Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ရဲ့ မြေရှားသတ္တု တင်ပို့မှု ကန့်သတ်ခြင်းက အမေရိကန်ရဲ့ တိုက်လေယာဉ်သစ် စီမံကိန်းကို ထိခိုက်လာနိုင်

တရုတ်က မြေရှားသတ္တု (REM)တွေ တင်ပို့ခွင့် ကန့်သတ်လိုက်ခြင်းဟာ အမေရိကန်ရဲ့ နောက်ဆုံးမျိုးဆက် တိုက်လေယာဉ် အသစ်အပါအဝင် အဆင့်မြင့် စစ်သုံးပစ္စည်းတွေ စမ်းသပ်မှု၊ ထုတ်လုပ်မှုတွေအတွက် အခက်အခဲတွေ ကြုံလာစေဖွယ် ရှိနေပါတယ်။

တရုတ်က မြေရှားသတ္တု (REM)တွေ တင်ပို့ခွင့် ကန့်သတ်လိုက်ခြင်းဟာ အမေရိကန်ရဲ့ နောက်ဆုံးမျိုးဆက် တိုက်လေယာဉ် အသစ်အပါအဝင် အဆင့်မြင့် စစ်သုံးပစ္စည်းတွေ စမ်းသပ်မှု၊ ထုတ်လုပ်မှုတွေအတွက် အခက်အခဲတွေ ကြုံလာစေဖွယ် ရှိနေပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ်ရဲ့ သွင်းကုန်တွေအပေါ် အခွန်ပမာဏ မြင့်မြင့်မားမား တိုးမြှင့် စည်းကြပ်လိုက်တာကို တရုတ်ကလည်း မတူညီတဲ့ နည်းလမ်းတွေနဲ့ လက်တုံ့ပြန်ခဲ့ပြီး အဲဒီထဲမှာ အမေရိကန်ဆီ REM တင်ပို့မှုတွေကို ကန့်သတ်ခြင်းလည်း ပါဝင်ပါတယ်။ တရုတ်ဟာ ကမ္ဘာပေါ်မှာ REM ထုတ်လုပ်မှုနဲ့ တင်ပို့မှု အများဆုံး နိုင်ငံဖြစ်ပါတယ်။

REM စာရင်းမှာ ပါဝင်တဲ့ သတ္တုအမျိုးအစားတွေဟာ နည်းပညာမြင့် ဆီမီကွန်ဒက်တာတွေ အပါအဝင် စစ်သုံးပစ္စည်းတွေနဲ့ မျိုးဆက်သစ် စက်ကိရိယာတွေ တည်ဆောက်မှုမှာ အထူး အရေးတကြီး လိုအပ်ပါတယ်။ ဒါကြောင့် တရုတ်ရဲ့ REM တင်ပို့မှု ကန့်သတ်ချက်ဟာ အမေရိကန်ရဲ့ စစ်ရေးနည်းပညာ မြှင့်တင်မှု၊ အထူးသဖြင့် မျိုးဆက်သစ် လေကြောင်းစိုးမိုးရေး စီမံကိန်း (NGAD)လို့ ခေါ်ဝေါ်တဲ့ တိုက်လေယာဉ် အသစ်တစ်မျိုး စမ်းသပ်တီထွင်နေမှုမှာ ပြဿနာတွေ ကြုံလာစေဖွယ် ရှိနေပါတယ်။

ထရမ့်ဟာ အဲဒီ စီမံကိန်းအတွက် စာချုပ်ကို အမေရိကန် လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး Boeingဆီ အပ်နှင်းထားပြီး စစ်ရေးသုတေသီတွေက အမေရိကန်ရဲ့ အသစ်ထုတ်လုပ်မယ့် တိုက်လေယာဉ်ကို F-47ဆိုတဲ့ ယာယီ ကုတ်ဒ်နံပါတ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ညွှန်းဆိုကြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ တိုက်လေယာဉ်ဟာ လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ အမေရိကန်ရဲ့ ပဉ္စမမျိုးဆက် F-22နဲ့ F-35 တိုက်လေယာဉ်တွေထက် ပိုအဆင့်မြင့်ပြီး ဆဋ္ဌမမျိုးဆက်ကို ဦးဆောင်မယ့် လေယာဉ်အသစ် ဖြစ်လာမယ်လို့လည်း ထင်ကြေးပေး ခံနေရပါတယ်။

