Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်စခန်းတွေနား ချဉ်းကပ်လာတဲ့ ဒရုန်းတွေကို ပစ်ချဖို့ စစ်တပ်ကို ဂျာမနီ အစိုးရ ခွင့်ပြုဖွယ်ရှိနေ

စစ်ရေးဆိုင်ရာ ထိလွယ်ရှလွယ် နေရာတွေကို ချဉ်းကပ် ပျံသန်းလာတဲ့ ဒရုန်းတွေကို ဂျာမနီ စစ်တပ်က ပစ်ချခွင့်ပေးဖို့ အစိုးရက စီစဉ်နေကြောင်း သိရပါတယ်။

စစ်ရေးဆိုင်ရာ ထိလွယ်ရှလွယ် နေရာတွေကို ချဉ်းကပ် ပျံသန်းလာတဲ့ ဒရုန်းတွေကို ဂျာမနီ စစ်တပ်က ပစ်ချခွင့်ပေးဖို့ အစိုးရက စီစဉ်နေကြောင်း သိရပါတယ်။

ဂျာမနီ စစ်စခန်းတွေနဲ့ တခြားသော အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေနဲ့ ချဉ်းကပ်လာတဲ့ မသင်္ကာစရာ ဒရုန်းတွေကို စစ်တပ်က ပစ်ချနိုင်ရေး ခွင့်ပြုပေးဖို့ ဥပဒေမူကြမ်း အဆိုတစ်ရပ်ကို ရေးဆွဲထားပါတယ်။

ပြည်ထဲရေး ဝန်ကြီး နန်စီဖေဆာက ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့ချိန်ကစလို့ ဒရုန်းတွေ အသုံးချမှုကို အများအပြား ပိုမို တွေ့မြင်လာနေရကြောင်း၊ ဒရုန်းနည်းပညာ တိုးတက်လာခြင်းဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအတွက် ခက်ခဲတဲ့ စိန်ခေါ်မှု အသစ်တွေ တိုးပွားလာစေကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ စတင်ချိန် ကတည်းက ဂျာမနီဟာ ရုရှားရဲ့ နည်းလမ်းမျိုးစုံနဲ့ ရန်လိုတိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေအတွက် သတိကြီးကြီးနဲ့ ပြင်ဆင်နေပါတယ်။ ရုရှားကတော့ ဂျာမနီနဲ့ အနောက်ဥရောပ နိုင်ငံတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ အစီအစဉ် မရှိကြောင်း အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

အစိုးရက စီစဉ်နေတဲ့ လေကြောင်း လုံခြုံရေး အက်ဥပဒေ မူကြမ်းအရ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိတွေကလည်း လိုအပ်တယ်လို့ ယူဆတဲ့ အခြေအနေမှာ မသင်္ကာစရာ ဒရုန်းတွေကို ပစ်ချပေးဖို့ ဂျာမနီ စစ်တပ်ကို တောင်းဆိုပိုင်ခွင့် ရှိလာမယ်လို့ သိရပါတယ်။

စစ်တပ်ကလည်း အရေးပေါ် လိုအပ်တယ်လို့ ယူဆတဲ့ အခြေအနေတွေမှာ၊ အထူးသဖြင့် လေကြောင်း မတော်တဆမှုတွေ ကြုံနိုင်တဲ့ အခြေအနေတွေမှာ တရားမဝင် ပျံသန်းနေတဲ့ ဒရုန်းတွေကို အင်အားသုံး ဖျက်ဆီးခွင့် ရလာမှာ ဖြစ်ပါတယ်။

ဂျာမနီ အစိုးရ အဓိပတိ အိုလက်ဖ်ရှော့ဇ်ကတော့ ဖေဖော်ဝါရီ ၂၁၃ ရက်နေ့ ဖက်ဒရယ် ရွေးကောက်ပွဲ မတိုင်ခင် အဲဒီ ဥပဒေ မူကြမ်းကို အောက်လွှတ်တော် အတည်ပြုချက် ရရှိစေဖို့ ရည်ရွယ်ထားပေမယ့် ဥပဒေကြမ်းကို လွှတ်တော်က ထောက်ခံမလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။