Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျာမနီမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်မှုကြောင့် ၂ ဦးသေ

ဂျာမနီနိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကြောင့် လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိပါတယ်။

ဂျာမနီနိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကြောင့် လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိပါတယ်။

မတ်လ ၃ ရက်နေ့က ဂျာမနီ အနောက်ပိုင်းမှာရှိတဲ့ မန်ဟိုင်းမ်မြို့ရဲ့ လူသွားလူလာ စည်ကားရာ နေရာတစ်ခုမှာ အဲဒီ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ ကားနဲ့ တိုက်ခံရမှုကြောင့် အသက် ၈၃ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးနဲ့ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း ရဲတွေက ပြောပါတယ်။ နောက်ထပ် ၅ ယောက်ကတော့ အသေးစား ဒဏ်ရာတချို့ ရခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေး အရာရှိတွေက အသက် ၄၀ အရွယ် ယာဉ်မောင်းဟာ ဒီကိစ္စကို တစ်ကိုယ်တော် ကျူးလွန်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။ အဲဒီ ဂျာမနီ နိုင်ငံသားဟာ အကြမ်းဖက် ဝါဒ တစ်ခုခုကြောင့် ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့တာလို့ မယုံကြည်ရကြောင်း၊ ဒါပေမဲ့ စိတ်ကျန်းမာရေး ပြဿနာ ကြီးကြီးမားမား ရှိနေတဲ့ လက္ခဏာတွေ တွေ့ရကြောင်း စုံထောက်တွေက မှတ်ချက်ပေးထားပါတယ်။

ပန်းဥယျာဉ် အလှဆင် ဝန်ထမ်းတစ်ဦးဖြစ်တဲ့ သံသယ တရားခံဟာ လူအုပ်ကို ကားနဲ့တိုက်ပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် ဗလာကျည် ထည့်ထားတဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ အခုတော့ သူဟာ ဆေးရုံမှာ ထိန်းသိမ်း ခံထားရပြီး အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေမှာတော့ အနက်ရောင် အိမ်စီးကား အသေးတစ်စီးဟာ စျေးဆိုင်တွေ စည်ကား ပေါများရာ ပလန်ကန် လမ်းအတိုင်း အနောက်ဖက်ကို အရှိန်နဲ့ ဖြတ်မောင်းသွားတာကို တွေ့ရပါတယ်။ အခင်းဖြစ်ပွားပြီး မှတ်တမ်း ဓာတ်ပုံတွေမှာ ဆိုရင်လည်း ယာဉ်တိုက်မှုကြောင့် လမ်းပေါ် လဲကျနေသူတွေကို တွေ့ခဲ့ရပါတယ်။

နောက်ပြီး ရဲတွေ စစ်ဆေးနေတဲ့ အနက်ရောင် Fordကားလေးဟာ ရှေ့ပိုင်းမှာ အကြီးအကျယ် ပျက်စီးထားပြီး ဘယ်ဖက်ရှေ့ဘီး ပေါက်နေတာကိုလည်း မှတ်တမ်း ဓာတ်ပုံတွေမှာ မြင်ခဲ့ရပါတယ်။

အခင်းဖြစ်ပွားရာ မန်ဟိုင်းမ်မြို့ တည်ရှိတဲ့ ဘာဒန် ဝတ်တမ်ဘက်ဂ် ပြည်နယ်ရဲ့ ပြည်ထဲရေးဝန်ကြီး သောမတ်စ် စထရိုဘဲလ်ကတော့ သံသယ တရားခံဟာ မော်တော်ကားကို လက်နက် တစ်ခုလို အသုံးချခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ မြို့ထဲမှာ ကျင်းပနေခဲ့တဲ့ အီစတာ ပွဲတော် တစ်ခုကိုတော့ အဲဒီ တိုက်ခိုက်မှုမှာ ပစ်မှတ်ထားဖို့ ရည်ရွယ်ခဲ့ဟန် ဘာအထောက်အထားမှ မတွေ့ရဘူးလို့ သူက ဆိုတယ်။

ရဲတွေကတော့ လောလောနယ် နာမည် တရားဝင် မကြေညာသေးတဲ့ အမျိုးသားကို လူသတ်မှု စွဲချက်နှစ်ခု၊ လူသတ်ရန် ကြံစည်မှုတချို့နဲ့ စွဲချက်တင်ဖို့ စီစဉ်နေပါတယ်။

မန်ဟိုင်းမ် မြို့တော်ဝန်ရုံးကတော့ အခု တိုက်ခိုက်မှုဟာ စက်ဆုပ်စရာ၊ လူမဆန်တဲ့ လုပ်ရပ်တစ်ခုလို့ ရှုတ်ချထားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဖောက်ခွဲရေးပစ္စည်း သယ်လာတဲ့ ဒရုန်းတစ်စင်းကို လေဆိပ်ထဲ ကျနေတာကို ရှာတွေ့ခဲ့တာက လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု အသစ်တစ်ခု ဖြစ်လာကြောင်း ဂျာမနီ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီက မိခင်နဲ့ကလေးများ စင်တာတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ မထင်မှတ်ဆုံး ရလဒ်တစ်ခုအဖြစ် နာမည်ကြီး ဂျာမနီ အသင်းဟာ ၃၂ သင်း ရှုံးထွက်အဆင့်မှာပဲ အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ ဂျာမနီဟာ ပါရာဂွေးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်သွားလို့ ပြိုင်ပွဲကနေ ထွက်ခွာသွားရတာပါ။