Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မလေးရှား ဝန်ကြီးချုပ်ရဲ့ သမီးက အာဏာရပါတီ ဒုတိယ အကြီးအကဲဖြစ်လာ

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ရဲ့ သမီးဖြစ်သူဟာ အာဏာရပါတီ ဒုတိယ အကြီးအကဲ နေရာမှာ တင်မြှောက် ခံခဲ့ရကြောင်း သိရပါတယ်။

CNA

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ရဲ့ သမီးဖြစ်သူဟာ အာဏာရပါတီ ဒုတိယ အကြီးအကဲ နေရာမှာ တင်မြှောက် ခံခဲ့ရကြောင်း သိရပါတယ်။

အာဏာရ PKR ပါတီတွင်း မဲပေးမှုမှာ နူရူလ် အစ်ဇားဟာ လက်ရှိ ပါတီ ဒုတိယ အကြီးအကဲ ရာဖီဇီရာမီလ်ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကြားက စကားစစ်ထိုး အားပြိုင်မှုတွေဟာ အတော်ကြီး ပြင်းထန်ခဲ့ကြပြီး နှစ်ဦးစလုံးက လက်ရှိ အစိုးရရဲ့ တချို့သော မူဝါဒတွေနဲ့ လုပ်ဆောင်ချက်တွေ ဝေဖန် ထောက်ပြခဲ့ကြပါတယ်။

မေလ ၂၃ ရက်နေ့မှာတော့ PKRရဲ့ ရွေးကောက်ပွဲ ကော်မတီ ဥက္ကဋ္ဌ ဇာလီဟာ မူစတာဖာက နူရူလ်ဟာ ပါတီတွင်း ထောက်ခံမဲ ၉၈၀၃ ခု ရခဲ့ပြီး ရာဖီဇီကတော့ ၃၈၆၆ မဲသာ ရခဲ့တယ် ဆိုတာကို ကြေညာခဲ့ပါတယ်။

အန်ဝါရဲ့ အကြီးဆုံး သမီးဖြစ်တဲ့ နူရူလ်ဟာ ပါတီရဲ့ ဌာနခွဲပေါင်း ၂၂၂ ခုထဲက ထက်ဝက်ကျော်ရဲ့ ခေါင်းဆောင်ပိုင်းဆီက ထောက်ခံမှုကို ရရှိထားတာကြောင့် ပါတီ ဒုတိယ အကြီးအကဲ နေရာအတွက် ကြိုတင် ရေပန်းစားနေခဲ့ပြီးသားပါ။ သူ့ရဲ့ တက်လှမ်းမှုက ဖခင်ဖြစ်သူရဲ့ အရိုက်အရာကို နောင်တစ်ချိန်မှာ ဆက်ခံမယ့်သူအဖြစ် ထင်ကြေးပေး ခံထားရတာတွေကို ပိုပြီး ခိုင်မာလာစေပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ပါတီ ဒုတိယ ဥက္ကဋ္ဌ နေရာအတွက် ပထမဆုံးအကြိမ် ပါဝင် ယှဉ်ပြိုင်မှုမှာတင်ပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ သူအနိုင်ယူခဲ့တဲ့ ရာဖီဇီဟာ လောလောဆယ် အန်ဝါဦးဆောင်တဲ့ အစိုးရထဲမှာ စီးပွားရေး ဝန်ကြီးအဖြစ် တာဝန်ယူထားသူပါ။

ပါတီ ဒုတိယ ဥက္ကဋ္ဌ နေရာအတွက် နူရူလ် ဝင်ရောက်ယှဉ်ပြိုင်မှုဟာ ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒမျိုး ဖြစ်နေတယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်ခဲ့ပေမယ့် အသက် ၄၄ နှစ်အရွယ် အမျိုးသမီးကတော့ ပယ်ချထားခဲ့ပါတယ်။

PKRဟာ ညွန့်ပေါင်းနိုင်ငံရေး အင်အားစုအဖြစ် စတင်ဖွဲ့စည်းချိန် ကတည်းက ဥက္ကဋ္ဌ နှစ်ဦးသာ ခန့်အပ်ခဲ့ဖူးပြီး တစ်ဦးက နူရူလ်ရဲ့ မိခင် ဒါတုခ်ဆာရီဝမ် အဇီဇာဖြစ်ပြီး နောက်တစ်ဦးကတော့ သူ့ရဲ့ဖခင် လက်ရှိ ဝန်ကြီးချုပ် အန်ဝါ ဖြစ်ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား အာဏာရ ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံက အဓိပတိ ကင်မ်ဂျုံအွန်းကို ပါတီခေါင်းဆောင်အဖြစ် ဆက်လက် ရွေးချယ် တင်မြှောက်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဂျပန်ဝန်ကြီးချုပ် စနအဲ တကအိချိရဲ့ ပါတီဟာ ကြားဖြတ် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရဖွယ် ရှိနေကြောင်း လူထုအမြင် စစ်တမ်းတွေက ညွှန်ပြနေပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ပဋိပက္ခတွေ ဆိုးသထက် ဆိုးမလာခင် သူဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံခေါင်းဆောင်တွေဆီ ဆက်သွယ် ဆွေးနွေးခဲ့တယ်လို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေအတွက် ကြိုတင် သတ်မှတ်ချက် တစ်ခုအဖြစ် တိုက်ခိုက်မှု အသစ်တွေ အစမပြုဖို့ တောင်းဆိုထားကြောင်း မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။