Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာကို အခြေခံ အကျဆုံး လိုအပ်မယ့် ရိက္ခာပမာဏမျိုး တင်သွင်းခွင့် ပြုသွားမယ်လို့ အစ္စရေး အစိုးရပြော

ဂါဇာ ကမ်းမြှောင်ဒေသက ပြည်သူတွေအတွက် အခြေခံ အကျဆုံး လိုအပ်လောက်မယ့် စားနပ်ရိက္ခာ ပမာဏမျိုးကို တင်သွင်းခွင့် ပြုသွားမယ်လို့ အစ္စရေး အစိုးရက အတည်ပြုခဲ့ပါတယ်။

EPA

ဂါဇာ ကမ်းမြှောင်ဒေသက ပြည်သူတွေအတွက် အခြေခံ အကျဆုံး လိုအပ်လောက်မယ့် စားနပ်ရိက္ခာ ပမာဏမျိုးကို တင်သွင်းခွင့် ပြုသွားမယ်လို့ အစ္စရေး အစိုးရက အတည်ပြုခဲ့ပါတယ်။

ဂါဇာကို ရိက္ခာ တင်သွင်းမှုတွေ သီတင်း ၁၀ ပတ်ကြာအောင် တင်းတင်းကျပ်ကျပ် ပိတ်ဆို့ ဖြတ်တောက်ထားရာကနေ မေလ ၁၈ ရက်နေ့မှာ အစ္စရေးဖက်က အခုလို တစ်ထစ်လျှော့ပေးလာတာ ဖြစ်ပါတယ်။ ဒါဟာ မဟာမိတ် အမေရိကန် အစိုးရက ဂါဇာမှာ လူသားချင်း စာနာမှု ထောက်ပံ့ရေး လမ်းကြောင်းတွေ ပြန်ဖွင့်ပေးဖို့ အစ္စရေးအပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးမှု နောက်ပိုင်း တွေ့လာရတဲ့ အပြောင်းအလဲ တစ်ခုလည်း ဖြစ်ပါတယ်။

ဂါဇာမှာ အစ္စရေးစစ်တပ်က စစ်ဆင်ရေးတွေ ပိုမိုချဲ့ထွင်သွားမယ်လို့ ကြေညာပြီး မကြာခင်မှာပဲ လူသားချင်း စာနာမှု ရိက္ခာ အထောက်အပံ့တွေ ပြန်လည် တင်ပို့ခွင့်ပြုမယ့် ဆုံးဖြတ်ချက်ကိုလည်း အစ္စရေး ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့တာပါ။

မတ်လလယ်မှာ ပျက်ပြယ်သွားခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအပြီး အစ္စရေး စစ်တပ်ဟာ ဂါဇာမှာ ဟားမားစ်တွေအပေါ် စစ်ဆင်တိုက်ခိုက်မှုတွေ ပြန်လည် စတင်လာချိန် ကတည်းက ရိက္ခာ၊ လောင်စာဆီ၊ ဆေးဝါး တင်သွင်းခွင့် အားလုံးကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားခဲ့တာပါ။

Public Service Announcement

Public Service Announcement

အစ္စရေးရဲ့ အဲဒီလို လွန်ကဲတဲ့ ပိတ်ဆို့မှုတွေကြောင့် ဂါဇာ လူဦးရေ ၂.၁ သန်းဟာ အငတ်ဘေးဆိုက်တဲ့ အခြေအနေဆိုးမျိုးထိ ကြုံတွေ့သွားနိုင်ကြောင်း ထောက်ပံ့ရေး အေဂျင်စီတွေက အစ္စရေးကို အပူတပြင်း သတိပေးခဲ့ကြပါတယ်။

ပြင်သစ် အစိုးရကလည်း ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း ပြည်သူတွေဆီ လူသားချင်း စာနာမှု အထောက်အပံ့တွေ ဖူဖူလုံလုံ ပို့ဆောင်ခွင့်ရရေး ချက်ချင်း ခွင့်ပြုပေးဖို့ အစ္စရေး အစိုးရကို တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုရဲ့ ညွှန်ကြားချက်ကတော့ ဂါဇာ လူထုအတွက် အခြေခံအားဖြင့် ဖူလုံရုံ စားနပ်ရိက္ခာ ပမာဏလောက်ကိုပဲ တင်ပို့ခွင့် ပြုသွားမှာဖြစ်ကြောင်း၊ အဲဒီ လိုက်လျောမှုရဲ့ ရည်ရွယ်ချက်ကလည်း ဂါဇာမှာ ငတ်မွတ်မှုတွေ ဖြစ်ပေါ်မလာတာ သေချာစေဖို့ အတွက်သာဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက ကြေညာထားပါတယ်။

နောက်ပြီး စားနပ်ရိက္ခာတွေ ဝေငှပေးတဲ့ အခါမှာလည်း ဟားမားစ်တွေက စီမံထိန်းချုပ်ခွင့် ရသွားတာမျိုးကို အစ္စရေး အနေနဲ့ လုံးဝ လက်ခံမှာ မဟုတ်ကြောင်း ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်မှာ အတိအလင်း သတိပေးထားခဲ့ပါတယ်။

မေလ ၁၈ ရက်နေ့ကစလို့ ဂါဇာမှာ Gideon’s Chariot စစ်ဆင်ရေးကို စတင်ပြီး မြေပြင်မှာ စစ်ရေး လှုပ်ရှားမှုတွေကို အရှိန်မြှင့်တင်နေကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ပိုအားကောင်းလာချိန် ကတည်းက ဂါဇာမှာ ပါလက်စတိုင်း ၁၃၀ ကျော်လောက် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့လည်း ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။