Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဓာတ်ငွေ့ပိုက်လိုင်းပေါက်ပြီး မလေးရှားမှာ အကြီးစား မီးလောင်မှုဖြစ်

မလေးရှား နိုင်ငံမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုလို့ ယုံကြည်ရတဲ့ အခြေအနေနဲ့အတူ ဧရာမ မီးတောက်ကြီး ကောင်းကင်ပေါ် ထိုးတက်နေတဲ့ မီးလောင်မှုမျိုး ဖြစ်ပွားခဲ့ပါတယ်။

မလေးရှား နိုင်ငံမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုလို့ ယုံကြည်ရတဲ့ အခြေအနေနဲ့အတူ ဧရာမ မီးတောက်ကြီး ကောင်းကင်ပေါ် ထိုးတက်နေတဲ့ မီးလောင်မှုမျိုး ဖြစ်ပွားခဲ့ပါတယ်။

ဧပြီ ၁ ရက်နေ့က ဆူဘန်းမှာရှိတဲ့ ပူထရာဟိုက်စ် ဧရိယာနားမှာ ပြင်းထန်တဲ့ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။ မီးတောက်ကြီး ထိုးထွက်နေရာ တဝိုက်က အဆောက်အအုံတွေနဲ့ အိမ်တချို့လည်း မီးလောင် ပျက်စီးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

အနီးတဝိုက်မှာ နေထိုင်သူတွေကိုတော့ အရေးပေါ် ကယ်ဆယ် ရွှေ့ပြောင်းထားပြီး ဖြစ်ပါတယ်။ ပြီးတော့ ပိုက်လိုင်း ပေါက်ထွက်ရာက ဓာတ်ငွေ့တွေကို မီးလောင်နေတာဟာ နာရီပေါင်း အတော်ကြာမြင့်ခဲ့ပြီးပြီလို့လည်း ဆိုပါတယ်။

ဒေသခံ မီးသတ်တပ်ဖွဲ့ဟာ မီးသတ်ကား ၁၀ စီး၊ အမှုထမ်း ၈၀ လောက်နဲ့အတူ မီးကို ထိန်းချုပ်ငြှိမ်းသတ်ဖို့ ကြိုးစားနေပါတယ်။ မီးလောင်မှု ဖြစ်ပွားရာ ဧရိယာ တဝိုက် လမ်းတွေကိုတော့ အာဏာပိုင်တွေက ယာယီ ပိတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အခြေအနေမှာတော့ ဒေသခံတွေ အရေအတွက် ဘယ်လောက်ထိ ကယ်ဆယ်ရွှေ့ပြောင်းထားသလဲ ဆိုတာကို တိတိကျကျ မပြောနိုင်သေးဘူးလို့ မီးသတ်အရာရှိ တစ်ဦးက ဆိုပါတယ်။

Petronas ရေနံနဲ့ ဓာတ်ငွေ့ ကုမ္ပဏီကတော့ မီးလောင်မှု ဖြစ်ပွားနေရာ ပိုက်လိုင်းဆီ ဓာတ်ငွေ့ လွှတ်ထားတဲ့ အဆို့တွေကို အခုအခါ ပိတ်ထားလိုက်နိုင်ပြီလို့ အတည်ပြုထားပါတယ်။

မီးလောင်မှုကြောင့် ထိခိုက်သေကြေမှု သတင်းတွေ တိတိကျကျ မသိရသေးပေမယ့် ဧပြီ ၁ ရက် မနက်အစောပိုင်းက အနီးမှာရှိတဲ့ ဘုရားကျောင်း တစ်ခုမှာ မီးလောင်ဒဏ်ရာ၊ ပြတ်ရှဒဏ်ရာတွေ ရထားသူတွေ၊ မီးခိုးမွှန်သူတွေကို ကွင်းဆင်း ရှေးဦးသူနာပြု အဖွဲ့တွေက ကူညီ ကုသပေးခဲ့ရပါတယ်။ နောက်ထပ် ၅ ဦးကိုတော့ အခြေအနေ ပိုပြီး ပြင်းထန်တာကြောင့် ဆာဒန် ဆေးရုံဆီ လွှဲပြောင်း ပို့ဆောင်ထားရပါတယ်။

မီးသတ်တပ်ဖွဲ့ကတော့ မီးလောင်တဲ့ ဧရိယာ တဝိုက်နဲ့ ခပ်လှမ်းလှမ်းမှာ နေထိုင်တဲ့ ဒေသခံတွေပါ နောက်ထပ် ကြေညာချက်တွေကို သတိထား နားစွင့်နေဖို့ တိုက်တွန်းထားပြီး လိုအပ်လာရင် ရွှေ့ပြောင်းနိုင်အောင် အသင့်ပြင်ထားဖို့လည်း နှိုးဆော်ထားပါတယ်။

ကိုးကား: The Vibes

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကွန်ပြူတာဆိုင်ဖွင့်ထားတဲ့ နေအိမ် မီးလောင်ပြီး ဝန်ထမ်းမိန်းကလေး ၃ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။

Facebook