Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွန်ခရန် မူပိုင်ခွင့် ပိုစ်ကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယား Facebook သုံးစွဲသူတွေ အငြင်းအခုံဖြစ်

ထိုင်းနိုင်ငံမှာ ဆွန်ခရန်ပွဲတော် ကျင်းပပြီးစီးသွားပြီ ဖြစ်ပေမယ့် ဆွန်ခရန်ရဲ့ မူလပိုင်ရှင်က ဘယ်နိုင်ငံလဲဆိုတဲ့ အွန်လိုင်းပေါ်က အငြင်းပွားမှုတွေကတော့ ထိုင်းနဲ့ ကမ္ဘောဒီးယား လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ မပြီးဆုံးသေးပါဘူး။

AFP

ထိုင်းနိုင်ငံမှာ ဆွန်ခရန်ပွဲတော် ကျင်းပပြီးစီးသွားပြီ ဖြစ်ပေမယ့် ဆွန်ခရန်ရဲ့ မူလပိုင်ရှင်က ဘယ်နိုင်ငံလဲဆိုတဲ့ အွန်လိုင်းပေါ်က အငြင်းပွားမှုတွေကတော့ ထိုင်းနဲ့ ကမ္ဘောဒီးယား လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ မပြီးဆုံးသေးပါဘူး။

ဧပြီ ၁၅ ရက်နေ့တုန်းက ကမ္ဘောဒီးယား Facebook စာမျက်နှာ တစ်ခုမှာ တင်ထားတဲ့ ပိုစ်တစ်ခုကို အကြောင်းပြုပြီး အဲဒီ အွန်လိုင်း စကားရည်လုမှုတွေ အစပြုလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပိုစ်မှာတော့ ဆွန်ခရန် ပွဲတော်ဟာ ရှေးဟောင်း ခမာ မျိုးနွယ်စုတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်တာကြောင့် ထိုင်းဟာ ကိုယ်ပိုင် ယဉ်ကျေးမှု ပွဲတော်လို ကျင်းပနေတာတွေကို ရပ်တန်းက ရပ်သင့်ကြောင်း၊ နောက်ပြီး ဆွန်ခရန်ကို အကြောင်းပြုပြီး ရရှိနေတဲ့ အကျိုးအမြတ်တွေထဲက ၂၅ ရာခိုင်နှုန်းကို ကမ္ဘောဒီးယားဆီ မူပိုင်ခွင့် လျော်ကြေးအဖြစ် ပေးချေသင့်ကြောင်း ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားရဲ့ ခမာမင်းဆက်တွေ လက်ထက်ကတည်းက နှစ်ထောင်ချီ တည်တံ့ခဲ့တဲ့ ဆွန်ခရန် ပွဲတော် ယဉ်ကျေးမှုကို ကိုယ်ကျိုးရှာ အသုံးချနေတာကို ထိုင်းအနေနဲ့ ရပ်တန်းက ရပ်ပြီး မူလပိုင်ရှင်ဆီ ပြန်ပေးအပ်ဖို လိုကြောင်း၊ ထိုင်းဟာ ဆွန်ခရန်ကို ကိုယ်ကျိုးရှာဖို ခိုးယူသွားပြီး ဆွန်ခရန်ကြောင့် ချမ်းသာလာကြောင်း အဲဒီပိုစ်က ဆိုပါတယ်။ အဲဒီ ပိုစ်ကို ထောက်ခံတဲ့ ကမ္ဘောဒီးယား အများအပြား ရှိသလို ပြက်ရယ်ပြု ချေပကြတဲ့ ထိုင်းတွေလည်း အများအပြား ရှိခဲ့ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းမှာတော့ ရှေးဟောင်း ယဉ်ကျေးမှု ဆက်နွှယ်မှုတွေနဲ့အတူ မြန်မာရဲ့ သင်္ကြန် အပါအဝင် ရေသဘင် ပွဲတော်တွေ ပုံစံအမျိုးမျိုးနဲ့ ကျင်းပနေကြပါတယ်။ ထိုင်းနိုင်ငံသား လူမှုကွန်ရက် သုံးစွဲသူတွေကတော့ အခု Facebookပိုစ်ရဲ့ စွပ်စွဲ ရေးသားမှုမျိုးက ဆွန်ခရန်နဲ့ ထိုင်းနိုင်ငံကြား အားကောင်းတဲ့ ဆက်နွှယ်မှုအပေါ် ယုံကြည်မှုတွေ ကျဆင်းသွားစေမှာကို စိုးရိမ်နေပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာတော့ ထိုင်းအစိုးရက ၂၀၂၅ ခုနှစ်အတွင်း ထိုင်းဟာ ကမ္ဘာလှည့် ခရီးသွား ၁၀.၇ သန်းလောက်ကို ကြိုဆိုနိုင်ခဲ့ပြီး ဖြစ်သလို ဆွန်ခရန်ပွဲတော် ကာလတစ်ခုတည်းမှာတင် ခရီးသွားဧည့်သည် ၆၆၆၀၀၀ တိုးလာတယ်လို ဧပြီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အခုဆိုရင် ကမ္ဘာလှည့် ခရီးသွားတွေနဲ့ ဆက်စပ်တဲ့ ဝင်ငွေဟာ ဘတ်ငွေ ဘီလီယံ ၅၁၀ ကျော်လွန်မယ်လို ထိုင်းက မျှော်လင့်နေပါတယ်။

