Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံသားတွေ ၇၂ နာရီစာ ရိက္ခာ ကြိုစုထားသင့်တယ်လို့ EU အကြံပြု

ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံသားတွေ အနေနဲ့ လိုရမယ်ရ သဘောမျိုးအဖြစ် ၇၂ နာရီစာ ဖူလုံဖို့ ရိက္ခာတွေ ကြိုတင် စုဆောင်းထားသင့်ကြောင်း EUက တိုက်တွန်းခဲ့ပါတယ်။

ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံသားတွေ အနေနဲ့ လိုရမယ်ရ သဘောမျိုးအဖြစ် ၇၂ နာရီစာ ဖူလုံဖို့ ရိက္ခာတွေ ကြိုတင် စုဆောင်းထားသင့်ကြောင်း EUက တိုက်တွန်းခဲ့ပါတယ်။

အရေးပေါ် အခြေအနေ တစ်ခုခု ကြုံလာရင် အဆင်ပြေစေဖို့အတွက် အနည်းဆုံး ၇၂ နာရီစာ အစားအသောက်တွေကို ကြိုတင် စုဆောင်းထားတာဟာ သင့်တော်တဲ့ အစီအမံတစ်ခု ဖြစ်လိမ့်မယ်ုလိ့ မတ်လ ၂၆ ရက်နေ့မှာ EUရဲ့ ဥရောပ ကော်မရှင်က ပြောပါတယ်။

ဥရောပ ကော်မရှင်ရဲ့ အဆိုအရ EUရဲ့ စုပေါင်းကြိုတင်ပြင်ဆင်မှု မဟာဗျူဟာ လမ်းညွှန်ချက် အသစ်တွေကို ရေးဆွဲနေပြီး သဘာဝ ဘေးအန္တရာယ်၊ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပထဝီဝင် နိုင်ငံရေး အကျပ်အတည်းတွေ ကြုံလာတဲ့ အခြေအနေတွေအတွက် EU အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြည်သူတွေ ကြိုတင် ပြင်ဆင်ထားဖို့ အခုလို အကြံပြုရတာလို့ သိရပါတယ်။

ဥရောပ ကော်မရှင်က ထည့်သွင်းတွက်ချက်ထားတဲ့ ဖြစ်နိုင်ခြေတွေထဲမှာတော့ EU အဖွဲ့ဝင် နိုင်ငံတွေအပေါ် ပစ်မှတ်ထားလာမယ့် လက်နက်ကိုင် ရန်လို တိုက်ခိုက်မှုတွေလည်း ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

ရေကြီးမှုတွေ ကြုံနိုင်တဲ့ ဇုန်နေရာတွေမှာ နေထိုင်တဲ့ မိသားစုတွေဟာ ရေမျက်နှာပြင် အမြင့်ကို နိုးနိုးကြားကြား စောင့်ကြည့်ပြီး အချိန်နဲ့ တပြေးညီ သိရှိနေသင့်ကြောင်း၊ တောမီးနဲ့ ပတ်သက်တဲ့ သတိပေး စနစ်တွေကလည်း ရွှေ့ပြောင်းဖို့ အဖိုးတန် အချိန်တွေ ဆုံးရှုံးမသွားအောင် အကူအညီ ပေးနိုင်မှာဖြစ်ကြောင်း ဥရောပ ကော်မရှင် ဥက္က
အာဆူလာ ဗန်ဒါ လီယန်က ပြောပါတယ်။

EUရဲ့ မဟာဗျူဟာ အသစ်ဟာ လုံခြုံရေးနဲ့ ပတ်သက်ရင် အစောပိုင်း ကြိုတင် သတိပေးမှု စနစ်တွေ ပိုမို ထိရောက် ကောင်းမွန်ရေးကို ဦးတည်ထားပြီး အကျပ်အတည်း ကာလမှာ ကျန်းမာရေး စောင့်ရှောက်မှု၊ သောက်သုံးရေ ရရှိစေမှုစတဲ့ အခြေခံ လိုအပ်ချက်တွေကို လူထုဆီ အထောက်အပံ့ ပြတ်တောက် မသွားစေဖို့လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဥရောပ ကော်မရှင်ရဲ့ ကြိုတင်ပြင်ဆင်မှုနဲ့ အကျပ်အတည်း စီမံခန့်ခွဲမှုဌာန အကြီးအကဲ ဟက်ဒ်ဂျာ လာဘစ်ဘ်ကတော့ EU အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံသားတိုင်းဟာ အနည်းဆုံး ၇၂ နာရီစာ စားနပ်ရိက္ခာနဲ့ သောက်ရေတွေ ကြိုတင် စုဆောင်း ပြင်ဆင်ထားသင့်ကြောင်း ဆိုပါတယ်။ အရာရာအတွက် ကြိုတင်ပြင်ဆင်ထားတာဟာ ဥရောပရဲ့ လူနေမှု ပုံစံသစ် ဖြစ်လာမယ်လို့ သူက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

လာဘစ်ဘ်က EU အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံသားတွေ ကြိုတင် စုဆောင်း သိုမှီးထားသင့်တာတွေက စားနပ်ရိက္ခာ၊ သောက်ရော၊ ဓာတ်မီး၊ ပါဝါဘန့်ခ်၊ ရေဒီယို၊ ငွေသားနဲ့ ဆေးဝါးတွေ ဖြစ်တယ်လို့လည်း အကြံပြုထားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

နိုင်ငံတကာ

ဥရောပတိုက်မှာ အပူလှိုင်းဖြတ်တဲ့ဒဏ်ကြောင့် တရုတ်နိုင်ငံဆီက လေအေးပေးစက် (အဲကွန်း)တွေကို မကြုံစဖူး အမြောက်အမြား မှာယူ တင်သွင်းနေရပါတယ်။ ဥရောပ သမဂ္ဂ (EU)ဟာ တရုတ်နဲ့ ကုန်သွယ်မှုမှာ ပို့ကုန်ထက် သွင်းကုန်တန်ဖိုးက အရမ်းများနေတာကို လျှော့ချဖို့ ကြိုးစားနေချိန်မှာပဲ အခုလို အခြေအနေနဲ့ ကြုံလာရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားတဲ့ လုပ်ရပ်အတွက် အီရန် အစိုးရကို အရေးယူ ပိတ်ဆို့မှု အသစ်တွေနဲ့ တုံ့ပြန်ဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပြီ ဖြစ်ပါတယ်။