Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ တောင်ပိုင်းမှာ ကလေးငယ်နှစ်ဦး HMPV ဗိုင်းရပ်စ် ကူးစက်ခံရ

တရုတ်နိုင်ငံမှာ ပျံ့နှံ့နေတဲ့ Human Metapneumovirus (HMPV) ကူးစက်ခံထားရသူ ကလေးနှစ်ဦးကို အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံမှာ ပျံ့နှံ့နေတဲ့ Human Metapneumovirus (HMPV) ကူးစက်ခံထားရသူ ကလေးနှစ်ဦးကို အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

ကာနာတာကာ ပြည်နယ်ထဲမှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာတွေ ပြသနေတဲ့ ကလေး နှစ်ယောက်စလုံးဟာ လသားအရွယ်တွေ ဖြစ်ကြပြီး ၃ လသမီးလေးနဲ့ ၈ လသားလေးလို့ ဆိုပါတယ်။ ကလေး နှစ်ယောက်စလုံးဟာ အသက်ရှူလမ်းကြောင်း နမိုးနီးယား ရောဂါ စွဲကပ်ခံစားရဖူးတဲ့ မှတ်တမ်းတွေ ရှိနေပြီး ကာနာတာကာမှာရှိတဲ့ နှစ်ချင်းဆေးရုံမှာ တက်ရောက်ကုသနေချိန် ဓာတ်ခွဲရလဒ်အရ HMPV ကူးစက် ခံထားရတယ်ဆိုတာ အတည်ပြု တွေ့ရှိခဲ့တာပါ။

ဇန်နဝါရီ ၆ ရက်နေ့ထိ အခြေအနေအရ မိန်းကလေးဟာ ဆေးရုံကနေ ပြန်ဆင်းသွားပြီဖြစ်ပြီး ယောက်ျားလေးရဲ့ အခြေအနေကလည်း သက်သာ ပျောက်ကင်းလာနေပြီလို့ သိရပါတယ်။

သတိထားရမယ့် အချက်တစ်ခုက အဲဒီကလေး နှစ်ယောက်စလုံးဟာ နိုင်ငံရပ်ခြား ခရီးမသွားဖူးသေးသူတွေ ဖြစ်နေတာလို့ ဆေးရုံက ထောက်ပြခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ကလေးတွေဆီကို HMPV ဗိုင်းရပ်စ်ဟာ အိန္ဒိယ လူ့အဖွဲ့အစည်းထဲမှာတင်ပဲ ကူးစက်ခဲ့တယ် ဆိုတာပါပဲ။

Public Service Announcement

Public Service Announcement

လောလောဆယ် တရုတ်မှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုတွေရဲ့ အကြောင်းရင်းမှာ တုပ်ကွေး ဗိုင်းရပ်စ်နဲ့ HMPV မျိုးကွဲသစ် ဗိုင်းရပ်စ်ကအဓိက ဦးဆောင်နေတဲ့အပေါ် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ပညာရှင်တွေကတော့ အိန္ဒိယ အပါအဝင် နိုင်ငံတော်တော်များများဆီ HMPV ဗိုင်းရပ်စ်ဟာ ပျံ့နှံ့ ရောက်ရှိပြီးသား ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

HMPVဟာ တုပ်ကွေး၊ ကိုဗစ်ဆန်တဲ့ ရောဂါလက္ခဏာတွေ ပြသတတ်ပြီး အရမ်းပြင်းထန်တဲ့ အခြေအနေတွေမှာတော့ ပြင်းထန် နမိုးနီးယား အခြေအနေတွေ ဖြစ်ပေါ်စေနိုင်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ဗိုင်းရပ်စ်ရဲ့ ထိုးနှက်မှုက ပိုမို ပြင်းထန်နိုင်ပါတယ်။

HMPVကို ၂၀၀၁ ခုနှစ်မှာ စတင်ဓာတ်ခွဲ တွေ့ရှိခဲ့ပြီး အဲဒီမတိုင်ခင် ဆယ်စုနှစ်တွေ ကတည်းက ကမ္ဘာအနှံ့ကို ပျံ့နှံ့ရောက်ရှိနေခဲ့ပြီး ဖြစ်သလို အပူချိန် ကျဆင်းတဲ့ ကာလတွေမှာ ရာသီပေါ် ဗိုင်းရပ်စ်အဖြစ် ခေါင်းထောင်လာလေ့ ရှိပါတယ်။

အဲဒီဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး၊ ကုသဆေး မရှိဘဲ တုပ်ကွေးရောဂါ ကုသမှု နည်းလမ်းတွေနဲ့သာ လူနာတွေကို စောင့်ရှောက်ကုသပေးရတာ ဖြစ်ပါတယ်။ လူနာ အများစုဟာလည်း သာမန် တုပ်ကွေးဆန်တဲ့ ရောဂါ လက္ခဏာတွေသာ ပြသပြီး သက်သာ ပျောက်ကင်းလေ့ ရှိပါတယ်။

အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ကာနာတာကာမှာ လူနာနှစ်ဦး တွေ့ရှိခဲ့တဲ့နောက် HMPV ကူးစက်မှုတွေကို ပိုပြီး ထိထိရောက်ရောက် ဟန့်တားနိုင်ရေး အစီအမံတွေ အကောင်အထည် ဖော်သွားမယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: Xinhua

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ မြောက်ပိုင်းမှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပွားစေတဲ့ Human metapneumovirus (HMPV) ဗိုင်းရပ်စ် ကူးစက်မှုနှုန်း ကျဆင်းသွားပြီလို့ သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ တိဘက် ကုန်းမြင့်ဒေသမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၁၂၀ ကျော်လွန်လာပြီ ဖြစ်သလို ကယ်ဆယ်ရေး အဖွဲ့တွေဟာ ညလုံးပေါက် ရှာဖွေမှုတွေ အပူတပြင်း ဆက်လက် လုပ်ဆောင်နေပါတယ်။

Infographics

လက်ရှိ တရုတ်နိုင်ငံမှာ တုပ်ကွေးနဲ့ ကိုဗစ်ဆန်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပွားစေတဲ့ Human metapneumovirus (HMPV)ကို ၂၀၀၁ ခုနှစ်တုန်းက နယ်သာလန် ဆေးသိပ္ပံ ပညာရှင်တွေက စတင် အတည်ပြု တွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကလေးတွေမှာ အမျိုးအမည် ခွဲခြားမသိတဲ့ ဗိုင်းရပ်စ်...

နိုင်ငံတကာ

တရုတ်မှာ တုပ်ကွေး၊ ကိုဗစ်တို့နဲ့ လက္ခဏာတွေ ဆင်တူတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါမျိုး ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေကြောင်း လူမှုကွန်ရက်ပေါ်မှာ သတင်းတွေ ပိုမို ပျံ့နှံ့လာနေပါတယ်။

Facebook