လတ်တလောမှာတော့ Boeingနဲ့ NGADရဲ့ တာဝန်ရှိသူတွေဟာ တရုတ်ဆီကနေ တင်သွင်းနိုင်မယ့် REM လမ်းကြောင်း ပြတ်တောက်သွားမယ့် အခြေအနေအတွက် အပူတပြင်း အဖြေရှာနေကြတယ်လို့ ဆိုပါတယ်။ ထရမ့်ဟာ ယူကရိန်း နိုင်ငံရဲ့ REM သတ္တုသိုက်တွေ တူးဖော်ထုတ်လုပ်နိုင်ဖို့ စီစဉ်ထားတာကလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ လူသိရှင်ကြား ကတောက်ကဆ ဖြစ်ခဲ့တဲ့နောက် ခရီးရောက်ဖို့ ကြန့်ကြာနေပါတယ်။

မြေရှားသတ္တုလို့ နာမည်ပေးထားတဲ့ REM အစုအဖွဲ့မှာ သတ္တု ၁၇ မျိုး ပါဝင်ပြီး တကယ်တမ်းကျတော့ နာမည်နဲ့လိုက်အောင် ရှားပါးနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ REMတွေကို ထုတ်လုပ်ရတဲ့ နည်းစနစ်ဟာ အရမ်းရှုပ်ထွေးပြီး သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့အတွက် နိုင်ငံအများအပြားက ပြည်တွင်းမှာ ထုတ်လုပ်ဖို့ တွန့်ဆုတ်လေ့ ရှိကြပါတယ်။

REMထဲမှာ ပါဝင်တဲ့ နီယိုဒိုင်မီယမ်နဲ့ ဒိုင်ပရိုဆီယမ် သတ္တုတွေကတော့ လျှပ်စစ် မော်တာတွေနဲ့ လေကြောင်းပျံသန်းမှု ထိန်းချုပ်စနစ်တွေမှာ အသုံးပြုတဲ့ ကိရိယာတွေ တည်ဆောက်ဖို့ လိုအပ်တဲ့ အရမ်း အားကောင်းတဲ့ သံလိုက်တွေ ထုတ်လုပ်ရာမှာ ထည့်သွင်းရလေ့ ရှိပါတယ်။ ယက်ထရီယမ် သတ္တုကတော့ ပစ်မှတ်ချိန်ရွယ်မှုနဲ့ ဆက်သွယ်ရေး ကဏ္ဍတွေအတွက် မရှိမဖြစ်လို့ ဆိုရမယ့် လေဆာ နည်းပညာအတွက် အသုံးပြုရတာပါ။

လေ့လာသူတွေကတော့ အဲဒီ သတ္တုရင်းမြစ်တွေသာ ပြတ်လပ်သွားရင် NGADဟာ ပြိုင်ဘက်တွေရဲ့ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ် စီမံကိန်းတွေကို ယှဉ်ပြိုင်ဖို့ ခက်သွားလိမ့်မယ်လို့ သတိပေးထားပါတယ်။

NGADဟာ အရင်က အမေရိကန်ရဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေနဲ့ ကွဲပြားတဲ့ ရည်မှန်းချက်မျိုး ရှိနေပြီး တိုက်လေယာဉ် တစ်မျိုးတည်း မဟုတ်ဘဲ တိုက်လေယာဉ် မိသားစု တစ်ခုလို ချဲ့ထွင်သွားမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာတော့ လူသားတွေ မောင်းနှင်တဲ့ သမားရိုးကျ အမျိုးအစားတွေအပြင် ဒရုန်းတွေ၊ ဒရုန်းနဲ့ တိုက်လေယာဉ် ချိတ်ဆက်ပြီး စစ်ဆင်တဲ့ စနစ်တွေ ပါဝင်နိုင်ဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

ကိုးကား: Clash Report

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ချင်မင်းဆက်အပေါ် ဝေဖန်ပြစ်တင်မှုများက ကွန်မြူနစ်ပါတီကို အဘယ်ကြောင့် ထိတ်လန့်စေသနည်း

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။