Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ အရှေ့မြောက်ပိုင်းမှာ ရေကြီးမှုတွေကြောင့် လူ ၃၀ ကျော် သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွေမှာ ဆိုးရွားတဲ့ ရေကြီးမှုတွေ၊ နောက်ဆက်တွဲ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

Reuters

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွေမှာ ဆိုးရွားတဲ့ ရေကြီးမှုတွေ၊ နောက်ဆက်တွဲ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၂ ရက်နေ့ထိ အခြေအနေအရ ရေဘေးသင့် ဒေသတွေမှာ အသေအပျောက် ၃၄ ဦးထက်မနည်းထိ မြင့်တက်လာပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ မိုးလေဝသဌာနက လာမယ့် ရက်ပိုင်းတွေမှာလည်း မိုးသည်းသည်းထန်ထန် ဆက်လက် ရွာသွန်းနေပြီး အခြေအနေ ပိုဆိုးလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

သဘာဝ ရှုခင်းတွေ လှပမှုကြောင့် နာမည်ကျော်တဲ့ ဟိမဝန္တာ တောင်ခြေဒေသ တစ်ခုဖြစ်တဲ့ ဆစ်ကင်းပြည်နယ်မှာတော့ ကမ္ဘာလှည့်ခရီးသွား ၁၀၀၀ လောက် ပိတ်မိနေခဲ့တဲ့အတွက် အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ပေးခဲ့ရပါတယ်။

မက်ဟာလာယာ ပြည်နယ်တစ်ခုတည်းမှာတင် အိန္ဒိယစစ်တပ်ရဲ့ ကယ်ဆယ်ရေး အဖွဲ့ဟာ ရေဖုံးနေတဲ့ နေရာတွေမှာ ဒုက္ခရောက်နေသူ ၅၀၀ ကျော်ကို ကယ်ဆယ်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း ဆဲလ်ဟတ် ပြည်နယ်ထဲမှာ တောင်ကျရေတွေကြောင့် မြေပြိုခဲ့တဲ့အတွက် မိသားစု တစ်ခုတည်းက လူ ၄ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အိန္ဒိယနည်းတူ ဘင်္ဂလားဒေ့ရှ်မှာလည်း နောက်ထပ် ရေကြီးမှု၊ မြေပြိုမှု ဖြစ်နိုင်ခြေ အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားပြီး တောင်စောင်းတွေ၊ မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေကို ကြိုတင် ရွှေ့ပြောင်းဖို့ ဆော်ဩထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်တွေဟာ နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးမှု၊ မြေပြိုမှုတွေနဲ့ နပန်းလုံးရလေ့ရှိပြီး ရာသီဥတုဒဏ်ကို လူတွေ သန်းနဲ့ချီပြီး သက်ရောက် ခံစားကြရပါတယ်။

အိန္ဒိယရဲ့ အာသံ ပြည်နယ်ထဲမှာတော့ အဓိက အဝေးပြေး လမ်းမကြီးတချို့ ရေဖုံးသွားပြီး သစ်ပင်တွေကလည်း လမ်းမတွေပေါ်မှာ အလဲလဲ အပြိုပြို ဖြစ်နေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယအရှေ့မြောက်ပိုင်း နယ်မြေတွေနဲ့ ဆက်စပ်နေရာ မြန်မာဖက်ခြမ်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရေကြီးတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

Facebook