Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန ရှေ့မှာ လူရာနဲ့ချီ စုဝေး ဆန္ဒပြ

လော့စ်အန်ဂျလိစ်မြို့မှာ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး နယူးယောက်မြို့မှာရှိတဲ့ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE)ရဲ့ ဌာနချုပ်ရှေ့မှာ လူတွေ ရာနဲ့ချီ စုဝေး ဆန္ဒပြခဲ့ပါတယ်။

The New York Times

လော့စ်အန်ဂျလိစ်မြို့မှာ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး နယူးယောက်မြို့မှာရှိတဲ့ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE)ရဲ့ ဌာနချုပ်ရှေ့မှာ လူတွေ ရာနဲ့ချီ စုဝေး ဆန္ဒပြခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ ICEဟာ တရားမဝင် ရွှေ့ပြောင်း အခြေချမှုတွေကို ပိုပြီး အင်တိုက်အားတိုက် ဖြိုခွင်းဖို့ ကြိုးစားလာနေပြီး အဲဒီအတွက်လည်း ဌာနချုပ်နဲ့ မိုင် ၂၄၀၀ လောက် ကွာဝေးတဲ့ လော့စ်အန်ဂျလိစ်မှာ ပြဿနာတွေ ဖြစ်စေခဲ့ပါတယ်။

ICE အေးဂျင့်တွေက လော့စ်အန်ဂျလိစ် မြို့လယ် ရပ်ကွက်နှစ်ခုမှာ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ဝင်ရောက် ဖမ်းဆီးရာက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဆန္ဒပြပွဲတွေ စတင် ဖြစ်ပွားလာပြီး နောက်ဆက်တွဲ ဆူပူသောင်းကျန်းမှုတွေပါ ပေါ်ပေါက်လာပါတယ်။ အဲဒီအတွက် လော့စ်အန်ဂျလိစ်မှာ လောလောဆယ် ညမထွက်ရ အမိန့် ထုတ်ပြန်ထားပြီး သမ္မတ ထရမ့်ကလည်း ICEအေးဂျင့်တွေကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ထဲမှာ အမေရိကန် စစ်တပ်ရဲ့ အရန်တပ်တွေ ဖြန့်ကျက်ထားသလို မရိန်းတပ်ဖွဲ့ဝင်တွေကိုပါ စေလွှတ်ထားပါတယ်။

လော့စ်အန်ဂျလိစ်က ကိစ္စတွေကြောင့် အမေရိကန်ရဲ့ တခြားမြို့ကြီးတွေမှာပါ ICEနဲ့ သမ္မတ ထရမ့်ရဲ့ မူဝါဒပိုင်းကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပါတယ်။ ဇွန်လ ၁၀ ရက်နေ့ကတော့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ နယူးယောက်မှာရှိတဲ့ ICE ရုံးချုပ်ရှေ့ဆီကို စုဝေး ချီတက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူတို့တွေဟာ ‘နယူးယောက်ကနေ ICE ထွက်သွား’ဆိုတဲ့ အဝါရောင်တောက်တောက် စာတန်းတွေကို အင်္ဂလိပ်၊ စပိန် နှစ်ဘာသာနဲ့ ရေးထိုးပြီး ကိုင်ဆောင်လာခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဆန္ဒပြသူတွေထဲက တချို့ဟာ အခြေအနေကို စောင့်ကြည့်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရန်စောင်ခဲ့ကြပြီး အဓိကရုဏ်း နှိမ်နင်းရေး ကိရိယာတွေ တပ်ဆင်ထားတဲ့ ရဲတွေဟာ ဘေးတစ်ဖက်တစ်ချက်မှာ ဖြန့်ကျက်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို ဘောင်ကျော်ပြီး ထရမ့်က လော့စ်အန်ဂျလိစ်မြို့ဆီ စစ်တပ်တွေ စေလွှတ်ခဲ့ခြင်းက သူနဲ့ ICEအပေါ် နိုင်ငံအနှံ့မှာ ဆန့်ကျင်ရပ်တည်မှုတွေ ပိုမို တိုးပွားလာစေခဲ့ပါတယ်။

လော့စ်အန်ဂျလိစ်မှာ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို နယူးယောက်သာ မကဘဲ ဆီယက်တဲလ်၊ ဆန်ဖရန်ဆစ္စကို၊ ဝါရှင်တန်ဒီစီ၊ အော်စတင်၊ ချီကာဂိုတို့လို မြို့ကြီးတွေမှာပါ ICE ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အတိုက်အခံ ဒီမိုကရက်တစ် ပါတီဝင် တစ်ဦးဖြစ်ပေမယ့်လည်း လူဝင်မှု ကြီးကြပ်ရေး မူဝါဒအပိုင်းမှာ ထရမ့်ကို ထောက်ခံတဲ့ သဘောထားမျိုး ရှိနေသူ နယူးယောက် မြို့တော်ဝန် အဲရစ် အဒမ်က ထရမ့်ဟာ လော့စ်အန်ဂျလိစ်လိုမျိုး နယူးယောက်ကိုပါ မရိန်းတပ်ဖွဲ့ဝင်တွေ စေလွှတ်မယ်လို့တော့ မထင်ကြောင်း ပြောကြားသွားပါတယ်။

နယူးယောက်မှာ ဇွန်လ ၁၀ ရက်နေ့ ချီတက်ပွဲ မတိုင်ခင် ကတည်းကလည်း ပိုမိုသေးငယ်တဲ့ ဆန္ဒပြမှုတွေ ရှိနှင့်ခဲ့ပြီး တချို့အခြေအနေတွေမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။