People’s Spring
အာကာသထဲရက်ပေါင်း ၂၈၆ ရက်ကြာ သောင်တင်နေတဲ့ အာကာသယာဥ်မှုး နှစ်ဦး ကမ္ဘာမြေဆီ ပြန်လာနေပါပြီ။
အသက် ၅၉ နှစ်အရွယ် မစ္စဆူနီဝီလျံနဲ့ အသက် ၆၂ နှစ်အရွယ် မစ္စတာ ဘတ်ချ်ဝေလ်မိုး တို့နှစ်ဦးက ဇွန်လ ၅ ရက် ၂၀၂၄ ကတည်းက နိုင်ငံတကာအာသစခန်းယာဥ် ISS ပေါ်ကို ရောက်နေခဲ့ကြတာပါ။
တကယ်တော့ Starliner အာကာသယာဥ်နဲ့ ISS ကို ၂၅ နာရီကြာခရီးနှင်ခဲ့ပြီးရင် အဲဒီမှာ ၈ ရက်နေပြီး ပြန်ဆင်းဖို့ စီစဥ်ခဲ့ကြတာပါ။ ဒါပေမယ့် Starliner ဟာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိခဲ့ပြီးတော့ လူလိုက်ပါစီးနင်းဖို့ အန္တရာယ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် လူမပါဘဲ Starliner အာကာသယာဥ်ကိုပဲ ကမ္ဘာမြေဆီ ပြန်လွှတ်ခဲ့ပါတယ်။

Public Service Announcement
ဒီကိုးလတာကာလအတွင်း သူတို့နှစ်ဦးအတွက်လိုအပ်တဲ့ အစားသောက်၊ ရေ၊ အောက်စီဂျင် စတာတွေကိုတော့ ပုံမှန်ပို့ဆောင်ပေးခဲ့ပါတယ်။ အာကာသယာဥ်မှုးနှစ်ဦးက မိသားစုဝင်တွေနဲ့လည်း အီးမေးလ်၊ တယ်လီဖုန်းတွေကနေတဆင့် ပုံမှန်အဆက်သွယ်ရှိနေခဲ့ပါတယ်။
ခုတော့ သူတို့နှစ်ဦးကို ပြန်ခေါ်လာမယ့် SpaceX Crew Dragon အာကသယာဥ်က ISS ပေါ်ကို မတ်လ ၁၆ ရက်က ရောက်သွားခဲ့ပါပြီ။ ကမ္ဘာမြေဆီ ၁၇ နာရီကြာမောင်းနှင်လာပြီးတဲ့နောက် ဆူနီဝီလျံ နဲ့ ဘတ်ချ်ဝေလ်မိုးပါတဲ့ အာကသယာဥ်ဟာ ဖလော်ရီဒါကမ်းလွန် ပင်လယ်ပြင်တစ်နေရာမှာ ဆင်းသက်မယ်လို့ဆိုပါတယ်။
မတ် ၁၈ ရက် ညနေ ၅း၅၇ လောက်မှာ ဆင်းသက်လာလိမ့်မယ်လို့ မှန်းထားပါတယ်။
ကိုးကား-NASA
