Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲ ကျင်းပမယ့် ကာလကို ဘင်္ဂလားဒေ့ရှ် ကြေညာ

ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲ ကျင်းပမယ့် ကာလကို ယာယီ အစိုးရက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

Reuters

ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲ ကျင်းပမယ့် ကာလကို ယာယီ အစိုးရက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လမှာ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုအုံကြွမှု တစ်ခုကြောင့် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ အစိုးရ ပြုတ်ကျသွားချိန် ကတည်းက နိုင်ငံကို ဦးဆောင်နေတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနွတ်စ်ရဲ့ ယာယီ အစိုးရဟာ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို သတ်သတ်မှတ်မှတ် ကြေညာပေးဖို့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေရဲ့ ဖိအားပေးမှုကို ခံနေခဲ့ရပါတယ်။

ယူနွတ်စ်ကတော့ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲရေး အစီအမံတွေ ရုပ်လုံးပေါ်မလာခင် ရွေးကောက်ပွဲကို အဆောတလျင် ကျင်းပတာဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် မဖြစ်နိုင်ဘူးလို့ ပြောကြားထားပါတယ်။ ဒါပေမဲ့ ဇွန်လ ၆ ရက်နေ့မှာတော့ သူ့ရဲ့ အစိုးရဟာ ရွေးကောက်ပွဲ ကျင်းပမယ့် လျာထားကာလကို အတည်ပြု ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်၊ ဧပြီလမှာ နိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ယူနွတ်စ်က ပြောပါတယ်။ လက်ရှိ အကောင်အထည် ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေး အစီအမံတွေကို ပြန်လည် သုံးသပ်ပြီးတဲ့နောက် လာမယ့်ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဧပြီလမှာ ကျင်းပမယ်လို့ ပြည်သူလူထုကို အသိပေး ကြေညာလိုက်ကြောင်း ယူနွတ်စ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လူဦးရေ ၁၇၃ သန်းရှိတဲ့ နိုင်ငံမှာ ရွေးကောက်ပွဲ မဲပေးမှုဆိုင်ရာ လမ်းပြမြေပုံနဲ့ တခြားလိုအပ်တဲ့ လမ်းညွှန်ချက်တွေကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပေးသွားမယ်လို့လည်း ယူနွတ်စ်က ဆက်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ဦးဆောင်တဲ့ အတိုက်အခံတွေကတော့ ရွေးကောက်ပွဲကို ဒီထက် အချိန်စော ကျင်းပသင့်တယ်လို့ ဝေဖန်ပြီး အခုနှစ် ဒီဇင်ဘာလ မကုန်ခင် ရွေးကောက်ပွဲတွေ မကျင်းပနိုင်ရင် ယာယီ အစိုးရဟာ ပြည်သူလူထုရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရပြီး နိုင်ငံ မတည်မငြိမ် ဖြစ်လာနိုင်ကြောင်း ပြောကြားထားပါတယ်။

BNPရဲ့ ခေါင်းဆောင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာဟာ အဂတိ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးပေမယ့် ၂၀၀၈ ခုနှစ်မှာ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ပြီး ဖြစ်တာကြောင့် ရွေးကောက်ပွဲ ပြန်ဝင်ခွင့် ရှိနေပြီး အနိုင်ရဖို့လည်း ရေပန်းစားနေပါတယ်။

ယူနွတ်စ်ရဲ့ ယာယီ အစိုးရဟာ ဟာဆီနာ ဦးဆောင်ခဲ့တဲ့ အေဝါမီ အဖွဲ့ချုပ် ပါတီကိုတော့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအောက်ကနေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့် အားလုံးကို တားဆီး ပိတ်ပင်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ကာလရှည်ကြာ အုပ်ချုပ်ခဲ့သူ ဟာဆီနာဟာ နိုင်ငံစီးပွားရေး တိုးတက်မှုတွေကို ဆောင်ကြဉ်းပေးနိုင်တဲ့အတွက် ချီးကျူး ခံခဲ့ရပေမယ့် အတိုက်အခံတွေကို ဖမ်းဆီးထောင်ချတာ၊ ဖိနှိပ်တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အတော်လေး နာမည်ပျက်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဟာဆီနာဟာ အိန္ဒိယ နိုင်ငံမှာ ခိုလှုံနေရဆဲ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယုံကြည်ရတဲ့ ပိုင်ဆိုင်မှု အစုစု တန်ဖိုး ဒေါ်လာ ၆.၂ ဘီလီယံလောက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက သိမ်းယူလိုက်ပါတယ်။