Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုသီ စစ်ရေးပစ်မှတ် ၈၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီးပြီလို့ အမေရိကန် စစ်တပ်ပြော

မတ်လလယ်ကစလို့ ယီမင်အခြေစိုက် ဟိုသီ အင်အားစုတွေရဲ့ ပစ်မှတ်ပေါင်း ၈၀၀ ကျော်ကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် စစ်တပ်က ဆိုပါတယ်။

မတ်လလယ်ကစလို့ ယီမင်အခြေစိုက် ဟိုသီ အင်အားစုတွေရဲ့ ပစ်မှတ်ပေါင်း ၈၀၀ ကျော်ကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် စစ်တပ်က ဆိုပါတယ်။

နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရကို တော်လှန်ပြီး မြို့တော် ဆာနား အပါအဝင် နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ အစိတ်အပိုင်းတွေကို သိမ်းယူထားရာ ဟိုသီတွေဟာ မတ်လ ၁၅ ရက်နေ့ကစလို့ အမေရိကန် စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရပါတယ်။

အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟိုသီတွေဟာ ၂၀၂၃ နှစ်ကုန်ပိုင်းတုန်းက ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ စစ်ပွဲ ဖြစ်ပွားလာတဲ့နောက် ယီမင် ကမ်းလွန် ပင်လယ်နီ ရေပြင်မှာ ခုတ်မောင်းသွားတဲ့ အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အစပြုလာခဲ့ပါတယ်။ ဒါဟာ ပါလက်စတိုင်းတွေနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့ အနေနဲ့ အစ္စရေးကို အထောက်အပံ့ ပေးနေတဲ့ နိုင်ငံတွေရဲ့ ရေယာဉ်တွေကို တုံ့ပြန် တိုက်ခိုက်တာ ဖြစ်တယ်လို့ ဟိုသီတွေက ကြေညာခဲ့ပါတယ်။

ထရမ့်ဟာ အမေရိကန် သမ္မတ ရာထူးကို ဒုတိယအကြိမ် ရယူပြီး လပိုင်းအကြာမှာတော့ ဟိုသီတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အမိန့်ပေးခဲ့ပြီး အမေရိကန်ရဲ့ အရပ်ဖက်နဲ့ စစ်သင်္ဘောတွေကို ဟိုသီတွေရဲ့ ရန်လိုနေမှုတွေ မရပ်မချင်း တိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၂၇ ရက်နေ့မှာတော့ အမေရိကန် စစ်တပ်က ထုတ်ပြန်ရာမှာ တစ်လခွဲနီးပါး ကာလအတွင်း ယီမင်မှာရှိတဲ့ စစ်ရေးပစ်မှတ်ပေါင်း ၈၀၀ ကျော်ကို တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး ခေါင်းဆောင်ပိုင်း အများအပြား အပါအဝင် ဟိုသီ တပ်ဖွဲ့ဝင် ရာဂဏန်း တော်တော်များများကို သုတ်သင် ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီစစ်ဆင်ရေးတွေရဲ့ ရည်ရွယ်ချက်ဟာ ပင်လယ်နီနဲ့ အေဒန် ပင်လယ်ကွေ့မှာ ဟိုသီတွေရဲ့ စစ်ရေး ခြိမ်းခြောက်မှု အားလုံးကို အပြီးသတ်သွားစေဖို့ ဖြစ်တယ်လို့လည်း အမေရိကန်က ပြောပါတယ်။

ဟိုသီတွေကတော့ ဧပြီ ၂၇ ရက်နေ့မှာ အမေရိကန် နောက်ဆုံး လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း ဆာနားမှာ အမျိုးသမီးတွေ၊ ကလေးတွေ အပါအဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ယီမင်မှာ စစ်ဆင်ရေးတွေ စတင်ချိန်မှာ ထရမ့်က ဟိုသီတွေ အနေနဲ့ အပြီးတိုင် ချေမှုန်းခံရတဲ့ အခြေအနေမျိုးကိုတောင် မျှော်လင့်ထားသင့်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါ့အပြင် ဟိုသီတွေကို လက်နက် တပ်ဆင်ပေးတာမျိုး မလုပ်ဖို့လည်း ထရမ့်က အီရန်ကို သတိပေးခဲ့ပြီး အီရန်ကတော့ အဲဒီ စွပ်စွဲချက်မျိုးကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

ဧပြီ ၂၇ ရက်နေ့ တိုက်ခိုက်မှုမှာ ဟိုသီတွေရဲ့ လက်နက် သိုလှောင်ရုံတွေ၊ လက်နက်စက်ရုံတွေကို ပစ်မှတ်ထားခဲ့တယ်လို့ အမေရိကန်က ပြောပေမယ့် စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို နောက်ပိုင်းမှာ အသေးစိတ် မထုတ်ပြန်တော့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒေသတွင်းက အရပ်ဖက် ရေကြောင်းသွားလာမှု လမ်းကြောင်းတွေကို အန္တရာယ် ပေးနေတာတွေကို ဟိုသီတွေက မရပ်မချင်း အမေရိကန်က တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်လို့တော့ ထုတ်ပြန်သွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုအပြီးမှာတော့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ ယီမင်မှာ ဖြန့်ကျက်ထားတဲ့ လက်ကျန်တပ်ဖွဲ့ အားလုံးကို ရုပ်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ကာရေဘီယန် ပင်လယ်ထဲမှာ ခုတ်မောင်းနေတဲ့ နောက်ထပ် ဗင်နီဇွဲလား ရေယာဉ် တစ်စီးကို အမေရိကန် စစ်တပ်က တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။

နိုင်ငံတကာ

လော့စ်အန်ဂျလိစ်မြို့က ဆန္ဒပြပွဲတွေအတွင်းမှာ စစ်တပ်ကို ကိုယ့်သဘောနဲ့ကိုယ် ဖြန့်ကျက်ခဲ့တဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေ ချိုးဖောက်မှုမြောက်ကြောင်း ဖက်ဒရယ် တရားသူကြီး တစ်ဦးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယီမင်အခြေစိုက် ဟိုသီပြောက်ကျားတွေ ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် အပါအဝင် အစိုးရ တစ်ဖွဲ့လုံး အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။