Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ စျေးဆိုင်ထဲ ဝင်လာတဲ့ တောဆင်ရိုင်းကြီးကြောင့် အထိတ်တလန့်ဖြစ်

ထိုင်းနိုင်ငံမှာ တောဆင်ရိုင်းကြီး တစ်ကောင်က စျေးဆိုင်ငယ် တစ်ခုထဲ ဝင်ရောက် မွှေနှောက်ပြီး အစာရှာခဲ့တာကြောင့် ဆိုင်ရှင်ရော၊ အနီးတဝိုက်မှာ နေထိုင်သူတွေပါ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ တောဆင်ရိုင်းကြီး တစ်ကောင်က စျေးဆိုင်ငယ် တစ်ခုထဲ ဝင်ရောက် မွှေနှောက်ပြီး အစာရှာခဲ့တာကြောင့် ဆိုင်ရှင်ရော၊ အနီးတဝိုက်မှာ နေထိုင်သူတွေပါ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။

ပက်ခ်ချောင်း ခရိုင်ထဲက ခေါင်ယိုင် အမျိုးသား ဥယျာဉ်နားမှာ ဖွင့်ထားတဲ့ စျေးဆိုင်လေး တစ်ခုကို ဇွန်လ ၂ ရက်နေ့ ညနေပိုင်းတုန်းက မဖိတ်ခေါ်တဲ့ ဧည့်သည်က ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆိုင်ဟာ အမျိုးသား ဥယျာဉ် ဝင်ပေါက်နဲ့ ၁ ကီလိုမီတာလောက် အကွာမှာ တည်ရှိပါတယ်။

သစ်တော အရာရှိတွေက ပလိုင်ဘိုင်လက်ခ်လို့ နာမည်ပေးထားတဲ့ ဆင်ကြီးဟာ ဆိုင်ထဲမှာ ဖောက်သည်တွေ ရှိနေတဲ့ အချိန်မှာပဲ ခပ်တည်တည် ဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဆင်ကြီးရဲ့ ခန္ဓာကိုယ်က ကြီးလွန်းတာကြောင့် ကျောကုန်းဟာ ဆိုင်မျက်နှာကျက်နဲ့ ထိလုနီးပါး ဖြစ်နေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဆင်ကြီးကို တွေ့တာနဲ့ ဆိုင်ရှင်ရော၊ ဝယ်သူတွေပါ အထိတ်တလန့် ထွက်ပြေးခဲ့ကြပါတယ်။ ဒါပေမဲ့ ပလိုင်ဘိုင်လက်ခ်ဟာ သူတို့ကို ရန်မလုပ်ခဲ့ဘဲ ဆိုင်ထဲမှာ စားစရာ ဘာရှိမလဲ ဆိုတာကိုပဲ စိတ်ဝင်တစား ရှာဖွေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ရှင်နဲ့ သစ်တော အရာရှိတွေက ဆင်ကြီးကို ခြောက်လှန့် မောင်းထုတ်ဖို့ အသံပေး အော်ဟစ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဆင်ကြီးက ဆိုင်ရဲ့ ကုန်ပစ္စည်း တင်ထားတဲ့ နေရာတွေကို နှာမောင်းနဲ့ စမ်းပြီး စားစရာ ရှာဖွေခဲ့ပါတယ်။

၁၀ မိနစ်လောက် စိတ်တိုင်းကျ မွှေပြီးတဲ့အခါမှာတော့ ပလိုင်ဘိုင်လက်ခ်ဟာ တောထဲကို ခပ်တည်တည်နဲ့ ပြန်ထွက်သွားပါတော့တယ်။ အခုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ ထိုင်းမီဒီယာ တချို့ကတော့ ဒီဖြစ်ရပ်ကို စျေးဝယ်ထွက်ခဲ့တဲ့ တောဆင်ရိုင်းကြီးလို့ အရွှန်းဖောက်ပြီး ဖော်ပြခဲ့ပါတယ်။

ဆိုင်ရှင်ကတော့ သူ့ဆိုင်ကို ပြန်ပြင်ဖို့ ဘတ် ၁၀၀၀ လောက် ကုန်ကျမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါဟာ အတော်လေး နည်းပါးတဲ့ အပျက်အစီး ပမာဏလို့ ဆိုနိုင်ပြီး ကံအကြောင်းမလှရင် ဒီထက်အများကြီး အကုန်အကျ များသွားခဲ့ဖွယ် ရှိတယ်လို့ သူက ပြောကြားသွားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။