Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရက်ပိုင်းလောက် ပျောက်သွားပြီးတဲ့နောက် မြောက်ကိုရီးယားတပ်တွေ ယူကရိန်းစစ်ပွဲရဲ့ ရှေ့တန်းကို ပြန်ရောက်လာ

ရက်အတော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ မြောက်ကိုရီးယား စစ်သားတွေကို ရှေ့တန်း စစ်မြေပြင်မှာ ပြန်တွေ့လာရကြောင်း ယူကရိန်းက အတည်ပြု ပြောကြားခဲ့ပါတယ်။

ရက်အတော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ မြောက်ကိုရီးယား စစ်သားတွေကို ရှေ့တန်း စစ်မြေပြင်မှာ ပြန်တွေ့လာရကြောင်း ယူကရိန်းက အတည်ပြု ပြောကြားခဲ့ပါတယ်။

ယူကရိန်း စစ်ပွဲမှာ ရုရှားဖက်က ပါဝင်တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယား တပ်တွေဟာ ထိခိုက် သေဆုံးမှုတွေ အရမ်းများတာကြောင့်လို့ ယူဆရတဲ့ အခြေအနေကြောင့် ရုတ်တရက် ဆုတ်ခွာသွားခဲ့ကြပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့က ထုတ်ပြန်တဲ့ ဗီဒီယို တစ်ခုမှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မြောက်ကိုရီးယားတပ်တွေ ရှေ့တန်း ပြန်ရောက်လာကြောင်း အတည်ပြုခဲ့ပါတယ်။ ရုရှား ပိုင်နက်ထဲမှာ ယူကရိန်းက အစိတ်အပိုင်း တချို့ ထိန်းချုပ်ထားတဲ့ ကာ့စ်ခ်ဒေသမှာ ထိုးစစ်အသစ်အတွက် ပြင်ဆင်နေတဲ့ ရုရှားစစ်တပ်ဟာ မြောက်ကိုရီးယား စစ်သားတွေကို ရှေ့တန်းဆီ ပြန်ခေါ်လာပြီလို့ ဇီလန်စကီးက ဆိုပါတယ်။

ကာ့စ်ခ်မှာ ဖြစ်ပွားတဲ့ စစ်ပွဲတွေအတွင်း မြောက်ကိုရီးယားနဲ့ ရုရှားစစ်သား ရာပေါင်း အတော်များများကို သုတ်သင်နိုင်ခဲ့ပြီး ဖြစ်တယ်လို့လည်း ဇီလန်စကီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာ မနှစ်က နှစ်ကုန်ပိုင်းက ရုရှားကို ကူညီဖို့ စစ်သည် ၁၁၀၀၀ ဝန်းကျင်လောက် စေလွှတ်ပေးခဲ့ပြီး သုံးလအတွင်း ၁၀၀၀ လောက် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ယုံကြည်ရကြောင်း အနောက်မဟာမိတ် နိုင်ငံတွေရဲ့ ထောက်လှမ်းရေး ဌာနတွေက ဇန်နဝါရီလထဲမှာ မှတ်ချက် ပေးထားပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားကတော့ စစ်မြေပြင် အသေအပျောက် ကိန်းဂဏန်းတွေနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲပါ။

မြောက်ကိုရီးယား စစ်သားတွေဟာ ခေတ်သစ် စစ်မြေပြင် အခြေအနေတွေနဲ့ အကျွမ်းတဝင် မရှိသလို ဒရုန်းတိုက်ခိုက်မှုတွေကို အကာအကွယ်ယူ တုံ့ပြန်မှုတွေမှာလည်း အားနည်းလွန်းတာကြောင့် အသေအပျောက် အခြေအနေတွေ ပိုဆိုးတာ ဖြစ်တယ်လို့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက သီးခြား သုံးသပ်ထားပါတယ်။

ယူကရိန်း စစ်ပွဲကာလမှာ ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးဟာ သိသိသာသာ တိုးတက်လာခဲ့ပြီး မူလက မြောက်ကိုရီးယားဟာ ရုရှားအတွက် စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေပဲ ထောက်ပံ့နေခဲ့ရာက နောက်တော့ ရှေ့တန်းမှာ ကူညီ တိုက်ပွဲဝင်မယ့် တပ်တွေကိုပါ အားဖြည့် ပို့ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား တပ်တွေအတွက် မြောက်ကိုရီးယား စစ်သားတွေက မိုင်းရှင်းပေးခဲ့ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်စဲရေးနဲ့ ပတ်သက်လို့ သူစိတ်ပျက်လာအောင် မလုပ်ဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားအတွက် ကူညီ တိုက်ခိုက်ပေးနေတဲ့ မြောက်ကိုရီးယား စစ်သားတွေကို နိုင်ငံ့ဂုဏ်ဆောင် သူရဲကောင်းတွေလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက ညွှန်းဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဖက်က ကူညီတိုက်ခိုက်ရင်း သေဆုံးခဲ့တဲ့ မြောက်ကိုရီးယား စစ်သားတွေရဲ့ ရုပ်အလောင်းတွေကို နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းက စိတ်မကောင်းစွာနဲ့ လက်ခံယူနေပုံ မှတ်တမ်း ဓာတ်ပုံတွေကို မြောက်ကိုရီးယားက ထုတ်ပြန် ပြသခဲ့ပါတယ်။