Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သဘာဝဘေးတွေကြောင့် ထိခိုက်နစ်နာမှု တန်ဖိုးက တစ်နှစ် ဒေါ်လာ ၂.၃ ထရီလီယံထိ မြင့်တက်လာ

သဘာဝ ကပ်ဘေးတွေကြောင့် ကမ္ဘာတလွှားမှာ ထိခိုက်ပျက်စီးမှုတွေနဲ့ နောက်ဆက်တွဲ ရေရှည် ဆုံးရှုံးမှုတွေ တန်ဖိုးက တစ်နှစ်ကို ဒေါ်လာ ၂.၃ ထရီလီယံကျော်ထိ မြင့်တက်လာကြောင်း သိရပါတယ်။

AFP

သဘာဝ ကပ်ဘေးတွေကြောင့် ကမ္ဘာတလွှားမှာ ထိခိုက်ပျက်စီးမှုတွေနဲ့ နောက်ဆက်တွဲ ရေရှည် ဆုံးရှုံးမှုတွေ တန်ဖိုးက တစ်နှစ်ကို ဒေါ်လာ ၂.၃ ထရီလီယံကျော်ထိ မြင့်တက်လာကြောင်း သိရပါတယ်။

ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ သဘာဝ ဘေးအန္တရာယ် လျှော့ချရေး သုံးသပ်ချက် အစီရင်ခံစာ (၂၀၂၅)အရ ဆယ်စုနှစ်တွေအတွင်း နှစ်အလိုက် ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ ဆက်တိုက် တိုးလာနေတာကို တွေ့ရှိခဲ့ရပါတယ်။

ဥပမာ ၁၉၇၀ ကနေ ၂၀၀၀ ပြည့်နှစ် အတောအတွင်း သဘာဝ ဘေးအန္တရာယ်တွေကြောင့် ထိခိုက်ပျက်စီးမှု ပမာဏဟာ နှစ်စဉ် ဒေါ်လာ ၇၀ ဘီလီယံနဲ့ ၈၀ ဘီလီယံကြားသာ ရှိခဲ့ပါတယ်။ ၂၀၀၁ ကနေ ၂၀၂၀ ပြည့်နှစ် အတောအတွင်းမှာတော့ အဲဒီ ကိန်းဂဏန်းတွေဟာ ဒေါ်လာ ၁၈၀ ဘီလီယံကနေ ၂၀၀ ဘီလီယံထိ တိုးပွားလာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်တုန်းက သဘာဝ ဘေးအန္တရာယ်တွေကြောင့် ကမ္ဘာတလွှားမှာ ရုပ်ဝတ္ထု ထိခိုက်ပျက်စီးမှု တန်ဖိုးဟာ ဒေါ်လာ ၁၉၅.၇ ဘီလီယံ ရှိခဲ့ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်စီးပွားတန်ဖိုး (GDP)ရဲ့ ၀.၀၁၅ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရေရှည်ထိခိုက်မှုနဲ့ တခြား သက်ရောက်မှုတွေကိုပါ စုပေါင်း တွက်ချက်ကြည့်ရင် ထိခိုက်ပျက်စီးမှု တန်ဖိုးဟာ ဒေါ်လာ ၂.၃ ထရီလီယံထိ များပြားနိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာတလွှားမှာ ပျက်စီးမှုတွေ အများဆုံး ပေါ်ပေါက်စေတဲ့ ကြီးငါးကြီး သဘာဝ ဘေးအန္တရာယ်တွေကတော့ ငလျင်၊ ရေကြီးမှု၊ မုန်တိုင်း၊ မိုးခေါင်မှုနဲ့ အပူလှိုင်းဖြတ်မှုတွေပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း တစ်ကမ္ဘာလုံးမှာ ကြုံတွေ့ခဲ့တဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်ပျက်စီးမှု စုစုပေါင်းရဲ့ ၉၅ ရာခိုင်နှုန်းဟာ အဲဒီ ကြီးငါးကြီး ဂယက်ကြောင့် ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်တုန်းက ပါကစ္စတန်မှာ ရေကြီးမှုတွေကြောင့် လူ ၁၇၀၀ ကျော် သေဆုံးခဲ့ပြီး အပျက်အစီးတန်ဖိုး ဒေါ်လာ ၃၀ ဘီလီယံကျော် ရှိခဲ့ပါတယ်။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု အရှိန်ပိုမြင့်လာတာနဲ့အမျှ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်မှုလည်း ပိုမို ထူထပ် များပြားလာနိုင်ကြောင်း အစီရင်ခံစာက သတိပေးထားပါတယ်။ အခုအစီရင်ခံစာဟာ ၂၀၂၃ ခုနှစ်ထိ အခြေအနေတွေကိုပဲ ဆန်းစစ် လေ့လာထားသေးတာ ဖြစ်တာကြောင့် ၂၀၂၅ မှာ လှုပ်ခတ်တဲ့ စစ်ကိုင်းငလျင်လို သဘာဝ ကပ်ဘေးတွေရဲ့ ထိခိုက်ပျက်စီးမှု အတိုင်းအတာကို ထည့်တွက်မထားသေးပါဘူး။

၁၉၇၀ ကနေ ၂၀၂၃ ခုနှစ် အတောအတွင်း ငလျင်တွေကြောင့်ချည်း ထိခိုက်ပျက်စီး ဆုံးရှုံးမှု ပမာဏဟာ ဒေါ်လာ ၁.၅၉ ထရီလီယံ ရှိခဲ့ပြီး ရေကြီးတာ၊ မုန်တိုင်းတိုက်တာ၊ မိုးခေါင်တာ၊ အလွန်အမင်း ပူပြင်းတာတွေကြောင့် ထိခိုက်ပျက်စီးမှုဟာ ဒေါ်လာ ၅.၁၈ ထရီလီယံဖိုး ရှိခဲ့တယ်လို့ သိရပါတယ်။ တခြား သဘာဝ ဘေးအန္တရာယ်တွေကြောင့် ပျက်စီးမှု အတိုင်းအတာကတော့ ဒေါ်လာ ၁၀၀ ဘီလီယံဖိုးလောက်ထိ များပြားခဲ့ပါတယ်။

၂၀၀၀ ကနေ ၂၀၂၃ ခုနှစ်ထိ အတောအတွင်း သဘာဝ ဘေးအန္တရာယ်တွေကြောင့် သေဆုံးသူ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ကြီးငါးကြီးကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၉၀ ပြည့်နှစ်ကစလို့ ကမ္ဘာတလွှားမှာ အနည်းဆုံး လူ ၅၀၀၀၀ သေတဲ့ ငလျင် ၁၂ ခု လှုပ်ခတ်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

ကိုးကား: Dawn

ဆက်စပ်သတင်းများ

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

သတင်း

ရက္ခိုင်ပြည်အတွင်း သဘာ၀ဘေးကြုံနေရချိန် စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို ကောင်းစွာ မှတ်တမ်းတင်ထားပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။