Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိယက်ဗ်ကို ရုရှား လေကြောင်းတိုက်ခိုက်ခဲ့တဲ့နောက် တောင်အာဖရိက ခရီးစဉ်ကနေ ယူကရိန်း သမ္မတ အမြန်ပြန်လာ

ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ရုရှားက ညလုံးပေါက် တိုက်ခိုက်ခဲ့တဲ့နောက် သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ တောင်အာဖရိက နိုင်ငံ ခရီးစဉ်ကနေ အမြန် ပြန်လာခဲ့ပါတယ်။

ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ရုရှားက ညလုံးပေါက် တိုက်ခိုက်ခဲ့တဲ့နောက် သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ တောင်အာဖရိက နိုင်ငံ ခရီးစဉ်ကနေ အမြန် ပြန်လာခဲ့ပါတယ်။

တောင်အာဖရိကမှာ သမ္မတ ဆိုင်ရဲလ် ရာမာဖိုဆာနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ရုရှား-ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့တဲ့နောက် တခြား ကြိုတင် စီစဉ်ထားတာတွေကို ဖျက်သိမ်းပြီး ယူကရိန်းဆီ ပြန်လာခဲ့ကြောင်း ဇီလန်စကီးက ဧပြီ ၂၄ ရက်နေ့မှာ ပြောပါတယ်။

ရုရှားဟာ ကိယက်ဗ်ကို ဧပြီ ၂၃ ရက်နေ့က ညလုံးပေါက် ဒုံးကျည်တွေ၊ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဇီလန်စကီးက နိုင်ငံခြားရေး ဝန်ကြီး အန်ဒရီ ဆိုင်ဘီဟာက တောင်အာဖရိကမှာ ဆက်နေခဲ့ပြီး လိုအပ်တဲ့ အစည်းအဝေးတွေ အားလုံးကို ကိုယ်စား တက်ရောက်သွားမယ်လို့ Telegramမှာ ရေးသားထားခဲ့ပါတယ်။

ရုရှားရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့် ကိယက်ဗ်မှာ အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အခုတိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့တဲ့နောက် နိုင်ငံတကာ အနေနဲ့ အပစ်အခတ် ရပ်စဲရေးအတွက် ရုရှားအပေါ် ပိုမို ဖိအားပေးဖို့ လိုအပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲ ရပ်ဆိုင်းရေး ကြားဝင် ညှိနှိုင်းပေးနေတဲ့ အမေရိကန် အစိုးရက အခြေအနေတွေ တိုးတက်မှု ရှိမလာရင် ကြားဝင်ဖြေရှင်းမှုတွေကို ရပ်တန့်လိုက်မယ်ဆိုတဲ့ သဘောမျိုး သတိပေးလာချိန်မှာ ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်လာခဲ့တာပါ။

ရုရှားရဲ့ တိုက်ခိုက်မှုမှာတော့ အဆောက်အအုံတွေ ပြိုကျ ပျက်စီးခဲ့ပြီး လူ ၈ ဦး သေဆုံးခဲ့တဲ့အပြင် ကလေး ၆ ဦး အပါအဝင် ဒဏ်ရာရသူ ၇၀ ကျော် ရှိခဲ့တယ်လို့ ကိယက်ဗ် မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ပြောပါတယ်။

အခြေအနေ အဆိုးဆုံးဖြစ်တဲ့ ဆီဗွိုင်တိုရှန်စကီ ရပ်ကွက်မှာတော့ ကယ်ဆယ်ရေးတွေဟာ ပြိုကျနေတဲ့ အဆောက်အအုံ နှစ်ခုရဲ့ အပျက်အစီးပုံအောက် ပိတ်မိနေသူတွေကို ဆက်လက် ရှာဖွေနေရဆဲလို့လည်း မြို့တော်ဝန်က ဆိုပါတယ်။

ဒါဟာ အခုနှစ်အတွင်း ကိယက်ဗ်ကို ရုရှားက ပစ်မှတ်ထား လုပ်ဆောင်ခဲ့သမျှ အကြီးမားဆုံး တိုက်ခိုက်မှုကြီးလည်း ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဆိုးရွားပြင်းထန်တဲ့ ညလုံးပေါက် တိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့တဲ့နောက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ တစ်ကမ္ဘာလုံးအတွက် ခြိမ်းခြောက်မှုကြီး ဖြစ်လာနေပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ရပ်စဲရေးအတွက် အမေရိကန်က ထောက်ခံထားတဲ့ ငြိမ်းချမ်းရေး အစီအမံနဲ့ ပတ်သက်ပြီး ပြည်သူတွေဆီ မိန့်ခွန်းပြောရာမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက နိုင်ငံရဲ့ သမိုင်းတလျှောက် အခက်ခဲဆုံး ကာလတစ်ခုကို ဖြတ်သန်းနေရကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အသေးစိတ် ဆွေးနွေးလိုကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို သူက မကြောက်ပါဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

Facebook