Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ စံချိန်တင် ပမာဏအဖြစ် မက်သာမက်ဖက်တမင်း မူးယစ်ဆေး တစ်တန်ခွဲကျော် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံမှာ စံချိန်တင် ပမာဏအဖြစ် မက်သာမက်ဖက်တမင်း မူးယစ်ဆေး တစ်တန်ခွဲကျော်ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ စံချိန်တင် ပမာဏအဖြစ် မက်သာမက်ဖက်တမင်း မူးယစ်ဆေး တစ်တန်ခွဲကျော်ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရပါတယ်။

သတင်းပေး တိုင်ကြားမှု တစ်ခုအရ ဘန်ကောက်မှာရှိတဲ့ ကုန်လှောင်ရုံ တစ်ခုထဲကို ထိုင်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီနဲ့ သက်ဆိုင်ရာ ဌာနတွေရဲ့ အရာရှိတွေက ဝင်ရောက် စစ်ဆေးခဲ့တဲ့နောက် မက်သာမက်ဖက်တမင်း မူးယစ်ဆေးအခဲ ၁.၆၅ တန်လောက်ကို သိမ်းဆည်းရမိခဲ့တာလို့ ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ ထိပ်တန်း အရာရှိ တစ်ဦးက ဇန်နဝါရီ ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အဲဒီ သိမ်းဆည်းရမိမှုရဲ့ တန်ဖိုး အတိအကျကို မထုတ်ပြန်ပေမယ့် မနှစ်က မေလတုန်းက ထိုင်းနိုင်ငံမှာ သိမ်းဆည်းရမိတဲ့ မက်သာမက်ဖက်တမင်း မူးယစ်ဆေး ၁ တန်လောက် ပမာဏဟာ မှောင်ခိုစျေးကွက် ပေါက်စျေး ဒေါ်လာ ၂၅ သန်းလောက်ထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ကုန်လှောင်ရုံထဲမှာ အခု သိုဝှက်ထားတဲ့ မူးယစ်ဆေးဝါးတွေဟာ အာဖရိကတိုက်ကနေ အိန္ဒိယကို ဖြတ်ပြီး ထိုင်းနိုင်ငံထဲ ရောက်နေခဲ့တာ ဖြစ်ကြောင်း၊ အဲဒီကနေတဆင့် ဥရောပ၊ ဒါမှမဟုတ် အမေရိကန်နဲ့ ဩစတြေးလျတို့ဆီ မှောင်ခိုဖြန့်ဝေဖို့ ရည်ရွယ်ထားဟန်ရှိကြောင်း ထိုင်းအာဏာပိုင်တွေက ယူဆနေပါတယ်။

Public Service Announcement

Public Service Announcement

မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခြင်းနဲ့အတူ အဲဒီ ကုန်လှောင်ရုံမှာ ရှိနေတဲ့ လူ ၄ ဦးကိုပါ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ဖာညူရတ် လူခါဘွန်က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ထိုင်းဟာ ပုံမှန်အားဖြင့်တော့ နိုင်ငံမြောက်ပိုင်း၊ လာအိုနဲ့ မြန်မာတို့ နယ်စပ်ထိစပ်ရာ ရွှေတြိဂံဒေသမှာ အခြေစိုက် ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ နိုင်ငံတကာ စျေးကွက်ကို ဖြန့်ချိတဲ့ ခရီးတထောက်နားရာ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ မက်သာမက်ဖက်တမင်း မူးယစ်ဆေးမှာ ယေဘုယျ အနေနဲ့ အိုက်စ်လို့ခေါ်တဲ့ အခဲပုံစံနဲ့ ယာဘလို့ သုံးနှုန်းလေ့ရှိတဲ့ ဆေးပြားပုံစံတွေ တွေ့ရပါတယ်။

မြန်မာဟာ မက်သာမက်ဖက်တမင်း မူးယစ်ဆေးတွေ ထုတ်လုပ်မှုမှာ ပင်မ အရင်းအမြစ် တစ်ခုဖြစ်ပြီး အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ ထိန်းချုပ်ထားရာ နယ်စပ် အစွန်အဖျား ဧရိယာတွေမှာ အဲဒီမူးယစ်ဆေးတွေ ထုတ်လုပ်တဲ့ စက်ရုံတွေ တည်ထားကြောင်း သိရှိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်ကဘုရားကျောင်းတစ်ခုမှာပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့သံသယတရားခံအမျိုးသားဟာကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။