ထိုင်းရဲ့ ကမ္ဘာလှည့် ခရီးသွားနဲ့ အားကစားဝန်ကြီး ဆာရာဝတ် သိန်သောင်က ဆွန်ခရန် ပွဲတော် ကာလအတွင်း ထိုင်းနိုင်ငံရဲ့ အချိန်တို သွားရောက် လည်ပတ်တဲ့ နေရာတွေမှာ ကမ္ဘာလှည့် ခရီးသွားဦးရေ ၁၇.၆၁ ရာခိုင်နှုန်း တိုးလာတယ်လို အတည်ပြုခဲ့ပြီး ဧည့်သည် အများစုက အိန္ဒိယနဲ့ တရုတ် နိုင်ငံသားတွေလို ပြောပါတယ်။

ထိုင်းအစိုးရဟာ ဆွန်ခရန်ကို ကမ္ဘာ့အဆင့် ယဉ်ကျေးမှု ပွဲတော်တစ်ခုအဖြစ် နှစ်စဉ် ချဲ့ထွင်ကျင်းပသွားဖို အင်တိုက်အားတိုက် ကြိုးစားနေချိန်မှာ အငြင်းပွားစရာတွေဆီ ဦးတည်စေတဲ့ Facebookပိုစ်က ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကိုးကား: Pinnacle Gazette

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံမှာ ပစ်ကပ်ကားနဲ့ မော်တော်ဆိုင်ကယ် တိုက်မိရာက မြန်မာ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာန Thaigerက ဖော်ပြခဲ့ပါတယ်။

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် ယနေ့ (မေလ ၉) ညပိုင်းက ထိုးသတ်သည့် One Championship မွေထိုင်းပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဂျူနီယာကို ဒုတိယအချီတွင် အလဲထိုး​ အနိုင်ရခဲ့သည်။

သတင်း

ထိုင်း − မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ ထီးခီးဒေသရှိ စစ်ကောင်စီတပ်စခန်း ထိုးစစ်ဆင်တိုက်ခိုက်ရာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားနှင့် ရဲ ၅၀ကျော်ရှိကြောင်း KNU ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတကာ လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ် အရေးပေါ် မဆင်းသက်ခင် စွန့်ထုတ်ခဲ့တဲ့ လောင်စာဆီတွေကြောင့် မြေပြင်ပေါ်မှာ ထိခိုက်မှုတွေ မဖြစ်နိုင်ကြောင်း ထိုင်းအာဏာပိုင် တစ်ဦးက ပြောပါတယ်။

Facebook