းလာခဲ့တာ ဖြစ်ပါတယ်။

အေဂျင်စီဖက်က တောင်းဆိုထားတဲ့ အချက်တွေကို ဥပဒေကြောင်းအရ ကိုက်ညီမှန်ကန်မှု ရှိသလား ဆိုတာကို ကနဦး သုံးသပ်နေတယ်လို့ ရဲအရာရှိ တစ်ယောက်က ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းမှာ မှတ်ချက်ပေးခဲ့ပါတယ်။

ယွန်ရဲ့ ရှေ့နေတွေက အဂတိ တိုက်ဖျက်ရေး အေဂျင်စီဟာ သမ္မတကို ရာဇဝတ်ကြောင်းဆိုင်ရာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ပိုင်ခွင့်အာဏာ မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

ယွန်ကလည်း သူ့ကို ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းကို အတိအလင်း ဖီဆန်ပြီး အဆုံးထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

"ဖမ်းဝရမ်းထုတ်ခံထားရတဲ့ကိစ္စတွေက လွတ်ငြိမ်းချမ်းသာခွင့် ရသွားမယ့် ကိစ္စတွေ မဟုတ်ဘူး။ နိုင်ငံတကာဥပဒေတွေအောက်မှာ မင်းအောင်လှိုင်က war criminal (စစ်ရာဇဝတ်​သား)က war criminalပဲ။ အဲဒါကပြောင်းစရာအကြောင်းမရှိဘူး" ဒေါ်ခင်ဥမ္မာ(Progressive Voice-တည်​ထောင်သူ)

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တူရကီက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

သတင်း

မြန်မာအလုပ်သမားတစ်ဦးဓါတ်လိုက်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို တောင်ကိုရီးယား ရဲတပ်ဖွဲ့က စီးနင်းခဲ့ပါတယ်။

သတင်း

ကရင် နယ်ခြားစောင့်တပ် (BGF)ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ တခြား BGF ခေါင်းဆောင် တချို့ကို ဖမ်းဝရမ်း ထုတ်နိုင်ဖို့အတွက် ထိုင်းအထူးထောက်လှမ်းရေး ဌာန (DSI)က ပိုမို ခိုင်လုံတဲ့ အထောက်အထားတွေနဲ့အတူ ထိုင်းရှေ့နေချုပ်ရုံးဆီ တင်ပြ တောင်းဆိုခဲ့ပါတယ်။