Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပုပ်ရဟန်းမင်းကြီးရဲ့ အဆုတ်နှစ်ဖက်လုံး နမိုးနီးယားရောဂါ ဖြစ်ပွားနေ

နမိုးနီးယား အဆုတ်ရောဂါဟာ ပုပ်ရဟန်းမင်းကြီးရဲ့ အဆုတ် နှစ်ခုလုံးမှာ ဖြစ်ပွားနေပြီး ကုသဖို့အတွက်လည်း ရှုပ်ထွေးတဲ့ အခြေအနေမျိုးတွေ ရှိနေတယ်လို့ ဗာတီကန် နန်းတော်က အတည်ပြုခဲ့ပါတယ်။

နမိုးနီးယား အဆုတ်ရောဂါဟာ ပုပ်ရဟန်းမင်းကြီးရဲ့ အဆုတ် နှစ်ခုလုံးမှာ ဖြစ်ပွားနေပြီး ကုသဖို့အတွက်လည်း ရှုပ်ထွေးတဲ့ အခြေအနေမျိုးတွေ ရှိနေတယ်လို့ ဗာတီကန် နန်းတော်က အတည်ပြုခဲ့ပါတယ်။

ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ပုပ်ရဟန်းမင်း သီတင်းသုံးရာ ဗာတီကန်ဖက်က အခုလို ထုတ်ပြန်ခဲ့တာပါ။ အသက် ၈၈ နှစ် ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာနဲ့ တစ်ပတ်လောက် ကြုံတွေ့ခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီ ၁၄ ရက်နေ့တုန်းက အီတလီနိုင်ငံ၊ ရောမမြို့တော်ရဲ့ ဂမ်မယ်လီ ဆေးရုံမှာ တက်ရောက်နေရပါတယ်။

ရင်ဘတ်ကို CT Scanဖတ်ကြည့်တဲ့ စစ်ဆေးမှု ရလဒ်တွေအရ ပုပ်ရဟန်းမင်းကြီးရဲ့ အဆုတ်နှစ်ဖက်စလုံးမှာ နမိုးနီးယား ဖြစ်နေတာ တွေ့ခဲ့ရပြီး နောက်ဆက်တွဲ ဆေးဝါး အထောက်အပံ့နဲ့ ကုသမှုတွေ ခံယူရဦးမယ်လို့ ဗာတီကန်က ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်မှန်နဲ့ ဓာတ်ခွဲခန်း စစ်ဆေးမှုတွေအရ ပုပ်ရဟန်းမင်းကြီး လက်ရှိ ခံစားနေရတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါမှာ ရှုပ်ထွေးတဲ့ အခြေအနေ တချို့ ရှိနေဆဲလို့လည်း ဗာတီကန် နန်းတော်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပုပ်ရဟန်းမင်းကြီးကတော့ နာမကျန်း ဖြစ်နေတဲ့တိုင် စိတ်ရွှင်ရွှင်လန်းလန်း ရှိနေပြီး အနားယူနေစဉ် ကာလတွေအတွင်း စာဖတ်တာ၊ ဆုတောင်းတာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။ နောက်ပြီး သူ့ရဲ့ ကျန်းမာရေးအတွက် ဆုတောင်းပေးသူ အားလုံးကိုလည်း ပုပ်ရဟန်းမင်းကြီးက ကျေးဇူးတင်နေတယ်လို့ ဗာတီကန် နန်းတော် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ငယ်ရွယ်စဉ် အသက် ၂၁ နှစ်တုန်းက အဆုတ် အစိတ်အပိုင်းတချို့ ဖြတ်တောက် ကုသမှု ခံယူခဲ့ရဖူးပြီး အဆုတ်အမြှေးရောင် ရောဂါလည်း ခံစားရဖူးတာကြောင့် အဆုတ်ကျန်းမာရေးနဲ့ ပတ်သက်ရင် ပိုပြီး သတိထားရတဲ့ အခြေအနေ ဖြစ်ပါတယ်။

ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ သာသနာပိုင်ချုပ်အဖြစ် ၁၂ နှစ်တာ ဖြတ်သန်းမှုအတွင်း အာဂျင်တီးနား နိုင်ငံသား ခရစ်ယာန် ဘုန်းတော်ကြီးဟာ ကျန်းမာရေး ပြဿနာ တချို့ကြောင့် ဆေးရုံတက်ရတဲ့ အကြိမ်တချို့လည်း ရှိခဲ့ဖူးပါတယ်။

ကိုးကား: Time

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ထားတဲ့ စစ်ပွဲတွေမှာ ဘုရားသခင်ရဲ့ နာမတော်ကို အသုံးချနေတာဟာ မလျော်ကန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့ပါတယ်။ ဘုရားသခင်ဟာ ဘယ်လို စစ်ရေး ပဋိပက္ခကိုမှ ကောင်းချီးမပေးဘူးလို့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးက လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကို ဗဟိုပြုပြီး အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အမြန်ဆုံး အပစ်အခတ် ရပ်စဲကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

သတင်း

ဒုက္ခဆိုးတွေ ကြုံနေရတဲ့ မြန်မာပြည်သူတွေကို မေ့မထားကြဖို့ ပုပ်ရဟန်းမင်းကြီး လီယိုက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပုပ်ရဟန်းမင်းကြီး လီယိုရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်တွေနဲ့ ပတ်သက်လို့ ဗာတီကန် နန်းတော်က အတည်ပြု ကြေညာခဲ့ပါတယ်။